Move Foward ပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ ခုံရုံး ဆုံးဖြတ်

International News
Move Foward ပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ ခုံရုံး ဆုံးဖြတ်

ပီတာ လင်ဂျာရိုရတ်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦး နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်အပိတ်ခံရ

Move Foward ပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံ ခုံရုံး ဆုံးဖြတ်ဓာတ်ပုံ ရင်းမြစ်,Reuters
ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒီ Move Fowrard ကို ဖျက်သိမ်းဖို့ ထိုင်းဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်နဲ့ ပါတီက နောက်ထပ် ထိပ်တန်းခေါင်းဆောင် ၁၀ ဦးကိုလည်း နိုင်ငံရေး လုပ်ခွင့် ၁၀ နှစ် ပိတ်ပင်လိုက်ပါတယ်။

ပါတီဟာ တော်ဝင် အသရေဖျက်မှု ဥပဒေတွေကို ပြောင်းလဲမယ်လို့ ကတိပေးခဲ့တာတွေဟာ ဖွဲ့စည်းပုံကို ချိုးဖောက်မှုဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ခုံရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဖွဲ့စည်းပုံ ခုံရုံးကနေ အခုလို ဆုံးဖြတ်နိုင်ခြေကိုလည်း အများစုက မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။

တရားရုံးကတော့ ဥပဒေတွေကို ပြောင်းလဲဖို့ ကြိုးစားတာဟာ စည်းမျဥ်းခံဘုရင်စနစ်ကို ဖျက်ဆီးဖို့ တိုက်တွန်းရာလည်း ရောက်တယ်လို့ ပြောပါတယ်။

ဒီက‌နေ့ တရားရုံးဆုံးဖြတ်ချက်ဟာ ရွေးကောက်ခံမဟုတ်တဲ့ အင်စတီကျူးရှင်တွေအနေနဲ့ ဘုရင်စနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဘယ်လောက်အထိလုပ်ဆောင်မယ်ဆိုတာကိုလည်း ပြသရာရောက်နေပါတယ်။

ဒါပေမဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ ထိုင်း နိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို အဆုံးသတ်သွားရာတော့ ရောက်မှာမဟုတ်ပါဘူး။

ကျန်နေသေးတဲ့ Move Forward ပါတီက ရွေးကောက်ခံ အမတ် ၁၄၂ ဦးဟာ မှတ်ပုံတင်ထားတဲ့နောက်ထပ် ပါတီတစ်ခုကို ပြောင်းကြပြီး အတိုက်အခံအဖြစ်နဲ့ လွှတ်တော်မှာ ဆက်ရှိနေကြဦးမှာဖြစ်ပါတယ်။

ရေးသားသူ –BBc Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...