၃၈ နှစ်အရွယ်မှာ ဘိုးဘွားရိပ်သာ သွားနေတဲ့ တရုတ်အမျိုးသမီး

Local News
၃၈ နှစ်အရွယ်မှာ ဘိုးဘွားရိပ်သာ သွားနေတဲ့ တရုတ်အမျိုးသမီး

တရုတ်နိုင်ငံမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အလုပ်ပင်ပန်းလွန်းလို့ နာမကျန်းဖြစ်ခဲ့ပြီးနောက် ပြိုင်ဆိုင်မှုများလွန်းလို့ လူနေမှုဘဝကို စွန့်လွှတ်ပြီး ဘိုးဘွားရိပ်သာမှာ သွားရောက်နေထိုင်လျက်ရှိပါတယ်။ ယန်းဟာ ရုပ်ရှင်လောကမှာ ဇာတ်ညွှန်းရေးဆရာအဖြစ် ၁၁ နှစ်ကြာ ကျင်လည်ခဲ့သူဖြစ်ပြီး နားချိန်မရှိတဲ့အထိ အလုပ်များလွန်းတဲ့ကြောင့် ကျန်းမာရေးထိခိုက်ခဲ့ပြီး အခုနှစ်အစောပိုင်းမှာ ဆေးရုံ တက်ခဲ့ရပါတယ်။

နားနားနေနေ မနေရင် ကျန်းမာရေးပိုဆိုးလာနိုင်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပြီးနောက်မှာတော့ ယန်းက ပေါ့ပေါ့ပါးပါး နေထိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ့မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီးနောက် အခြားရင်းနှီးတဲ့ဆွေမျိုးသားချင်းလည်း မရှိတဲ့အတွက် နေထိုင်ဖို့နေရာ ရှာဖွေရင်း အင်တာနက်ပေါ်ကမှတစ်ဆင့် ဘိုးဘွားရိပ်သာမှာ နေထိုင်ဖို့ အကြံရခဲ့တာပါ။

” ဘိုးဘွားရိပ်သာမှာ နေရတဲ့အကြောင်းရင်း နှစ်ရပ် ရှိပါတယ်။ လူတွေပြောကြသလို ဘိုးဘွားရိပ်သာက တကယ်ပျင်းဖို့ကောင်းသလားဆိုတာ ကျွန်မ သိချင်တယ်၊ အရမ်းစိတ်ဝင်စားတယ်။ နောက်တစ်ချက်ကတော့ ကျွန်မကျန်းမာရေးနဲ့ဆိုင်ပါတယ်။ ကျန်းမာရေးမကောင်းတော့ ဆေးဝါးကုသခွင့်နဲ့ ကျန်းမာအောင် စားသောက်နေထိုင်ခွင့်ရမယ့် နေရာကို ရွေးချယ်တဲ့သဘောပါ” လို့ ယန်းက ဆိုပါတယ်။

ယန်းဟာ လွန်ခဲ့တဲ့ ၃ လလုံးလုံး ဘိုးဘွားရိပ်သာမှာ နေထိုင်ခဲ့ပြီး စာရေး၊ စာဖတ်တာ၊ ဘိုးဘွားတွေနဲ့ စကားပြောရင်း အချိန်ကုန်ခဲ့ပါတယ်။ ဒီနေရာဟာ သူ့အတွက် ဘဝအမြင်သစ် ရစေပြီး အနာဂတ်အကြောင်း သိပ်မတွေးဖို့၊ ကိုယ် လုပ်နိုင်သလောက် တနေ့နည်းနည်း လုပ်ဖို့ဆိုတဲ့ အတွေးလည်း ရမိတယ်လို့ သူက ဆိုပါတယ်။ ဘိုးဘွားရိပ်သာမှာ တစ်သက်လုံးနေမှာမဟုတ်ဘဲ တချိန်ချိန်ကျရင်တော့ ဒီနေရာကနေ ထွက်သွားမယ်လို့ ယန်းက ဆိုပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။

ယန်းက ဒီအကြောင်းကို TikTok ပုံစံ တရုတ်လူမှုကွန်ရက် Douyin ပေါ်မှာ တင်ခဲ့ပြီး လူအများရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ သူ့ထက်ငယ်တဲ့သူတွေကတောင် ဘိုးဘွားရိပ်သာအကြောင်း မေးမြန်းစုံစမ်းကြတယ်လို့ ဆိုပါတယ်။ ယန်းရဲ့ ဖြစ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ အဆမတန် အလုပ်ဒဏ် ပိလွန်းတဲ့ အခြေအနေကိုလည်း မီးမောင်းထိုးပြနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...