အိမ် မှာ လုံးဝ မထား သင့် ၊ မလုပ်သင့် တဲ့ ဘုန်း ကံ နိမ့် စေသော အချက် (၄) ချက်

Astrology Religion
အိမ် မှာ လုံးဝ မထား သင့် ၊ မလုပ်သင့် တဲ့ ဘုန်း ကံ နိမ့် စေသော အချက် (၄) ချက်

အရာရာတိုင်း ၊ ပစ္စည်းတိုင်း မှာ စွမ်းအင်တွေ
ရှိနေပါတယ် ။

သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ
သင့် အိမ်ကို လာဘ်တိတ် စေသလို ၊
သင့် ကိုလည်း ဘုန်းကံနိမ့် စေတဲ့
ပစ္စည်းတွေ ရှိပါတယ် ။
ဘာတွေလဲဆိုတာကိုတော့
ဖတ်ကြည့်လိုက်ပါနော် ။

( ၁ ) ရှုပ်ပွနေခြင်း

သင့်အိမ်ကို ရှုပ်ပွညစ်ပတ်နေအောင်
ထားတာ ၊ အမှိုက်တွေ ၊ ဖုန်တွေမရှင်းတာ ၊
ပင့်ကူမျှင်တွေ မရှင်းတာ ၊ ပန်းကန်တွေ မဆေး
ပဲ ပုံထားတာမျိုး ၊ အဝတ်အစားတွေလည်း
သေချာ မခေါက်ပဲ ပြန့်ကျဲ ရှုပ်ပွ နေတာမျိုးတွေ
၊ ပစ္စည်းတွေက သူ့နေရာ နဲ့ သူရှိမနေပဲရှုပ်ပွ
ညစ်ပတ်နေတာမျိုး တွေက သင့်အိမ်ကို
လာဘ်တိတ် စေသလို ဘုန်းကံ နိမ့်
စေပါတယ် ။

( ၂ ) အနံ့အသက် ဆိုးခြင်း
သင့် အိမ်က လေထုကလည်း သင့်
အပေါ် ကို အများကြီး သက်ရောက်
နိုင်ပါတယ် ။

သင့်အိမ်မှာ အနံ့အသက်တွေ မကောင်းတာ ၊
အဝတ်အစား မှိုစော်တွေ နံနေတာ ဒါမှမဟုတ်
အမှိုက်နံ့တွေ နဲ့ တခြား မကောင်းတဲ့ အနံ့
တွေ အားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်
စေပြီး ဘုန်းကံနိမ့် စေတာကြောင့် သင့်အိမ်
ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်း
လေသန့် ရအောင်လုပ်တာ ၊ အမွှေးနံ့တွေ
ဖြန်းပေးတာမျိုးတွေကို အမြဲတမ်း လုပ်ပေး
သင့်ပါတယ် ။

( ၃ ) ပစ္စည်း အပျက်တွေထားခြင်း

သင့် အိမ် မှာ အက်နေတဲ့ မှန်တွေ ၊ ကျိုး
နေတဲ့ ချိတ်တွေ ၊ အင်္ကျီအပြဲတွေက အစ
မထား သင့်ပါဘူး ။

ဒီလို မကောင်းတော့တဲ့ အရာတွေကို
ဆက်လက် သိမ်းထားတာဟာ အိမ်ကို
လာဘ်တိတ်စေတဲ့ အပြင် ဘုန်းကံ
ကိုလည်း နိမ့်စေ နိုင်လို့ပါ ။

( ၄ ) ဘုရား တရား မလုပ်ခြင်း

သင့် အိမ်မှာ သင် ကိုးကွယ်ရာ ဘာသာ
တရားကို လေးနက်စွာ ပြုလုပ်
သင့်ပါတယ် ။

ကျမ်းစာ ၊ ဘုရားစာ တွေကို အသံထွက်ပြီး
ရွတ်ဖတ်တာ ၊ ဆုတောင်း ဝတ်ပြုတာတွေ ၊
အိမ် ကို ကောင်းချီး မင်္ဂလာပေးခြင်း တွေကို
နေ့စဉ် မပျက်မကွက် ပြုလုပ် ရပါမယ် ။

ဒီလိုမှ မဟုတ်ရင်တော့
သင့်အိမ် ကို မကောင်းတဲ့ ဝိညာဉ်ဆိုးတွေ
အပြင် တခြားသော ကံနိမ့်မှုတွေ ၊
လာဘ်တိတ်မှုတွေက တံခါးမရှိ ၊ ဓားမရှိ
ဝင်လာ နိုင်ပြီး သင့်ရဲ့ ဘုန်းကံတွေကို
နိမ့်စေနိုင်လို့ပါပဲ ။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...