မြင်းခြံက ဓာတ်အားပေးစက်ရုံတွေ အရေးပေါ် ရပ်ဆိုင်းခဲ့ရလို့ ရန်ကုန်မှာ လျှပ်စစ်မီးပြတ်‌တောက်မယ်လို့ YESC ကြေညာ

Local News
မြင်းခြံက ဓာတ်အားပေးစက်ရုံတွေ အရေးပေါ် ရပ်ဆိုင်းခဲ့ရလို့ ရန်ကုန်မှာ လျှပ်စစ်မီးပြတ်‌တောက်မယ်လို့ YESC ကြေညာ

မြင်းခြံမြို့နယ်က စင်္ကာပူအခြေစိုက် Sembcorp သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေဖြစ်တဲ့ V-Power နဲ့ စင်္ကာပူအခြေစိုက် Sembcorp စက်ရုံတို့ကို အ‌ရေးပေါ်ရပ်ဆိုင်းခဲ့ရတာကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လျှပ်စစ်မီးယာယီပြတ်တောက်တာတွေရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်လာပါတယ်။

အဲဒီစက်ရုံတွေ ရပ်ဆိုင်ထားတဲ့ကာလအတွင်း ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လျှပ်စစ်မီးရရှိတဲ့အချိန်ကို လျှော့ချသွားမှာဖြစ်သလို စက်မှုဇုန်တွေမှာလည်း ညပိုင်းမှာ လျှပ်စစ်မီးပေးတာတွေ လျှော့ချသွားမယ်လို့ဆိုပါတယ်။

လက်ရှိကာလမှာ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေဖို့အတွက် ရေအားလျှပ်စစ်စက်ရုံတွေကနေဓာတ်အားဖြည့်တင်းတာအပြင် အရေးပေါ်ဝန်အားတွေကိုလည်း ထိန်းညှိဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။

စက်ရုံတွေရပ်ဆိုင်းလိုက်တဲ့အထဲ Semborp ကတော့ နယ်မြေအတွင်းက မတည်မငြိမ်ဖြစ်မှုတွေကြောင့် ယာယီရပ်ဆိုင်းလိုက်တာလို့ စင်္ကာပူအခြေစိုက်ရုံးကနေ ကြေညာထားပါတယ်။ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံထားတဲ့ Sembcorp စက်ရုံဟာ မြင်းခြံမြို့အနီးက သံမဏိစက်ရုံအနီးမှာရှိပြီး ၂၀၁၉ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မန္တလေးတိုင်းထဲက မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့တို့မှာ မြင်းခြံအထူးစစ်ဆင်ရေးဆိုတဲ့ နာမည်နဲ့ တော်လှန်ရေးအင်အားစုတွေက ဩဂုတ် ၁၀ ရက်ကစပြီး တိုက်ပွဲဆင်နွှဲနေပါတယ်။

တောင်သာမြို့ထဲမှာ ဩဂုတ် ၉ ရက်တုန်းကဖြစ်တဲ့တိုက်ပွဲအတွင်း ဝဲလောင်ဓာတ်အားခွဲရုံ ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ လုံခြုံရေးစောင့်ကြပ်နေတဲ့တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီအပြောအရ PDF အမည်ခံ အကြမ်းဖက်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မနေ့ ဩဂုတ် ၁၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...