ဗလာဟင်းလင်းထဲမှရသော ဆေးတံယတြာ

Astrology
ဗလာဟင်းလင်းထဲမှရသော ဆေးတံယတြာ

ကျွန်ုပ်သည် ဗေဒင်ဆရာအဖြစ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဘူးသည်ဖြစ်ရာ ကျွန်ုပ်ထံသို့ ဗေဒင်လာ ရောက်မေးမြန်းသူများ၏ အခက်အခဲပေါင်းများစွာကို ယတြာပြုလုပ်ပေးရတတ်ပါသည်။ တစ်ချို့ သည်ဆောင်လာသော အခက်အခဲများမှာ ကျွန်ုပ်တတ်ကျွမ်းသော ယတြာပညာ၏ အပြင်ဘက်မှ ဖြစ်နေတတ်၏။ အလွယ်စကားဖြင့် ပြောရသော် ကျွန်ုပ်မလုပ်တတ်ပါ။ ထိုအခါမျိုးတွင် ကျွန်ုပ်သည် ကောင်းကင်ပြင်ဗလာဟင်းလင်းကြီးဆီသို့ မော့ကြည့်ပြီးလျှင် ထိုအဆုံးအစမရှိသော ဗလာကြီးအတွင်းမှ ကျွန်ုပ်အလိုရှိသော ယတြာနည်းကလေးတစ်နည်းရှိတန်ကောင်းရဲ့ဟု ယုံကြည် ကာ အာရုံပြု၍ငြိမ်နေတတ်ပါသည်။

ထိုအခါမျိုးတွင် ထူးဆန်းသော ယတြာတစ်မျိုးမဟုတ်လျှင် တစ်မျိုးဆိုသလို ကျွန်ုပ်၏ ခေါင်းအတွင်းသို့ ရောက်လာတတ်ပါသည်။ ထိုရောက်လာသော ယတြာကို ယုံယုံကြည်ကြည်ပင် အသုံးပြု၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ဆောင်ရွက်တိုင်းလည်း ထိုယတြာများသည် အောင်မြင်သည်ချည်းဖြစ်နေသည်ကို အံ့ဩဖွယ်ရာတွေ့ လာရသည်။

အမှန်စင်စစ်အားဖြင့် ဗလာဟင်းလင်းပြင်အတွင်းမှ ထူးဆန်းသော ယတြာများရသည်ဆိုသော်လည်း ထိုယတြာများကို မည်သည့်ပုဂ္ဂိုလ်က ပေးနေသည်ကို အမှန်တကယ်မသိပါ။ တစ်ခါတွင် ကျွန်ု၏လုပ်ငန်းများရပ်ဆိုင်းသွားစေရန်အတွက် မသမာသူများက ကြံစည်ကြလေ၏။ ၄င်းတို့သည် တစ်ဦးချင်းကြံစည်သည် မဟုတ်အသင်းအဖွဲ့ အဖြစ်ပြုလုပ် ကြံစည်ကြခြင်းဖြစ်၏။

ထို့ကြောင့် ကျွန်ုပ်လည်း ဗလာဟင်းလင်းအတွင်းမှ ယတြာကိုတောင်းရလေ၏။ ထိုသို့တောင်းခဲ့ရာ ဆေးတံတစ်လုံးကို တုံးလုံးလှဲ၍ အပေါ်မှ ဖယောင်းတိုင်ထွန်းရန်ရရှိလေ၏။ ကျွန်ုပ်လည်း ထိုအတိုင်းပြုလုပ်လိုက်လေ၏။ ကျွန်ုပ်အား တိုက်ခိုက်သော ရန်သူများသည် အချင်းချင်း မသင့်မတင့်ဖြစ်ကာ ကွဲပြိုကုန်၏။ တစ်ယောက်ကိုတစ်ယောက်လည်း သက်ဆိုင်ရာသို့ တိုင်ကြကုန်၏။ ကျွန်ုပ်ကိုလည်း ဒုက္ခမပေးနိုင်ကြတော့ပေ။

ထို့ကြောင့် ကျွန်ုပ်က ဗလာဟင်းလင်းပြင်ဆီသို့ အာရုံတောင်းကြည့်၏။ “ဆေးတံပေါ်မှာ ဘာကြောင့် မီးထွန်း ခိုင်းရတာလဲ” ဟူသော မေးခွန်းကို မေးလိုက်၏။ ထိုအခါ အဖြေကို တစ်ကိုယ်ကြားကြားရလေ၏။ ထိုအဖြေမှာ နားမှကြား ရသည်လား ရင်မှသိသွားသည်လား ကျွန်ုပ်မသိပါ။

ဗလာဟင်းလင်းပြင်မှ ကျွန်ုပ်အား အသိပေးချက်တစ်ခုလာလေတော့၏။ “ဆေးတံဆိုတာ စေတန်ရဲ့အနီးဆုံး၊ ကိုယ်စားပေါ့ စေတန်ဆိုတာ နတ်ဆိုးလေ။ စေတန်ပေါ်မှာ မီးထွန်းလိုက်တော့ နတ်ဆိုးနတ်ပါးနဲ့တူတဲ့ မင်းရဲ့ရန်သူတွေ ငြိမ်သွားတာပေါ့” ဟူ၍ဖြစ်၏။ ကျွန်ုပ်သည် အခက်အခဲတွေ့ဆိုင်း ဗလာဟင်းလင်းကောင်းကင်ဆီမှ ယတြာများကို ထောင်းမြဲဖြစ်၏။ ရရှိသော ယတြာများကိုလည်း အသုံးချ၏။

ထို့ပြင် ယတြာများကို စာအုပ်တစ်အုပ်တွင် သေသေချာချာရေးမှတ်ထားလေ၏။ ထိုယတြာများကို ကျွန်ုပ်က “ဗလာဟင်းလင်းမှ ရသောယတြာများ” ဟု အမည်ပေးထားလေ၏။ ကျွန်ုပ်ထံတွင် ပညာသင်ကြားသော တပည့်များလည်း ထိုယတြာများကို လွန်စွာလိုချင်၍ မကြာခဏတောင်းကြလေ၏။ ထို့ကြောင့် အခြားသူများလည်း လိုချင်လိမ့်မည်ဟု မျှော်လင့်တာ ကျွန်ုပ်၏ မှတ်စုကိုဖွင့်၍ ပြန်လည်ရေးသားလိုက်ရလေတော့ သတည်း။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...