ကံနိမ့်တယ်ဆိုရင်ကံမြှင့်ပေးလိုက်ပါ

Astrology
ကံနိမ့်တယ်ဆိုရင်ကံမြှင့်ပေးလိုက်ပါ

လောကကြီးမှာ ဘာပဲလုပ်လုပ် အမြဲတမ်း အဆင်ပြေတယ် ။ တသမတ်တည်း ဖြစ်နေတယ်ဆိုတာမျိုးက မရှိပါဘူး ။ အလုပ်အကိုင်တွေလည်း ကောင်းလိုက် မကောင်းလိုက် ကျမ်းမာရေးလည်း ကောင်းလိုက် ညံ့လိုက် ၊ ဒါမှမဟုတ် စီးပွားရေးလည်း ကျလိုက် တက်လိုက် စသဖြင့် ဘ၀ပင်လယ်ပြင်မှာ ကံကြမ္မာရေလှိုင်းရဲ့ နိမ့်ရာမြင့်ရာအတိုင်း ​မျောပါနေကြရပါတယ် ။ အဲဒီလို ကျင်လည်နေကျရတဲ့အတွက် အဆင်ပြေနေရာကနေ ရုတ်တရက် အဆင်မပြေဖြစ်ခြင်း ၊ အလုပ်အကိုင် မကောင်းဖြစ်ခြင်း ၊ လဘ်လာဘပိတ်ခြင်း စတာတွေကို တွေ့တဲ့အခါ “ငါကံဆိုးနေပါလား”ကံတွေ နိမ့်နေပါလား”လို့ စိတ်ထဲမှာ ဖြစ်ပေါ်လာရင်မြတ်စွာဘုရားကို ရည်မှန်းလို့ ကျွန်တော်တို့ အဘဝိဇ္ဇာ ဒေါက်တာမင်းသိင်္ခရဲ့ အကြိမ်ကြိမ် အောင်မြင်မှု ရရှိခဲ့တဲ့ အခုယတြာကို ပြုလုပ်ပေးလိုက်ပါ ။ အဲဒီလို ပြုလုပ်လိုက်ရင် မိတ်ဆွေရဲ့ ကံ ပြန်လည် မြင့်မားလာတာကို တွေ့ရပါလိမ့်မယ် ။

တနင်္ဂနွေသားသမီးဖြစ်ပါက ငှက်ပျောသီး (၁၀)လုံး ကို အခွံနွာပြီး ကြွေပန်းကန်ပြားမှာ ထည့်ပါ ။ အပေါ်ကနေ သကြားဖြူးပါ ။ တနင်္ဂနွေနေ့ နံက် (၉း၄၅)နာရီတိတိ မှာ နေအိမ်ဘုရားကျောင်းဆောင်တွင် ဆွမ်းတော် ကပ်လှူဒါန်းပေးပါလေ…။

တနင်္လာသားသမီး ဖြစ်ပါက ကြွေပန်းကန်လုံးမှာ ဇီးသီး သို့မဟုတ် ဇီးယို အပြည့်ထည့်ပြီး တနင်္လာနေ့ နံက် (၉း၄၅)နာရီတိတိမှာ နေအိမ်ဘုရားကျောင်းဆောင်တွင်ဆွမ်းတော် ကပ်လှူဒါန်းပေးပါလေ ။

အင်္ဂါသားသမီး ဖြစ်ပါက ကြွေပန်းကန်ပြားအတွင်း လက်ဖက် အသားချည်း (၅)ပုံ ပုံပြီး အင်္ဂါနေ့ နံနက် (၉း၄၅)နာရီတိတိမှာ နေအိမ်ဘုရားကျောင်းဆောင်တွင် ဆွမ်းတော် ကပ်လှူဒါန်းပေးပါလေ ။

ဗုဒ္ဓဟူးသားသမီး ဖြစ်ပါက ကြွေပန်းကန်ပြား ( ၃ )ချပ်တွင် ပဲပြုတ်များထည့်ကာ ဗုဒ္ဓဟူးနေ့နံနက် (၉း၄၅)နာရီတိတိမှာ နေအိမ်ဘုရားကျောင်းဆောင်တွင်ဆွမ်းတော် ကပ်လှူဒါန်းပေးပါလေ ။

ကြာသပတေးသားသမီးဖြစ်ပါက သရက်သီး (၆)စိပ်ကို ကြာသပတေးနေ့ နံနက် (၉း၄၅)နာရီတိတိမှာ မိမိ နေအိမ်ဘုရားကျောင်းဆောင်တွင် ဆွမ်းတော် ကပ်လှူဒါန်းပေးပါလေ ။

သောကြာသားသမီးဖြစ်ပါက ဖန်ခွက် (၈)ခွက်နဲ့ နွားနို့ စစ်စစ်ကို အစိမ်းအတိုင်းထည့်ပြီး သောကြာနေ့ နံနက် (၉း၄၅)နာရီတိတိမှာ မိမိ နေအိမ်ဘုရားကျောင်းဆောင်တွင် ဆွမ်းတော် ကပ်လှူဒါန်းပေးပါလေ ။

စနေသားသမီးဖြစ်ပါက အုန်းသီးကို ခြစ်၍ ကြွေပန်းကန်ပြား အသေး (၈)ပန်းကန်မှာ ထည့်ပြီး စနေနေ့ နံနက် (၉း၄၅)နာရီတိတိမှာ မိမိ နေအိမ်ဘုရားကျောင်းဆောင်တွင် ဆွမ်းတော်ကပ်လှူဒါန်းပေးပါလေ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...