မြတ်ဗုဒ္ဓ ၏ အရဟံဂုဏ်တော်

Astrology Religion
မြတ်ဗုဒ္ဓ ၏ အရဟံဂုဏ်တော်

———————

မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေဟာ
ဒီ
“အရဟံ”ဆိုတဲ့
စကားလုံးလေးတစ်လုံးထဲမှာပဲ တစ်စုတည်း ပြောမယ်ဆိုရင် –

၁ – ကိလေသာတွေက လုံးဝဝေးကွာနေခြင်း … ။

၂ – ကိလေသာရန်သူတွေကို ဖယ်ရှားပြီးဖြစ်ခြင်း …။

၃ – သံသရာ စက်အကန့်လို့ဆိုတဲ့ အကြောင်းတရား
ကိလေသာတရားတွေကို ဖယ်ရှားပြီးဖြစ်ခြင်း … ။

၄ – တစ်လောကလုံးရဲ့ ဦးညွှတ်လေးစားမှု ၊
လှူဒါန်းမှုထိုက်တန်သူဖြစ်ခြင်း … ။

၅ – ဆိတ်ကွယ်ရာမှာ မကောင်းမှုကိုလုပ်တာမရှိခြင်း … ။

ဆိုတဲ့ အဲဒီ အရည်အချင်းငါးမျိုးကြောင့် မြတ်စွာဘုရားကို အရဟံဆိုတဲ့ဂုဏ်တော်နဲ့ ချီးမွမ်းထိုက်တယ် … ။

လောကမှာ မြတ်စွာဘုရားကို အရဟံလို့ဆိုတဲ့ ဒီဂုဏ်ထူးကြီးဟာ
မြေပြင်မှကောင်းကင်ထိအောင် တစ်လောကလုံးမှာပျံ့နှံ့ထင်ရှားနေတယ် … ။

လူတိုင်းလူတိုင်းက အသိအမှတ်ပြုထားတဲ့
ဂုဏ်ရည်တစ်ခုပါလို့ ဒီလိုဆိုလိုတာပေါ့နော်။

ဒါကြောင့်မို့ ဦးညွှတ်လေးစားတဲ့ ပုဂ္ဂိုလ်တိုင်းက

“နမော တဿ ဘဂဝတော အရဟတော”
ဆိုတာ အဲဒါကိုပြောတာ … ။
ဒီအရည်အချင်းတွေနဲ့ မြတ်စွာဘုရားကို ပူဇော်ကြတာ ၊
ကိုးကွယ်ကြတာလို့ ဒီလိုဆိုလိုတယ် … ။

တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်းတို့ ၊
ဗုဒ္ဓ မြတ်စွာရဲ့ အရဟံဂုဏ်တော်ဆိုသည်မှာ အက္ခရာသုံးလုံး ပေါင်းစပ်ထားတဲ့စကားပင်ဖြစ်စေကာမူ မြတ်စွာဘုရားရဲ့ ဂုဏ်တွေ အများကြီးပါဝင်နေတဲ့ ဂုဏ်တော်အရည်အချင်းတစ်ခု ဖြစ်ပါတယ် … ။

ခုလို အရဟံ ဆိုတဲ့ အရည်အချင်းရှိမှသာလျှင် ဘုရားအစစ်ဖြစ်နိုင်ပါတယ်ဆိုတာကို မှတ်ယူကြပြီး

ဗုဒ္ဓါနုဿတိဂုဏ်ကို စိတ်အာရုံမှာ အမြဲတမ်းညွှတ်ပြီး ပီတိ
သောမနဿတွေဖြစ်အောင် မိမိတို့ရဲ့ စိတ်ကို လွှမ်းထုံထား
နိုင်ကြပါစေကုန်သတည်း … ။

ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...