အရှင်သာရိပုတ္တရာ ဂါထာ (သို့) သိကြားမင်းသက်တော်စောင့်ဂါထာ (သို့) ရွှေ ငွေ အ သ ပြာ တစ် သိန်း ထိုက် သော ဂါထာ

Astrology
အရှင်သာရိပုတ္တရာ ဂါထာ (သို့) သိကြားမင်းသက်တော်စောင့်ဂါထာ (သို့)
ရွှေ ငွေ အ သ ပြာ တစ် သိန်း ထိုက် သော ဂါထာ

#ဝေဒါသာကု ၊ #ကုသာဒါဝေ
#ဒါယသာဒ ၊ #ဒသာယဒါ
#သာသာဓိကု ၊ #ကုဓိသာသာ
#ကုဒကုဘု ၊ #ဘုကုဒကု
#ဒေဝါကာနိ ၊ #နိကာဝါဒေ
#ဝါဟိကာသု ၊ #သုကာဟိဝါ
#ကာကာယဘေ ၊ #ဘေယကာကာ
#နိဿုပါရံ|#ရံပါဿုနိ

ဤ ဂါထာ ကား သိသူ များပေ၏။
သို့ပေသော်ကား ဂါထာ ၏ အကျိုးထူးများ…အသုံးပြုပုံ နည်းနာနိဿယ များကို လိုင်းပေါ်
သိပ်မတွေ့ရပေ။

ဂါထာ၏ အကျိုးထူးများကား—
-တနေ့ ၂ ခါရွတ် လူတို့၏ စိတ်ကို သိနိုင်၏။
-တနေ့ ၃ ခါရွတ် ပညာကြီး၏။
-တနေ့ ၈ ခါရွတ် အာနုဘော်ကြီး၏။
-ခရီးသွားသော် ၇ ခါရွတ်။
-တောမာ အိပ်သော် ကျောက်ခဲ လေးလုံးကို ၇ ခါမန်းရွတ်၊အရပ် လေး မျက်နှာတွင် ထားအိပ်၊ဘေးရန်တို့ မဝင်နိုင်။
-သူနာ အသဲအသန် ရှိမူ ရေ ကို
(၃၇) အုပ် မန်း၍တိုက် ချမ်းသာ၏။
-မြွေဆိပ်မွှန်သော် ထိပ် က ၇ အုပ် မန်း၍ချ ချမ်းသာ၏။
-မြွေကိုက်သော် ရေ ကို (၃၇) အုပ် မန်း၍ လိမ်းသော် ကြက်သရေ တိုးတက်၏။
-သက်ကယ်ပင် လေး ပင် ကို သုံးအုပ် မန်း၍ အိမ် လေးထောင့်မှာချ နတ်ရဲ စုန်းရဲ မကပ်ဝံ့ပြီ။

-နံ့သာရေကို မန်း၍လိမ်း ဘုန်းကြက်သရေ တိုး၏။အာဏာစက် ရှိ၏။
-သဲ ကို ၇ အုပ် မန်း၍ အိမ်နေရာ ကျောင်းနေရာ တို့မာ ဖြူး။ ရန်သူတို့သည် တုပ်ဝပ် ကျိုးနွံလာရ၏။
-အနာဟူသမျှ ကုသလေကုန်။အရေးရှိလျှင် ရေ ကို မန်း၍ တိုက် သောက်၊ ရန်သူ ဟူသမျှ ပြေးလေ၏။

-ဖယောင်း ကို ၃၇ အုပ်မန်း၍ အိမ်၊ ကျောင်း ၊ ဆိုင် အစရှိသည်တို့၌
ထောင့် လေး ထောင့် မှာကပ်…
ရန်သူ ဟူသမျှ ကြောက်ရွံ့၏။
-ထုံး ကို ၇ အုပ် မန်း၍စား သိဒ္ဓိ အစုံရ၏။
-ကွမ်းသီး ကို ၇ အုပ် မန်း၍စား
သဗ္ဗသျှို ပြီး၏။

-နေ့တိုင်း ရွတ်ဖတ်သော် စီးပွားဥစ္စာ ရတနာ ရွှေ ငွေ အခြွေအရံ စည်ကား တိုးတက်၏။
-စပါး မျိုး တို့ကို မကြဲ မစိုက် မပျိုးမီ ၃၇ အုပ် မန်း၍ ကြဲပျိုးရသော် ပိုးမွား တိရိစ္ဆာန်၊ရန်သူ တို့ မဖျက်ဆီးနိုင်တော့ပြီ။
-၇ အုပ်စီ ပီပီသသ ကျကျနန ရွတ်တတ်ပါက အတိုင်းမသိ သော အကျိုးထူး ကို ခံစားရပါလိမ့်မည်။

စာကြွင်း အခု ရေတွင်းတူး အခု ရေကြည် သောက်လို့ အဆင်မပြေပါ။
ထုံအောင် ရွတ်ထားနိုင်မှသာ…
အရေးကြုံလျှင်… ကျမ်းဆရာ ညွှန်ကြားချက် နည်းနာနိဿယ
အတိုင်း အောင်မြင်မည်ဟု သိမှတ်ပါ။

Credit photo
မူရင်းရေးသားသူအား Credit

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...