ငှက်ပျောတစ်တောင်တုံး မီးပန်းကုံး

Astrology
ငှက်ပျောတစ်တောင်တုံး မီးပန်းကုံး

တစ်နေ့တွင် ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေကိုလှဖေ ဆိုသူရောက် လာလေ၏ သူသည် ကျွန်ုပ်ကိုတွေ့လျှင်တွေ့ချင်း
“ဆရာသမား .. ကျုပ်ကိုယတြာလေးဘာလေးလုပ်ပါ ဦးဗျာ. . . လူတစ်ယောက်က ကျုပ်အိမ်ရှေ့လာပြီး ကျုပ်ကိုလာလာကြည့်တယ်. . . အဲဒီလိုကြည့်ရုံနဲ့
လည်းမပြီးသေးဘူး ကျုပ်အိမ်နဲ့မျက်စောင်းထိုးက
လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးကျုပ်အိမ်ကိုတစ်နေ
ကုန်ကြည့်နေတာပဲ. . . ကျုပ်ဖြင့်အူယားလိုက်တာ
မပြောပါနဲ့. . . အဲဒီငတိတစ်နေကုန်လာပြီးမကြည့် အောင်ခင်ဗျားပညာနဲ့ လုပ်ပေးစမ်းပါဗျာ”
ဟုအကူအညီတောင်းလေတော့၏။

ကျွန်ုပ်လည်း မိုးကောင်းကင်ဆီသို့မော့၍ မျက်စိမှိတ် ထားပြီးကာ ကောင်းကင်မှယတြာကိုစိတ်တွင်းမှ တောင်းလိုက် လေ၏။ ထိုသို့ တောင်းလိုက်လျှင် ကျွန်ုပ်၏အာရုံထဲ၌ အဖိုးကြီးတစ်ဦးသည် တစ်တောင်ခန့်ရှိသော ငှက်ပျောတုံးပေါ်တွင် ဝါးခြမ်းပြားကိုလေးကိုင်းသဏ္ဍာန်စိုက်၍ ထိုဝါးခြမ်းပေါ်တွင် ဖယောင်းတိုင် ၉တိုင်စိုက်၍ ခြံစည်းရိုးတိုင်ပေါ်တွင် ဖယောင်းတိုင် ပေါ်တွင် တင်ထားသည်ကို တွေ့ ရလေ၏။

ထို့နောက် ထိုအဖိုးကြီးက
“ရန်ရှိတာရန်မလာအောင်လုပ်တဲ့နည်းတွေထဲမှာ
ဒီနည်း အကောင်းဆုံးပဲ မှတ်ထားကွ ငှက်ပျောတစ်
တောင်တုံးမီးပန်းကုံး’
ဟုပြောသည်ကိုလည်း စိတ်တွင်းမှနားလည်လိုက်၏။ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏သူငယ်ချင်းကိုလှဖေအား ထိုသို့ ပြုလုပ်ရန်မှာ လိုက်လေ၏ ကိုလှဖေသည် ကျွန်ုပ်ပြောသည့်အတိုင်း ပြုလုပ်သည်
ဟုဆို၏

သုံးရက်ခန့်ကြာသောအခါ ကျွန်ုပ်၏ မိတ်ဆွေကိုလှဖေ သည်ကျွန်ုပ်ထဲသို့ ရောက်လာပြန်၏ ထို့နောက် ကိုလှဖေက
“ဆရာသမားပြောတဲ့အတိုင်းကျုပ်လုပ်လိုက်တာ
အဆင်ပြေသွားပြီဗျ။ မနေ့က လက်ဖက်ရည်သောက်
မယ်ဆိုပြီးဟို ငတိထိုင်တဲ့ လက်ဖက်ရည်ဆိုင် ကိုဝင်သွားတာ အဲ့ဒီငတိ လက်ဖက် ရည် အတင်းဝယ်တိုက်လို့ ကျုပ်သောက်လိုက်ပါလေ
ရော့•
အဲဒီလိုသောက်နေတုန်းမှာပဲ သူကကျုပ်ကိုပြော တယ်။ ဒီမှာဦးလှဖေတဲ့. . . ခင်ဗျားအိမ်ရှေ့ကိုကျုပ် ကလာလာပြီးကြည့် တာကို စိတ်မဆိုးနဲ့နော်တဲ့. . . ကျုပ်တို့ကအလိုရှိနေတဲ့ တရားခံတစ်ဦး ခင်ဗျား ဆီမှာရှိ တယ်လို့သတင်းရလို့လာကြည့်တာပါ။ အခုတော့ တရားခံလည်း ဖမ်းမိပါပြီ။ ကျုပ်တို့လည်း လာမကြည့်တော့ပါဘူး။

သက်ဆိုင်ရာကကျုပ်ကို ပြန်သိမ်းပါပြီ။ ကဲဘယ် လောက် ကောင်းတဲ့ယတြာလည်း ဆရာသမားရယ် ကျုပ်ကဖြင့် ခင်ဗျားရှိနေရင် အားကိုရှိလို့။ နယ်တွေဘာတွေမထွက်စမ်းပါနဲ့ဗျာ။ ကျုပ်ကဖြင့် လိုက်လိုက်ရှာရတာ။ နယ်တွေဘာတွေ မသွားစမ်းပါ နဲ့ဗျာ။ ကိုယ့်အိမ်မှာကိုယ်နေစမ်းပါ။ဟုဆိုကာ အလွန်ရှားပါးသော အင်္ဂလိပ်အားဆေးတစ်ပုလင်း ကန်တော့၍ ပြန်သွားလေတော့သတည်း.

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...