အောင် မြေ ဆို သည်မှာ …

Astrology Religion
အောင် မြေ ဆို သည်မှာ …

အ ဓိ ဌာန် စ ခန်း တွင် အ လွန် အ ရေး ပါ သော နေ ရာ မြတ် ဖြစ် ပါ သည် ။ သီလ သမာဓိ ပ ညာ ရှိ သော အ ရှင် မြတ် များ ဘုန်း ရှင် ကံ ရှင် များ ၏ ဓာတ် သက် ဓာတ် ငွေ ့ များ ရှိ နေ သည် ။

ထို ကိန်း အောင် နေ သည့် ကောင်း မြတ် သော ဓာတ် ဟိတ် များ ကို ခို လှုံ လျှင် မိ မိ တို့ ပြု ခဲ ပြီး ပြု ဆဲ သီလ ဘာဝနာ အ ကျင့် မြတ် များ ဖြင့် ဖြစ် နိုင် စွမ်း သော လို အင် ဆန္ဒ ကောင်း များ ပြည့် ဝ အောင် ဆောင် ရွက် နိုင် ပါ သည် ။
တ ရား ထူး များ ရရှိ စေ ရန် အ ထောက် အပ့ံ ဖြစ် စေ သော နေ ရာ များ လည်း ဖြစ် သည် ။

အ ဓိက အောင် မြေ ၃ မျိူး မှာ

၁။ ဗောဓိအောင်မြေ …

ဘု ရား ရှင် ကိုယ် တော် မြတ် ကြီး မှ စ ၍ ရှင် ပစ္စေကာ ဗုဒ္ဓါ များ ကျင့် ကြံ အား ထုပ် အောင် မြင် သော ဂူ – ချောင် – တော – တောင် သာ သနာ စခန်း များ ဖြစ် ပါ သည် ။
ဥပမာ … ဗုဒ္ဓဂယာ

၂။ မဟိဒ္ဓိ ( ဝိဇ္ဇာ ) အောင်မြေ

ထွက် ရပ် ပေါက် သိဒ္ဓိ ပေါက် လမ်း လျှောက် ကြ သော ရဟန်း ရသေ့ လူ ပုဂ္ဂိုလ် များ ကျငိ့ ကြံ အောင် မြင် သွား သော အ ဓိဌာန် စခန်း များ တော – တောင် – ဂူ ချောင် စ ခန်း များ ဖြစ် သည် ။ ထို ပုဂ္ဂိုလ် များ သည် စေတီ များ ရုပ် ပွါး တော် များ တည် ထား ကိုးကွယ် ပြီး အ ဓိဌာန် ဆု တောင်း များ နှင့် ၎င်း တို့ ၏ ဟိတ် များ ထား ရှိ ခဲ့ ကြ လေ သည် ။

၃။ ဌာပနာအောင်မြေ

ဘု ရား များ ရဟန္တာ များ ထွက် ရပ် ပေါက် ပုဂ္ဂ်ိုလ် များ ၏ ဓာတ် တော် မွေ တော် များ
ဓာတ် လုံး – ပြ ဒါး ရှင် – အင်း – စ သော ထွက် ရပ် ပေါက် ပစ္စည်း များ ကို ဌာ ပနာ ထား သော
ဓာတုစေတီ – ပရိဘောဂ စေ တီ နှင့် ရုပ် ပွါး တော် များ ၏ တန် ခိုး အ ရှိန် အ ဝါ များ ကိန်း ဝပ် နေ သော နေ ရာ များ
ဥပမာ …’ ရွှေ တိ ဂုံ စေ တီ တော် မြတ် ကြီး
အ ခြား သော အောင် မြေ များ လည်း ရှိ ပါ သည်

ရာဇ အောင်မြေ – မင်း ကျင့် တရား နှင့် အ ညီ တိုင်း ပြည် အုပ် ချူပ် မင်း လုပ် သူ များ ထီး ရေး နန်း ရေး နှင့် ပက် သပ် ပြီး အ ဓိဌာန် ပြု သစ္စာပြု ရာ သက် မှတ် ထား သော နေ ရာ ဖြစ် သည် ။

များ သော အား ဖြင့် စေတီ ရင် ပြင် များ နှင့် ဆင်း တု တော် များ ..
ဓာတ် ပေါင်း စု အောင် မြေ …. ဘုရား သီတင်း သုံးရာ နေရာ ဖြစ် သော ဗုဒ္ဓဂယာ သီဟိုဠ် နှင့် မြန် မာ ပြည် ရှိ တန် ခိုး ကြီး စေ တီ တော် များ ၊ သိမ် တော် များ ၏ အောင် မြေ ကို ယူ ၍ ဌာ ပနာ ထား သော စေတီ ရုပ်ပွါး တော် များ စသည် တို့ ရှိသည့် အတွက် ၎င်း နေ ရာ သည် အောင် ဓာတ် ကိန်း ဝပ် နေ ပါ သည် ။

ဥပမာ…. အမရပူရ ရှိ ကပ်လွတ် ကပ်ကျော် မဟာအောင်သိဒ္ဓိ ဘုရား ကြီး
( ကျော်အောင်စံထား ကျောင်းတိုက် အတွင်း ရှိပါသည် )
ထို နေရာ များ သို့ အ ဓိ ဌာန် နှင့် သစ္စာ ပြု ၍ အောင် မြင် သော ဌာ န ဖြစ် ၍ ၎င်း နေ ရာ များ တွင် ကိန်း ဝပ် နေ သော အောင် ဓာတ် များ ရရှိ စေ ရန် အ ဓိဌာန် ဝင် သစ္စာဆို ၍ ဖြစ် စေ
မိ မိ အောင် မြင် ခဲ့ သော အ ဓိ ဌာန်
ဖြူ စင် သော သီလ တစ် ပါး
ပြု လုပ် ခဲ့ သော ကောင်း မှု တစ် ရပ် ရပ် ကို သစ္စာ ဆို ၍ ဆု တောင်း လျှင် လို အင် ဆန္ဒ များ ပြည့် ဝ စေ ပါ သည် ။

မိ မိ ဆောင် ရွက် ခဲ့သော စရဏ စွမ်း အား ကို အောင် မြေ သို့ သွား ၍ အ စစ် ဆေး ခံ နိုင် ရပါ မည် ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...