အိမ်ထောင်မပြုသေးဘူးလားဆိုပြီး ခဏခဏ လာမေးသူကို အင်ဒိုနီးရှား အမျိုးသားတစ်ဦး ရိုက်thetခဲ့

International News
အိမ်ထောင်မပြုသေးဘူးလားဆိုပြီး ခဏခဏ လာမေးသူကို အင်ဒိုနီးရှား အမျိုးသားတစ်ဦး ရိုက်thetခဲ့

အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားတစ်ဦးဟာ အိမ်ထောင်မပြုသေးဘူးလားဆိုပြီး ခဏခဏ လာမေးနေတဲ့ သူ့ရဲ့အိမ်နီးချင်းကို thetပစ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဇူလိုင်လ ၂၉ ရက်က မြောက်ပိုင်းဆူမားတြားပြည်နယ်၊ တောင်ပိုင်းတာပါနူလီဒေသမှာ ဖြစ်ပွားခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။

သေဆုံးသူဟာ အီရီယန်တိုလို့ အမည်ရတဲ့ ပြည်သူ့ဝန်ထမ်း(ငြိမ်း)တစ်ဦးဖြစ်တယ်လို့ ဒေသဆိုင်ရာ ဒုတိယရဲမင်းကြီးက ပြောပါတယ်။ ဆိုင်ရီဂါလို့ အမည်ရသူဟာ ဇူလိုင်လ ၂၉ ရက်ည ၈ နာရီအချိန်မှာ တုတ်တစ်ချောင်းကိုင်ကာ ရောက်ချလာပြီး မပြောမဆို ရိုက်နှက်ခဲ့တာလို့ thayဆုံးသူရဲ့ ဇနီးသည်က ဆိုပါတယ်။

အီရီယန်တိုက လမ်းပေါ်ထွက်ပြေးခဲ့ပေမဲ့ ဆိုင်ရီဂါက နောက်ကနေ ပြေးလိုက်ပြီး ခေါင်းကို ရိုက်ခဲ့လို့ လဲကျသွားခဲ့ပါတယ်။ အီရီယန်တို လဲကျပြီးနောက်မှာလည်း ဆိုင်ရီဂါက ထပ်ရိုက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ ပတ်ဝန်းကျင်မှ လူတွေက ဆိုင်ရီဂါကို ဝိုင်းဆွဲပြီး အီရီယန်တိုကို ဆေးရုံပို့ခဲ့ပေမဲ့ ဆေးရုံမရောက်ခင် လမ်းမှာပဲ thayဆုံးသွားခဲ့တာလို့ ဒုတိယရဲမင်းကြီးက ဆိုပါတယ်။

အီရီယန်တိုက သူ့ကိုတွေ့တိုင်း အိမ်ထောင် မပြုသေးဘူးလား၊ ဘာလို့ အိမ်ထောင်မပြုသေးတာလဲဆိုပြီး ခဏခဏ မေးနေတာကို သည်းမခံနိုင်တော့လို့ အခုလို ရိုက်thetဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုင်ရီဂါက ထွက်ဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီဖြစ်ရပ်မတိုင်ခင်တုန်းကလည်း သူတို့မွေးထားတဲ့ ကြက်တွေ ခြံမှားပြီး ရောက်နေတဲ့ကိစ္စကြောင့် စကားများခဲ့ဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...