*အမြစ်ရေလောင်းအညွန့်ပန်းလှူအောင်ဓာတ်ယူ*

Astrology
*အမြစ်ရေလောင်းအညွန့်ပန်းလှူအောင်ဓာတ်ယူ*

အင်္ဂဝိဇ္ဇာဗေဒင်ပညာရပ်ကြီးတွင် “အမြစ်အညွန့်မတွန့်စေရ”ဟူသောကျမ်းရင်းလင်္ကာရှိပါ၏။လူတစ်ဦးတစ်ယောက်တွင်နေ့သားအလိုက် အမြစ်အညွန့်နှင့်သက်ဆိုင်သောဂြိုလ်များရှိပါသည်။အမြစ်ဂြိုလ်အင်အားဆုတ်ယုတ်ပါက သစ်ပင်တစ်ပင်၏ရေသောက်မြစ်ပျက်စီးသကဲ့သို့ ရင်းနီးစိုင်ထုတ်နိုင်မှုစွမ်းရည် အခြေတကျဖန်တီးနိုင်မှုစွမ်းရည်တို့ကျဆင်းရပေတော့၏။ ထိုနည်းတူစွာ အညွန့်ဂြိုလ်အင်အားဆုတ်ယုတ်သောအခါ ဘဝ၏တိုးတက်ရာတိုးတက်ကြောင်းပိတ်ဆို့ခံရ၏။ကိုယ်ကျိုးစီးပွားရှာဖွေရခက်ခဲစေတတ်၏။

ထို့ကြောင့် အမြစ်အညွန့်ဂြိုလ်၏အင်အားတို့သည် အရေးကြီးလှပါ၏။ထို့ပြင် အင်္ဂဝိဇ္ဇာပညာရပ်၏ သာစည် ပင်းယ အမြစ်အညွန့် ဟူသောနဝင်းတွဲတို့တွင် အမြစ်အညွန့် နဝင်းတွဲ၏အင်အားသည်ကြီးမားသောအခန်းတွင်ပါဝင်နေပေ၏။

အမြစ်အညွန့်ဂြိုလ်၂ခုမကောင်းသောအခါတွင် ရှေ့တိုးဖို့မလွယ်လှသလို နောက်ဆုတ်ဖို့ခက်ခဲစေတတ်ပါသည်။ဒါ့ပြင် အမြစ်အညွန့် အင်အားကိုကောင်းစွာအသုံးချရှင်သန်စေခြင်းဖြင့် ဘဝတွင်ထူးခြားသောကံအနေအထားတစ်ခုကိုဖြစ်ထွန်းသွားစေနိုင်ပါသည်။ထို့ကြောင့်”အမြစ်ရေလောင်းအညွန့်ပန်းလှူ” ဆိုသော အစီအရင်ကောင်းတစ်ခုအားဖော်ပြပေးလိုက်ပါ၏။

ဤပညာခန်းတွင်-ပထမဦးစွာ နေ့သားအလိုက် မိမိတို့၏မွေးနံတြိရန်းရောက်ရှိသောအချိန်တွင်မိမိတို့နေ့နံအလိုက်အမြစ်ကျရောက်သောအပင်ကို ဂြိုလ်သက်အတိုင်းရေလောင်းရပါမည်။

*ဒုတိယအနေဖြင်မိမိတို့မွေးနံသည် ပဉ္စပွတ်ဟုခေါ်သော နဝင်းဌာနရပ်တည်နေချိန်တွင် နေ့သားအလိုက်အညွန့်ဓာတ်ပန်းကို ဂြိုလ်သက်အလိုက် ယုံကြည်ကိုးကွယ်ရာဘုရားအားရိုသေလေးမြတ်စွာပူဇော်ဆုတောင်းရပါမည်။

*တနင်္ဂနွေသားသမီးများသည်…
ဦးစွာပထမအနေဖြင့် သောကြာနေ့ညနေ၄နာရီခွဲမှည၇နာရီခွဲအတွင်း ဒန်းပင် သို့မဟုတ် နာနတ်ပင် သို့မဟုတ် ထန်းပင်၏ခြေရင်းအမြစ်ကို ရေသန့်သန့်ဖြင့်၁၀ခွက်လောင်းရပါမည်။

ဒုတိယအနေဖြင့် ဗုဒ္ဓဟူးနေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်းမိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်အား ကံကော်၁၅ညွန့် သို့မဟုတ် ကြံ၁၅ညွန့်လှူဒါန်းပြီး ဖြစ်နိုင်ခြေရှိသော သဘာဝကျသော တောင်းဆုတစ်ခုကိုပြုရပါမည်။လက်ရှိကြုံနေသော အခက်အခဲ များမှလည်းလွတ်မြောက်အောင်တောင်းဆုပြုနိုင်ပါသည်။ ရှေ့နောက်အစီစဉ်လွဲ၍မရပါ။ဦးစွာသတ်မှတ်ထားသောရေလောင်းအစီအရင်ပြီးမှ ဒုတိယပန်းအညွန့်လှူဆုတောင်းမှုပြုရပါမည်။တစ်နှစ်အတွင်း၉ကြိမ်ပြည့်အောင်ဆောင်ရွက်ပါ။

*တနင်္လာ သားသမီးများသည်…

ဦးစွာပထမအနေဖြင့် စနေ နေ့ညနေ၄နာရီခွဲမှည၇နာရီခွဲအတွင်း အုန်းပင် သို့မဟုတ် ဧကရာဇ်ပင် ၏ခြေရင်းအမြစ်ကို ရေသန့်သန့်ဖြင့်၆ခွက်လောင်းရပါမည်။
ဒုတိယအနေဖြင့် ကြာသပတေး နေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်းမိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်အား ဇော်စိမ်း၈ညွန့် သို့မဟုတ် ဇီးညွန့်၈ညွန့်(ဆူးဖယ်ပြီး)လှူဒါန်းပြီး ဖြစ်နိုင်ခြေရှိသော သဘာဝကျသော တောင်းဆုတစ်ခုကိုပြုရပါမည်။

လက်ရှိကြုံနေသော အခက်အခဲ များမှလည်းလွတ်မြောက်အောင်တောင်းဆုပြုနိုင်ပါသည်။ ရှေ့နောက်အစီစဉ်လွဲ၍မရပါ။ဦးစွာသတ်မှတ်ထားသောရေလောင်းအစီအရင်ပြီးမှ ဒုတိယပန်းအညွန့်လှူဆုတောင်းမှုပြုရပါမည်။တစ်နှစ်အတွင်း၉ကြိမ်ပြည့်အောင်ဆောင်ရွက်ပါ။

*အင်္ဂါ သားသမီးများသည်…

ဦးစွာပထမအနေဖြင့် တနင်္ဂနွေ နေ့ညနေ၄နာရီခွဲမှည၇နာရီခွဲအတွင်း ကြံပင် သို့မဟုတ် ကံကော်ပင် ၏ခြေရင်းအမြစ်ကို ရေသန့်သန့်ဖြင့်၁၅ခွက်လောင်းရပါမည်။
ဒုတိယအနေဖြင့် သောကြာ နေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်းမိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်အား ရွက်လှ၁၇ညွန့် သို့မဟုတ် ဝါးညွန့်၁၇ညွန့်လှူဒါန်းပြီး ဖြစ်နိုင်ခြေရှိသော သဘာဝကျသော တောင်းဆုတစ်ခုကိုပြုရပါမည်။လက်ရှိကြုံနေသော အခက်အခဲ များမှလည်းလွတ်မြောက်အောင်တောင်းဆုပြုနိုင်ပါသည်။ ရှေ့နောက်အစီစဉ်လွဲ၍မရပါ။ဦးစွာသတ်မှတ်ထားသောရေလောင်းအစီအရင်ပြီးမှ ဒုတိယပန်းအညွန့်လှူဆုတောင်းမှုပြုရပါမည်။တစ်နှစ်အတွင်း၉ကြိမ်ပြည့်အောင်ဆောင်ရွက်ပါ။

*ဗုဒ္ဓဟူး သားသမီးများသည်…

ဦးစွာပထမအနေဖြင့် တနင်္လာ နေ့ညနေ၄နာရီခွဲမှည၇နာရီခွဲအတွင်း ဇီးပင် သို့မဟုတ် ဇော်စိမ်းပင် ၏ခြေရင်းအမြစ်ကို ရေသန့်သန့်ဖြင့်၈ခွက်လောင်းရပါမည်။
ဒုတိယအနေဖြင့် စနေနေ့ နေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်းမိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်အား ပျဉ်းမ၁၉ညွန့် သို့မဟုတ် ပေါက်၁၉ညွန့်လှူဒါန်းပြီး ဖြစ်နိုင်ခြေရှိသော သဘာဝကျသော တောင်းဆုတစ်ခုကိုပြုရပါမည်။လက်ရှိကြုံနေသော အခက်အခဲ များမှလည်းလွတ်မြောက်အောင်တောင်းဆုပြုနိုင်ပါသည်။ ရှေ့နောက်အစီစဉ်လွဲ၍မရပါ။ဦးစွာသတ်မှတ်ထားသောရေလောင်းအစီအရင်ပြီးမှ ဒုတိယပန်းအညွန့်လှူဆုတောင်းမှုပြုရပါမည်။တစ်နှစ်အတွင်း၉ကြိမ်ပြည့်အောင်ဆောင်ရွက်ပါ။

*ကြာသပတေး သားသမီးများသည်…

ဦးစွာပထမအနေဖြင့် အင်္ဂါ နေ့ညနေ၄နာရီခွဲမှည၇နာရီခွဲအတွင်း ဝါးပင် သို့မဟုတ် ရွက်လှ ပင် ၏ခြေရင်းအမြစ်ကို ရေသန့်သန့်ဖြင့်၁၇ခွက်လောင်းရပါမည်။
ဒုတိယအနေဖြင့် တနင်္ဂနွေ နေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်းမိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်အား သီဟို၂၁ညွန့် သို့မဟုတ် သီးညွန့်၂၁ညွန့်လှူဒါန်းပြီး ဖြစ်နိုင်ခြေရှိသော သဘာဝကျသော တောင်းဆုတစ်ခုကိုပြုရပါမည်။လက်ရှိကြုံနေသော အခက်အခဲ များမှလည်းလွတ်မြောက်အောင်တောင်းဆုပြုနိုင်ပါသည်။ ရှေ့နောက်အစီစဉ်လွဲ၍မရပါ။ဦးစွာသတ်မှတ်ထားသောရေလောင်းအစီအရင်ပြီးမှ ဒုတိယပန်းအညွန့်လှူဆုတောင်းမှုပြုရပါမည်။တစ်နှစ်အတွင်း၉ကြိမ်ပြည့်အောင်ဆောင်ရွက်ပါ။

*သောကြာ သားသမီးများသည်…

ဦးစွာပထမအနေဖြင့် ဗုဒ္ဓဟူး နေ့ညနေ၄နာရီခွဲမှည၇နာရီခွဲအတွင်း ပျဉ်းမပင် သို့မဟုတ် ပေါက် ပင် ၏ခြေရင်းအမြစ်ကို ရေသန့်သန့်ဖြင့်၁၉ခွက်လောင်းရပါမည်။
ဒုတိယအနေဖြင့် တနင်္လာ နေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်းမိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်အား ဒန်းညွန့်၁၀ညွန့် သို့မဟုတ် ထန်းညွန့်၁၀ညွန့်လှူဒါန်းပြီး ဖြစ်နိုင်ခြေရှိသော သဘာဝကျသော တောင်းဆုတစ်ခုကိုပြုရပါမည်။လက်ရှိကြုံနေသော အခက်အခဲ များမှလည်းလွတ်မြောက်အောင်တောင်းဆုပြုနိုင်ပါသည်။ ရှေ့နောက်အစီစဉ်လွဲ၍မရပါ။ဦးစွာသတ်မှတ်ထားသောရေလောင်းအစီအရင်ပြီးမှ ဒုတိယပန်းအညွန့်လှူဆုတောင်းမှုပြုရပါမည်။တစ်နှစ်အတွင်း၉ကြိမ်ပြည့်အောင်ဆောင်ရွက်ပါ။

*စနေ သားသမီးများသည်…

ဦးစွာပထမအနေဖြင့် ကြာသပတေး နေ့ညနေ၄နာရီခွဲမှည၇နာရီခွဲအတွင်း သီဟိုပင် သို့မဟုတ် သီး ပင် ၏ခြေရင်းအမြစ်ကို ရေသန့်သန့်ဖြင့်၂၁ခွက်လောင်းရပါမည်။
ဒုတိယအနေဖြင့် အင်္ဂါ နေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်းမိမိတို့ယုံကြည်ကိုးကွယ်ရာဘုရားရှင်အား အုန်း၆ညွန့် သို့မဟုတ် ဧကရာဇ်၆ညွန့်လှူဒါန်းပြီး ဖြစ်နိုင်ခြေရှိသော သဘာဝကျသော တောင်းဆုတစ်ခုကိုပြုရပါမည်။လက်ရှိကြုံနေသော အခက်အခဲ များမှလည်းလွတ်မြောက်အောင်တောင်းဆုပြုနိုင်ပါသည်။ ရှေ့နောက်အစီစဉ်လွဲ၍မရပါ။ဦးစွာသတ်မှတ်ထားသောရေလောင်းအစီအရင်ပြီးမှ ဒုတိယပန်းအညွန့်လှူဆုတောင်းမှုပြုရပါမည်။တစ်နှစ်အတွင်း၉ကြိမ်ပြည့်အောင်ဆောင်ရွက်ပါ။

ကောင်းမြတ်သောလိုရာဆန္ဒများပြည့်ဝကြပါစေ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...