ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်

Local News
ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်

စက်သုံးဆီသမားတွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီက ပြောလာတဲ့နောက် တစ်ရက်အတွင်းမှာ ကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက် လာတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက်ငွေလွဲလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့ က မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်း ဘတ်ငွေ ၄၉၀ သာ ပေါက်ခဲ့တဲ့အထိ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တာကနေ သြဂုတ် ၁၅ ညနေပိုင်းမှာ ကျပ် တစ်သိန်းကို ဘတ်ငွေ ၅၉၀နဲ့ ၆၀၀ ကြား ပြန်‌‌ရောက်လာတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်အတွင်းငွေလဲ

နှုန်းတွေအရဆိုရင် ကျပ် တစ်သိန်းမှာ ဘတ်ငွေ ၁၀၀ တက်လာပြီး ကျပ်‌စျေးအနည်းငယ်ပြန်တက်လာတာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ နဲ့ မြန်မာကျပ်ငွေ လဲလှယ်တဲ့နေရာမှာလည်း ဒေါ်လာစျေးအနည်းငယ်ပြန်ကျခဲ့တယ်လို့ ရန်ကုန်မြို့ ငွေလဲလုပ်သူတွေက ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့ က အမေရိကန်တစ်ဒေါ်လာတန်ဖိုးဟာ မြန်မာကျပ်ငွေ ၇၀၀၀ အထိ ပြင်ပစျေးကွက်မှာ စျေးမြင့်ခဲ့တာကနေ သြဂုတ် ၁၅ ရက် ညနေပိုင်း မှာတော့ ၆၀၀၀ ကျပ်ဝန်းကျင် ပြန်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီ က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ထုတ်ရောင်းပေးမယ်ဆိုပြောထားပေမဲ့ လည်း ရန်ကုန် နဲ့ မန္တလေးမြို့တွေက ဆီဆိုင်တွေမှာ တန်းစီရတဲ့ ကားတန်းရှည်ကြီးတွေ သြဂုတ် ၁၅ ရက်နေ့ အထိ ရှိနေတုန်းပဲလို့လည်း မြို့ခံတွေက ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...