နေ့စဉ်နေ့တိုင်း မေတ္တသုတ်ကိုဂြိုဟ်သက်အလိုက်ရွတ်ဆိုပူဇော်နည်း

Astrology Religion
နေ့စဉ်နေ့တိုင်း မေတ္တသုတ်ကိုဂြိုဟ်သက်အလိုက်ရွတ်ဆိုပူဇော်နည်း

အလွန်အကျိုးထူးလွန်းလို့ ပြန်လည်မျှဝေပေးပါရစေ။
စိတ်တွေလည်း အရမ်းအေးချမ်းလာမယ်။
ကိုယ့်မေတ္တာတွေမှန်ရင် ကိုယ့်ကိုဒုက္ခပေးမယ့်သူ အပူပေးမယ့်သူတွေ ကိုယ့်အနားမှာ မနေနိုင်မနေရဲတော့ဘူး။ တစ်ပတ်လောက်ပဲ အရင်လုပ်ကြည့်ပါ။
အခုအဓိဌာန်တစ်ခုအနေနဲ့ရွတ်မယ့် မေတ္တသုတ် ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူကုသိုလ်ယူ ပူဇော်လို့ ရ အောင် တင်ပေးလိုက်တာပါ။

မေတ္တသုတ်ရွတ်ပုံနည်းစနစ်

တနင်္ဂနွေဂြိုလ်သက် ၆
တနင်္လာဂြိုလ်သက် ၁၅
အင်္ဂါဂြိုလ်သက် ၈
ဗုဒ္ဓဟူးဂြိုလ်သက် ၁၇
စနေဂြိုလ်သက် ၁၀
ကြာသပတေးဂြိုလ်သက် ၁၉
ရာဟုဂြိုလ်သက် ၁၂
သောကြာဂြိုလ်သက် ၂၁
(စုစုပေါင်းဂြိုလ်သက် ၁၀၈)

၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မီ

“တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ တနင်္ဂနွေသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊အရှေ့မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုးနတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မီ

“တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုးနတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မီ
“အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အရှေ့တောင်အရပ် ၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုးနတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အရုဏ်တက်မှ နေ့လည် ၁၂ နာရီ မထိုးမီ- စရွတ်လျှင် မရွတ်မီ
“ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူးသားသမီးမျာအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မီ
“ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟုသားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မီ
“ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေးသားသမီးများအားလုံး၊ ၎င်းတို့၏ကိုယ်စောင့်နတ်များအားလုံး၊
အနောက်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုးနတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မီ
“သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာသားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုးနတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မီ
“စနေဂြိုလ်မင်းကြီးနှင့်တကွ စနေသားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုးနတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်

၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာနေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိုင်ပါသည်။
၂။ တစ်နေ့ခြင်းလည်း ရွတ်နိူင်ပါသည်။
၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိုင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။
၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။
၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင်ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ်ခံရပါလိမ့်မည်၊
၆။ မေတ္တာဖြင့် သည်းခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။
၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊
၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ်ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-

(၁) မေတ္တသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက် ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ခြင်းဖြင့် မည်သည့်ဘေး ပယောဂရောဂါဆိုးများ မကျရောက်နိုင်တော့ပါ။
(၁) ၄၅ ရက်အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။
(၂) ဆက်လက် ကျင့်ကြံနိုင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။

(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တစျာန်အဆင့်ကိုပင်ရရှိနိူင်ပါသည်။

(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိုင်ပါသည်။

#credit org

 

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...