ဆွမ်း‌တော်ကပ်ရာတွင်

Astrology Religion
ဆွမ်း‌တော်ကပ်ရာတွင်

ဆွမ်း‌တော်ကပ်ရာတွင် စားသောက်ဖွယ်ရာများ၏နောက်တွင် ဆွမ်းဟူသော စကားလုံးကို မဖြစ်မနေထည့်ပေးပါ ။ ဒါမှသာ အပ်သောဆွမ်းဖိတ်နည်းဖြစ်ပါတယ် ။ မုန့်ဟင်းခါးကပ်လျင် မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးတော်မူပါဘုရား ၊ ကြာဇံကြော်ကပ်လျင် ‌ကြာဇံကြော်ဆွမ်းလေးပါဘုရား ၊ ကောက်ညှင်းပေါင်းကပ်လျင် ကောက်ညှင်းပေါင်းဆွမ်းပါဘုရား စသဖြင့် ဆွမ်းဟူသော စကားလုံးလေးထည့်ပြောပေးပါ

စပါး(၇)မျိုးမှဖြစ်သောဆန်ကို ထမင်းဟုခေါ်ပြီး ထိုထမင်းကို မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ဆက်ကပ်လျင် ဆွမ်းဟုခေါ်သည် ။ ဤသို့သော နေ့ဆွမ်းသုံးဆောင်ဖွယ်ရာ ထမင်းဟင်းများ ဆက်ကပ်ရာတွင်လည်း ဆွမ်းထမင်း ၊ ဆွမ်းဟင်း စသဖြင့် နှုတ်မှရွတ်၍ကပ်လှူမှသာ အပ်သောဆွမ်းပင့်နည်းဖြစ်ပါသည် ။

ဘောဇဉ်(၅)ပါး ဆိုတာကတော့ –

၁။ ဩဒန = ထမင်း
၂။ မစ်ဆ = ငါး
၃။ မံသ = အမဲ (အသား)
၄။ ကုမ္မာသ =မုယောမုန့်
၅။ သတ္တု =မုန့်လုံး တို့ဖြစ်သည် ။
အလွယ်အားဖြင့် – ” ထမင်း ၊ သား ၊ ငါး ၊ မုန့်နှစ်ပါး ၊ ငါးပါးဘောဇဉ်တည်း ” ဟု မှတ်နိုင်သည် ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...