အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာတော်
အကြွေးဆပ်စရာ ရှိနေတာလား?
အကြွေးတွေမရပဲ ဖြစ်နေတာလား?
ငွေကြေးလာဘ်လာဘတွေ ပိတ်ဆို့နေတာလား?
ငွေကြေးအတွက် စိတ်ပူနေရတာလား?
သောကများနေရတာလား? ။
ဒီဂါထာကို
ရွတ်ဖတ်မယ်ဆိုရင်
အဓိဌာန်၀င်ပြီး
ရွတ်ဖတ် ပူဇော်ရပါမယ် ။
တစ်နေ့ကို (၂၄)ခေါက်
ရွတ်ဆိုရပါမယ် ။
(၂၄)ရက်တိတိ
နေရာမှန် အချိန်မှန် ၊
အခေါက်ရေမှန် ၊
ပါဠိအသံထွက်မှန် ၊
ဆုတောင်းမှန်နဲ့
(မှန် ၅ မှန်)
ရွတ်ဆိုပေးရပါမယ် ။
မိမိ မွေးနေ့ကစတင်ပြီး
ရွတ်ဆိုရပါမယ် ။
ဒီလိုရွတ်ဖတ် အဓိဌာန်၀င်နေတဲ့
ကာလအတွင်းမှာ
မိမိတတ်နိုင်သလောက်
နှစ်သက်ရာဒါန
တစ်ခုခုပြုပေးရပါမယ် ။
အဖျက်များတာကြောင့်
ဇွဲကောင်းဖို့
ဖြစ်အောင်လုပ်မယ်ဆိုတဲ့
စိတ်ရှိဖို့တော့ လိုအပ်ပါတယ် ။
ဒီအချက်တွေ
လိုက်နာနိုင်ပြီဆိုရင်တော့
သင့်အတွက်
ငွေကြေး လာဘ်လာဘကံ
ပွင့်ဖို့ မဝေးတော့ဘူးလို့
ပြောလို့ရပါပြီ ။
အလုပ်မရှိပဲနှင့်တော့
ငွေကြေးများများ
လိုချင်လို့တော့
မရဘူးပေါ့ဗျာ ။
ကိုယ့်ရဲ့ပိတ်ဆိုနေတဲ့
ငွေကြေးကံတွေ
ရသင့်လျက်နဲ့
ကြန့်ကြာနေတဲ့ငွေကြေး
လာဘ်လာဘတွေအပြင်
တခြားသော နေရာတွေကလည်း
ကိုယ့်ရဲ့ကံနဲ့ ကိုယ့်ရဲ့
သဒ္ဓါတရားအပေါ် မူတည်ပြီး
ငွေကြေးလာဘ်လာဘတွေ
၀င်လာပါလိမ့်မယ် ။
(၂၄)ရက်ပြည့်ပြီးရင်
တစ်ပတ်နားပြီး
ကိုယ့်မွေးနေ့ရောက်မှ
အဓိဌာန် နောက်တစ်ကြိမ်
ပြန်၀င်ရပါမယ် ။
အကျိုးပေးကတော့
တစ်ယောက် နဲ့ တစ်ယောက်
မတူဘူးပေါ့ ခင်ဗျာ ။
တစ်ယောက်က (၂၄)ရက် တစ်ကြိမ်
အဓိဌာန်၀င်ရုံနဲ့
အကျိုးထူးသွားပေမယ့်
ကျန်လူအဖို့ကျတော့
တစ်ကြိမ်ထက် ပိုပြီး
အဓိဌာန်၀င်ရတာမျိုးလည်း
ရှိနိုင်ပါတယ် ။
နောက်ပြီးတော့
တစ်ယောက် နဲ့ တစ်ယောက်
ငွေကြေးပမာဏချင်း
အနည်း အများ
ကွာခြားမှုတွေကလည်း
ရှိနေနိုင်သေးတယ်
မဟုတ်ပါလား ။
ဂါထာတော်
🙏အရဟံ၀တ လာဘံ ဟေတု ပစ္စယော ။
🙏အရဟံ၀တ လာဘံ အရမ္မဏ ပစ္စယော ။
🙏အရဟံ၀တ လာဘံ အဓိပတိ ပစ္စယော ။
🙏အရဟံ၀တ လာဘံ အနန္တရ ပစ္စယော ။
🙏အရဟံ၀တ လာဘံ သမနန္တရ ပစ္စယော ။
🙏အရဟံ၀တ လာဘံ သဟဇာတ ပစ္စယော ။
🙏အရဟံ၀တ လာဘံ အညမည ပစ္စယော ။
🙏အရဟံ၀တ လာဘံ နိဿယ ပစ္စယော ။
🙏အရဟံ၀တ လာဘံ ဥပနိဿယ ပစ္စယော ။
🙏အရဟံ၀တ လာဘံ ပုရေဇာတ ပစ္စယော ။
🙏အရဟံ၀တ လာဘံ ပစ္ဆာဇာတ ပစ္စယော ။
🙏အရဟံ၀တ လာဘံ အာသေ၀န ပစ္စယော ။
🙏အရဟံ၀တ လာဘံ ကမ္မ ပစ္စယော ။
🙏အရဟံ၀တ လာဘံ ဝိပါက ပစ္စယော ။
🙏အရဟံ၀တ လာဘံ အဟာရ ပစ္စယော ။
🙏အရဟံ၀တ လာဘံ အိန္ဒိယ ပစ္စယော ။
🙏အရဟံ၀တ လာဘံ စျာန ပစ္စယော ။
🙏အရဟံ၀တ လာဘံ မဂ္ဂ ပစ္စယော ။
🙏အရဟံ၀တ လာဘံ သမ္ပယုတ္တ ပစ္စယော ။
🙏အရဟံ၀တ လာဘံ ဝိပ္ပယုတ္တ ပစ္စယော ။
🙏အရဟံ၀တ လာဘံ အတ္ထိ ပစ္စယော ။
🙏အရဟံ၀တ လာဘံ နတ္ထိ ပစ္စယော ။
🙏အရဟံ၀တ လာဘံ ဝိဂတ ပစ္စယော ။
🙏အရဟံ၀တ လာဘံ အဝိဂတ ပစ္စယောတိ ။
🙏မနက် (၉)ခေါက် ၊
ည (၉)ခေါက်ရွတ်လည်း
ရပါတယ် ။
ဂုဏ်တော်ပဌာန်းကျင့်စဉ်မို့
အမြတ်ဆုံးတွေကို
ပွားများရတာဖြစ်လို့
လာဘ်လာဘ မမျှော်ကိုးပဲ
ကြည်ညိုစိတ်ဖြင့်
ရွတ်ဆိုပူဇော်ပါက
ပို၍အကျိုးထူး
ခံစားရမှာ ဖြစ်ပါတယ် ။
#Credit:Thitsar၏ ပို့စ်ကို ကိုးကားပါသည် ။
ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။