လုပ်ငန်းအသစ် လွယ်ကူစွာ ပြုလုပ်နိုင်ရန်ယတြာ

Astrology
လုပ်ငန်းအသစ် လွယ်ကူစွာ ပြုလုပ်နိုင်ရန်ယတြာ

ဆိုင်ခန်းတခု သို့ လုပ်ငန်းတခု ဖွင့်လှစ်လုပ်ကိုင်တော့မည်ဆိုရင် အခက်အခဲတွေ တခုပြီးတခုပေါ်ပြီး ဖွင့်ဖို့နှောင့်နှေးနေတာ အဖျက်အစီး အတိုက်အခံပေါ်နေတာ ဆက်တိုက်ဖြစ်ပေါ်နေရင်တော့
လမ်းဆုံလေးခွမှာ ရှိနေသောရေအိုးစင်လေးတွေမှာ ရေစစ်ကလေးတွေလှုပြီး အဆင်ပြေချောမွေ့ဖို့ ဆုတောင်းလိုက်ပါ။သိပ်မကြာခင် အဆင်ပြေသွားပါလိမ့်မည်။

တိုက်ခန်း…ရောင်းထွက်စေရန်

အခုတလော အိမ်ခြံမြေ အရောင်းအဝယ်တွေအေးနေတော့ အိမ်ခြံမြေတိုက်ခန်း ရောင်းထွက်ဖို့က မလွယ် ပါဘူး။ ကိုယ်ကလည်း ဒီတိုက်ခန်းလေး ရောင်းမှပြေလည်မယ် ။လုပ်ချင်တာလေးတွေ ဆက်လုပ်နိုင်မယ့် အခြေအနေတွေ ကြုံတွေ့နေရပြီဆိုရင်တော့ ဒီလိုလေးလုပ်ကြည့်ပါ။မီးလုံးအကျွမ်း၃လုံးကို ဘုရားကျောင်းစောင်ပေါ်တင် ။ထို့နောက် ထိုမီးလုံးကျွမ်း ၃လုံးပေါ်တွင် ဖယောင်းတိုင် ၃တိုင်ထွန်း ဘုရားကပ် လှုပြီးဆုတောင်းကြည့်ပါ။ သင့်တိုက်ခန်းလေး အမြန်ရောင်းထွက်သွားပါလိမ့်မည် ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...