ကိုယ်စောင့်နတ်အကြောင်းနှင့်လူကိုစောင့်ရှောက်ပုံအကြောင်း
မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား?
ဖြေ > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ် ။
မကောင်းမှုပြုသောသူသည်
သူမကောင်းမှုပြုတဲ့အကြောင်းကို
သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ၊
ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ၊
ထိုနောက်သူတပါး၏ စိတ်ကို
ဖေါက်ထွင်းသိမြင်နိုင်သော တန်ခိုးရှင်များသိ၏ လို့”
ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ ”
အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး
လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ် ။
နောက်မေးခွန်းတခုက …
မေး >လူကိုဘယ်လို
စောင့်ရှောက်သလဲဆိုတာပါ ။
ဘုန်းကံကြီးမားတဲ့ လူကို
စိတ်ဓာတ်အင်အား
ခိုင်မာတောင့်တင်းမှုရှိတဲ့
သူတော်ကောင်းနတ်များက
စောင့်ရှောက်ကြပါတယ် ။
ဘုန်းကံမွဲမွဲ လူများကိုတော့
တန်ခိုးသေးနုပ်ပြီး
စိတ်ဓာတ်အင်အား
ခိုင်မာတောင့်တင်းမှု မရှိတဲ့
နတ်သေးနတ်မွှားလေးတွေ
စောင့်ရှောက်ကြပါတယ် ။
တန်းခိုးအင်အားကြီးမားလေ
လုပ်နိုင်တဲ့အရာတွေ ၊
လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့
သူလုပ်နိုင်တဲ့ပမာဏ
သူလုပ်ခွင့်ရှိတဲ့
အတိုင်းအတာထဲကနေ
ကူညီစောင့်ရှောက် ပေးကြပါတယ် ။
ရှေးက ဗာရာဏသီမင်းဟာ
ကောသလမင်းကို သတ်ပြီး
တိုင်းပြည်ကိုသိမ်းပိုက် ၊
ကောသလမင်းရဲ့ မိဖုရားကိုလည်း
သူမိဖုရားအဖြစ်
သိမ်းပိုက်ခဲ့ပါတယ် ။
အဲဒီမိဖုရားကြီးမှာ
သွားလေသူ ကောသလမင်းကြီးနဲ့
ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ် ။
အချိန်တန်တော့သားယောကျာ်းလေး မွေးဖွားခဲ့တယ် ။
အရွယ်ရောက်လာချိန်မှာ
အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့
မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ် ။
ဒါကို ဗာရာဏသီမင်းကြီးကသိလို့
မင်းသားကိုသတ်ဘို့ လုပ်တယ် ။
အဲဒါကို မင်းသားလေးကို
သေဘေးကလွတ်အောင်
ကယ်တင်ပေးခဲ့တယ် ။
ကယ်တင်ပေးသူက
မင်းသားလေးရဲ့
ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ် ။
နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့
ပမာဏ အားလျှော်စွာ
လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့
မှတ်သားစေချင်ပါတယ် ။
နောက်မေးခွန်းတခုက ……
နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ ။
လူကိုယ်ထဲမှာ မနေပါဘူး ။
အပြင်ဘက်မှာနေပါတယ် ။
ကိုယ်စောင့်နတ်ဆိုတာ
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့
ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ ။
လူ့ ကိုယ်ထဲမှာ နတ်ရှိရင်
အဲဒီလူမျိုးကို တချို့က
စုန်းလို့သတ်မှတ်ကြပါတယ် ။
နောက်မေးခွန်းတခု ….
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ ။
လူတိုင်းမှာသဘာဝအားဖြင့်
ကိုယ်စောင့်နတ်ရှိပါတယ် ။
အထက်မှာဆိုထားသလို
ဘုန်းကံကြီးမားတဲ့လူကို
စိတ်ဓာတ်အင်အား
ခိုင်မာ တောင့်တင်းတဲ့
သူတော်ကောင်းနတ်များက
စောက်ရှောက်ပြီး
ဘုန်းကံမွဲမွဲ လူများကိုတော့
တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား
ခိုင်မာတောင့်တင်းမှုမရှိတဲ့
နတ်သေးနတ်မွှားလေးတွေက
စောင့်ရှောက်ပါတယ် ။
ကိုယ်စောင့်နတ်တွေဆိုတာ
သူစောင့်ရှောက်တဲ့
လူရဲ့အလိုကို လိုက်ပြီး
ပြောင်းလဲတတ်ကြပါတယ် ။
များသောအားဖြင့်
တချို့သေးနုပ်ပြီး
စိတ်ဓါတ်အင်အား
ခိုင်မာတောင့်တင်းမှုမရှိတဲ့
ကိုယ်စောင့်နတ်တွေပေါ့ ။
ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့
လူကကောင်းရင်
သူလည်း လိုက်ကောင်းပြီး
သူစောင့်ရှောက်တဲ့သူက ဆိုးရင်
သူလည်း လိုက်ပြီး
ဆိုးသွားတတ်ပါတယ် ။
တန်ခိုးကြီးမားပြီး
စိတ်ဓာတ်အင်အား
ခိုင်မာတောင့်တင်းတဲ့
နတ်များကတော့
သူတို့မကြိုက်တာလုပ်ရင်
အဲဒီလူကို စွန့်ပယ်ပြီး
ထွက်သွားတတ်ကြပါတယ် ။
လူပြောင်းတိုင်းလည်း
သူကလိုက်ပြီး
မပြောင်းလွဲတတ်ပါဘူး ။
ဥပမာအားဖြင့်…
စေတိယမင်းကို
တန်ခိုးကြီးတဲ့
နတ်သားလေးပါး
စောင့်ရှောက်ပါတယ် ။
စေတိယမင်း မုသားပြောတော့
နတ်သားလေးပါးက
စေတိယမင်းကို
တခါထဲ စွန့်ပစ်
ထွက်သွားကြပါတယ် ။
ဒါကြောင့်
လူတိုင်းမှာ
သဘာဝအားဖြင့်
ကိုယ်စောင့်နတ်ရှိကြသော်လည်း
ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့
ကိုယ်စောင့်နတ်ရဲ့ စွန့်ပစ်ခြင်း ခံကြရလို့
ကိုယ်စောင့်နတ် မရှိတဲ့
လူမျိုးတွေလည်း ရှိကြပါတယ် ။၊
ဒါကြောင့်
ကိုယ်စောင့်နတ်မြဲချင်ရင်
သီလမြဲကြပါလို့
တိုက်တွန်းပါရစေ…..။
ရေးသူ > အရှင်ခေမာနန္ဒ
ရေးသားသူ –သာထက်ဇော် ( မကွေး )
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။