စဉ်ဆက်မပြတ် လည်ပတ်နိုင်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံးကုမ္ပဏီ

International News Knowledge
စဉ်ဆက်မပြတ် လည်ပတ်နိုင်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံးကုမ္ပဏီ

ဂျပန်နိုင်ငံမှာ တည်ထောင်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီဟာ စဉ်ဆက်မပြတ် လည်ပတ်နိုင်ခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံးကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဗုဒ္ဓဘုရားကျောင်းတွေ တည်ဆောက်ရာမှာ အထူးကျွမ်းကျင်တဲ့ တောင်ကိုရီးယားလက်သမားက ၅၇၈ ခုနှစ်မှာ Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီကို စတင်တည်ထောင်ခဲ့ဖြစ်ပြီး အဲဒီအချိန်ကစလို့ ၁၄၄၆ နှစ်တိုင်တိုင် စဉ်ဆက်မပြတ် လည်ပတ်ခဲ့တာပါ။

ဂျပန်နိုင်ငံမှာ တာအိုဘာသာကို အဓိကကိုးကွယ်ကြပေမဲ့ ၆ ရာစုနှောင်းပိုင်းကစလို့ ဗုဒ္ဓဘာသာ စတင်ပြန့်ပွားလာခဲ့ပြီး ဗုဒ္ဓဘုရားကျောင်း တည်ထားကိုးကွယ်ရေးက အရေးကြီးတဲ့လုပ်ဆောင်မှုတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာ ဗုဒ္ဓဘုရားကျောင်းမှာ တည်ဆောက်နိုင်တဲ့ လက်သမားမရှိပါဘူး။ အဲဒါကြောင့် ဗုဒ္ဓဘုရားကျောင်းတည်ဆောက်ဖို့ ကိုရီးယားကျွန်းဆွယ်မှ လက်သမားဆရာ သုံးယောက်ကို ဂျပန်နိုင်ငံထံ ဖိတ်ခေါ်ခဲ့ပါတယ်။


ဂျပန်နိုင်ငံရဲ့ ပထမဆုံးဗုဒ္ဓဘုရားကျောင်းဖြစ်တဲ့ ရှီတန်နိုဂျီဘုရားကျောင်းကို တည်ဆောက်ခဲ့တဲ့ လက်သမားသုံးဦးအနက် တစ်ယောက်က Kongo Gumi ဆောက်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။ ရှီတန်နိုဂျီဘုရားကျောင်းတည်ဆောက်ရေးမှတ်တမ်းတွေကို ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံးမှတ်တမ်းဖြစ်တဲ့ ဂျပန်ခရိုနီကယ်မှာ ရေးသားထားတာကြောင့် ဂျပန်နိုင်ငံရဲ့ စဉ်ဆက်မပြတ် လည်ပတ်နိုင်တဲ့ သက်တမ်းအရင်ဆုံးကုမ္ပဏီအဖြစ် တရားဝင်သတ်မှတ်နိုင်ခဲ့တာပါ။

၅၉၃ ခုနှစ်မှာ ရှီတန်နိုဂျီဘုရားကျောင်း တည်ဆောက်ပြီးစီးတဲ့နောက်မှာလည်း Kongo Gumi ကုမ္ပဏီက နောက်ထပ် ဗုဒ္ဓဘုရားကျောင်းတွေ တည်ဆောက်တာ၊ ပြင်ဆင်မွမ်းမံတာ အစရှိတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ Kongo Gumi ကုမ္ပဏီဟာ လက်သမားတွေရဲ့ လက်ရာမြောက်မှုနဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ စီမံခန့်ခွဲမှု ကောင်းမွန်တဲ့အတွက် အခုလို အချိန်ကြာကြာ ရပ်တည်နိုင်ခဲ့တာဖြစ်မယ်လို့ ရှီဇူအိုကာအနုပညာနဲ့ ယဉ်ကျေးမှုတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဟိုက်ဒဲခဇုဆိုနီက ဆိုပါတယ်။

၁၄၄၆ ခုနှစ်ကြာမြင့်တဲ့ သမိုင်းကြောင်းမှာ Kongo Gumi ကုမ္ပဏီဟာ ကွန်ဂိုမျိုးဆက် ၄၀ တိုင်တိုင် လက်ဆင့်ကမ်းလာခဲ့ပြီး မိသားစုအစဉ်အလာအရ ကုမ္ပဏီအကျိုးကိုသာ ရှေးရှုခဲ့ကြပါတယ်။ အမျိုးသား လက်သမားမျိုးဆက် ပြတ်သွားချိန်မှာတောင် ကွန်ဂိုမျိုးဆက်ရဲ့ အမျိုးသမီးတွေက နာမည်ကျော်လက်သမားတွေနဲ့ စီမံခန့်ခွဲသူတွေကို လက်ထပ်ပြီး ကုမ္ပဏီဆက်လက်တည်တံ့အောင် ကြိုးပမ်းခဲ့ကြတာပါ။ ဒီနေ့အချိန်အထိလည်း ကွန်ဂိုမျိုးဆက်ဝင် လက်သမားတွေဟာ လက်သမားအသိုင်းအဝိုင်းကြားမှာ ရိုသေလေးစားမှုခံနေရဆဲပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...