ဖာရာရီကားထက် ဈေးပိုကြီးတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး မီးခြစ်

Knowledge
ဖာရာရီကားထက် ဈေးပိုကြီးတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး မီးခြစ်

ရွှေသား ၄၀၀ ဂရမ်ရှိပြီး နီလာကျောက် ၁၅၂ လုံး စီခြယ်ထားတဲ့ Louis XIII Fleur de Parme မီးခြစ်ကတော့ ဖာရာရီကားထက်တောင် ဈေးပိုကြီးပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး မီးခြစ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ပြင်သစ်သမိုင်းကို အလွန်စိတ်ဝင်စားတဲ့ ဟောင်ကောင်ဘီလျံနာ စတီဗင်ဟန်ရဲ့ တောင်းဆိုချက်အရ တန်ဖိုးကြီးပစ္စည်းတွေ ထုတ်လုပ်တဲ့ ပြင်သစ်ကုမ္ပဏီ S.T. Dupont က ဒီမီးခြစ်ကို ဖန်တီးခဲ့တာပါ။ ပြင်သစ်ယဉ်ကျေးမှုနဲ့သမိုင်းကို နှံ့နှံ့စပ်စပ်သိတဲ့ ပညာရှင် ၈၀ ဦး ပါဝင်တဲ့အဖွဲ့က လူဝီ ၁၃ ဘုရင်ရဲ့မျိုးဆက်ဖြစ်တဲ့ မင်းသမီး ဘာဘွန်းပါမီနဲ့ ပူးပေါင်းပြီး ၆ လကြာ အချိန်ယူ ပုံဖော်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

လူဝီ ၁၃ ဘုရင်လက်ထက် အနုပညာလက်ရာမျိုး ဖန်တီးထားတာဖြစ်ပြီး အောက်ခံခုံပေါ်မှာ ဘုရင့်သရဖူကို တင်ထားသလို ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ မီးခြစ်မှာ ထည့်သွင်းစီခြယ်ထားတဲ့ နီလာကျောက် ၁၅၂ လုံးကတော့ ၄၁ ကာရက်ရှိပါတယ်။

၂၀၁၃ ခုနှစ်မှာ မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅ သိန်း တန်ကြေးရှိတဲ့ ဒီမီးခြစ်က ကမ္ဘာ့တန်ဖိုးအကြီးဆုံး မီးခြစ်အဖြစ် ဂင်းနက်စ်စံချိန်မှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိလည်း အဲဒီစံချိန်ကို ဆက်ထိန်းထားဆဲပါ။ LOUIS XIII Fleur de Parme မီးခြစ်က ကျော်ကြားလွန်းတဲ့အတွက် S.T. Dupont ကုမ္ပဏီက ပုံစံတူ မီးခြစ်ငယ် ၃၁ လုံး ထုတ်လုပ်ခဲ့ပြီး မီးခြစ်တစ်လုံးကို အမေရိကန်ဒေါ်လာ ၁၅၉၀၀ နှုန်းနဲ့ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...