အစားအစာစားတိုင်းမေတ္တာတရားပွားများကြည့်ပါ

Astrology Religion
အစားအစာစားတိုင်းမေတ္တာတရားပွားများကြည့်ပါ

အစားအစာ စားတဲ့အခါ မေတ္တာပို့ပေးတဲ့ အကျင့်လေးနဲ့ လုပ်နိုင်ရင် ပိုကောင်းပါတယ် ။
မနက်စာဘဲဖြစ်ဖြစ် နေ့လည်စာဘဲဖြစ်ဖြစ် ညစာဘဲဖြစ်ဖြစ် ဘယ်အချိန်စားစားပေါ့ ။ အစာစားပြီဆိုတာနဲ့…..

ပထမ
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဓမ်မံ သရဏံ ဂစ်ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ လို့ အရင်ရွတ်ရမယ် ။

ပြီးရင် မိဘနှစ်ပါးကို သက်ရှိထင်ရှားရှိနေသေးရင်အခုလို မေတ္တာပို့ပေးရမယ် ။ “ဤလောကအတွင်းသို့ ရောက်ရှိအောင် မွေးဖွား ကျွေးမွေးစောင့်ရှောက်ခဲ့သော အဖေနဲ့အမေ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ ၊ နှလုံးစိတ်၀မ်း အေးချမ်းကြပါစေ” ။ သက်ရှိထင်ရှား မရှိတော့ဘူးဆိုရင်တော့ “ဤလောကအတွင်းသို့ ရောက်ရှိအောင် မွေးဖွား ကျွေးမွေး စောင့်ရှောက်ခဲ့သော အဖေ နဲ့ အမေ ရောက်ရာ ဘုံဘဝမှာ ကျန်းမာ ချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ”ပေါ့ ။

ဒုတိယ

ကျွန်ုပ်တို့ စားသုံးဖို့အတွက် နေပူမိုးရွာမရှောင် ထွန်းယက်စိုက်ပျိုးပေးသော တောင်သူလယ်သမားကြီးများနှင့် ကျွဲ၊နွားများလည်း ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်းရှင်းပါစေ နှလုံးစိတ်၀မ်း အေးချမ်းကြပါစေ “ပေါ့ ။

တတိယ

“ကျွန်ုပ်အား အလုပ်ခန့်၍ လစာပေးသော အလုပ်ရှင် / ပြည်သူလူထုလည်း ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်းရှင်း
ပါစေ ၊ နှလုံးစိတ်၀မ်းအေးချမ်းကြပါစေ” ပေါ့ ။ (အဲဒီက ရတဲ့ လစာပိုက်ဆံနဲ့ ကိုယ့်သုံးစွဲရတာကို ) ။ နိုင်ငံ့ဝန်ထမ်းဆိုရင်တော့ “ပြည်သူလူထု”လို့ ပြောင်းလဲ ပြောပေးရမယ်ပေါ့ ။ ( ပြည်သူကပေးကျွေးတဲ့ ပိုက်ဆံနဲ့ ကိုယ်သုံးစွဲရတာကို )

ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ အလုပ်ရှင်ဆိုလည်း “ကျွန်ုပ်လုပ်ငန်း လည်ပတ်ဖို့အတွက် ကူညီပေးသော၀န်ထမ်း ၊ ကျွန်ုပ်ထံတွင် ၀ယ်ယူအားပေးသော ဧည့်သည်တို့လည်း ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ နှလုံးစိတ်၀မ်း အေးချမ်းကြပါစေပေါ့” ။
(ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့)

ကျွန်တော်ဆိုရင် “ကျွန်တော်ထံတွင် ဥာဏ်ပူဇော်ခပေး၍ ဗေဒင်မေးကြသောမိတ်ဆွေများ ကျွန်တော်အားလှူဒါန်းကြသော မိတ်ဆွေများလည်း ကျန်းမာချမ်းသာပါစေ ၊ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ ၊ နှလုံးစိတ်၀မ်းအေးချမ်းကြပါစေလို့ အမြဲ ဆုတောင်းမေတ္တာ ပို့ပေးပါတယ် ။

အဲဒီလိုလေးပြုလုပ်လို့ ဘာဖြစ်သွားလဲ?

ဘာတွေ ထူးမလဲ မမေးနဲ့ ၊ ဘယ်အရာမဆို မျှော်လင့်ချက် ရယူလိုမှုနဲ့ လုပ်နေရင် မကောင်းဘူး ။ အရင်ဆုံးကျေးဇူးရှင်ကို မေတ္တာပို့တဲ့အတွက် ကိုယ့်ရဲ့စိတ်နှလုံးလည်းအေးချမ်းပြီး ကျေးဇူးမမေ့တဲ့အတွက် တန်ပြန်လာမှာဘဲ ။ သဘာ၀ လောကကြီးကနေပေါ့ ။ ထူးတာတော့ထူးလာလိုက်မယ် ။ ထူးချင်ရင် စွဲစွဲမြဲမြဲ လုပ်ကြည့်ပါ ။

အခုလို မေတ္တာပို့သပြီး အစားအစာကို စားသောက်နည်းဟာ ကျွန်တော်တို့ အဘဆရာကြီးဒေါက်တာမင်းသိင်္ခကနေ ကျွန်တော်တို့ကို သင်ကြားပေးခဲ့တဲ့ ပညာရပ်များစွာထဲက ပညာရပ်တစ်ခု ဖြစ်ပါတယ် ခင်ဗျာ ။

#Crdဆရာမင်းသီဟကျော်ပို့စ်ကိုးကားသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...