ဗောဓိပက္ခိယအင်း

Astrology
ဗောဓိပက္ခိယအင်း

အင်းဇံများ

၄..သတိပဠာန် ၄ပါး
၄..သမ္မပ္ပပ္ပဓာန် ၄ ပါး
၄..ဣဒ္ဓိပါဒ် ၄ပါး
၅..ဣနြေ္ဒ ၅ပါး
၅..ဗိုလ် ၅ပါး
၇..ဗောဇ္ဇျင် ၇ပါး
၈..မဂ္ဂင် ၈ပါး
၉..လောကုတ္တရာတရား ၉ပါး

၁… ဧကောဗုဒ္ဓဓော ဘဝိဿတိ
ဆောင်ယူသူနေ့သားအလိုက် ခလည်၌နေ့နာမ်ကိုထည့်၍ဆောင်လျှင် ပို၍အကျိုးများ၏
အင်းသွား–မြင်းသွားနည်း

အကျိုးကိုပြဆိုခြင်း

ပြအပ်လေပြီးသော ဗောဓိပက္ခိယအင်းကို နံသင့်သစ်သားသို့မဟုတ် ကြေးပြား၌ ချ၍ ဆောင်ရမူကား သူပြု လူပြု နတ်ပြု စုန်းတိုက် ဖုတ်မိုက် ဇော်ဂနီစသော အပရန် အတွင်းရန်တို့ကို အောင်စေတက်၏။

ထိုမှတပါး ဂြိုလ်စီးဒဿ ကြမ္မာမကောင်း ပြောင်းရွေ့ကုန်၏ မြွေတိုက် နွားတိုက် ကျားတိုက် ဆင်တိုက် ပုဏ္ဏကတိုက် အစိမ်းတိုက် မြေဘုတ်ဘီလူးတိုက် နတ်တိုက် စုန်းပင်း မြေပင်း သရဲပင်း အစရှိသည်တို့ကို ဆောင်ယူသူ၌ တွေ့ကြုံခြင်းမရှိနိူင်ရာ။
တစ်ပါးသူတို့ တွေ့ကြုံခဲ့လျှင် ရေစိမ်၍ ဂုဏ်တော်၉အုပ်စုတ်၍ သောက်စေ ။

ဗောဓိပက္ခိအင်း၏ အကျိုးကားညွန်း၍မကုန် ဤအင်းဟုကျမ်းအများစုဆိုထားပါတယ်ဝဠ်နာကံနာကလွဲ၍ အခြားသော ဘေးအန္တရာယ်ဟူသမျှတို့ကို ပပျောက်စေနိူင်၏
လောကီနှင့်ပတ်သက်ဆက်နွယ်သော လောကီအကျိုးကိုဖြစ်စေသောအရာဟူသမျှတို့ကို ကောင်းစွာ အကျိုးပြုပေလိမ့်မည်

၅ပါးသောကံကို ယခင်ဘဝတွင်မကြူးလွန်ခဲ့သောသူဆောင်ယူထားပါက
အသေဆိုးနှင့်မသေ သူတပါးလက်ချက်ဖြင့် အသက်မပျောက်နိူင်ပေ
ဤဗောဓိပက္ခိယအင်းသည်ကစားဖန်များလာသောအခါ စိတ်တည်ငြိမ်ခြင်း ကောင်းစွာသောသမာဓိဖြင့်တည်ခြင်း ထို့နောက် ထွက်ရာလမ်းသို့ လှမ်းတက်နိူင်သည်ဟူလည်း အဆိုရှိ၏

အင်းဤအကျိုးသည် မှန်းဆ၍မရနိူင်အောင်ကြီးမားပေသည် အင်းကောင်းလျင် တကွက် ဆေးကောင်းလျှင်တစက်ဆိုသကဲ့သို့ ဤဗောဓိပက္ခိယအင်းတော်မြတ်သည် လွန်စွာသောများစွာသောကောင်းကျိုးကိုဖြစ်စေတက်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...