တော်သလင်းလ အတွက်အကောင်းဆုံးယတြာ

Astrology
တော်သလင်းလ အတွက်အကောင်းဆုံးယတြာ

တော်သလင်းလဆန်း(၁)ရက်နေ့ (3.9.2024) မှ တော်သလင်းလကွယ်(2.10.2024)အထိတစ်လတာလုံး

“​ မြေအိုး၊အောင်အိုး၊ငွေအိုး၊ကြေးအိုး အဆင်ပြေရာ
အိုးအသေးတစ်လုံးထဲတွင် ရေသန့်အပြည့်နီးပါးထည့်၍
#သပြေညွန့်အသန့်များ နှင့် #အနီရောင်နှင်းဆီပန်းများ
ကို အညွန့်အရေအတွက် မိမိစိတ်တိုင်းကျ ထိုအိုးထဲတွင်
စိုက်ထည့်လိုက်ရပါမည်။သပြေ နှင့် နှင်းဆီ အိုး၏
အပြင်မျက်နှာပြင် တစ်ဝိုက်ပေါ်တွင် ဆော့ပင်(သို့)
#ငွေဝင်စေ ဟူ၍ သေချာရေးပေးပါ။
ယခုယတြာအစီအရင်ကို အိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အားရိုသေစွာလှူဒါန်းပေးနေရမည်။

ယခုလတစ်လတာတွင် #‌ကိုကာကိုလာအအေးတစ်ခွက်
နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေခြင်းဖြင့်
မိမိအတွက်ထူးခြားမှူဖြစ်စဉ်များကောင်းကျိုးများစွာ
ကိုလည်း ရရှိခံစားနေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။

နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*

ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်
ဣတိပိသောဘဂဝါသတ္ထာဒေဝမနုဿာနံ=၂၁ခေါက်

တော်သလင်းလအတွင်းလာဘ်ပွင့်အရပ်မျက်နှာများ

◾️တနင်္ဂနွေနေ့=အရှေ့ရပ်
◾️တနင်္လာနေ့=မြောက်အရပ်
◾️အင်္ဂါနေ့=အရှေ့တောင်အရပ်
◾️ဗုဒ္ဓဟူးနေ့=အနောက်တောင်အရပ်
◾️ကြာသပတေးနေ့=တောင်အရပ်
◾️သောကြာနေ့=အနောက်အရပ်
◾️စနေနေ့=အနောက်မြောက်အရပ်

အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်
အရပ်မျက်နှာမူ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး
တော်သလင်းလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် စီးပွါးလာဘ်လာဘများတိုးတက်အဆင်ပြေ၍ #ငွေဝင်များ နေရပါလို၏။”

ယတြာလုပ်ဆောင်ရာ၌ အသုံးပြုရမည့်
သပြေညွန့်များ နှင့် နှင်းဆီပန်းများကို
အညွန့်အရေအတွက်များကို
မိမိဆန္ဒအရေအတွက်ဖြင့်
လှူဒါန်း နိုင်ပါတယ် ခင်ဗျ….။

ယတြာပြုလုပ်ပြီးသား အိုးကို အသစ်တစ်ဖန်
မလှဲရပါ။ယခင်အသုံးပြုထားသော အိုးသေးနှင့်
သာ ယတြာလုပ်ဆောင်နိုင်ပါတယ်။

ဤယတြာအစီအရင်ကို နှစ်ရက်လျှင် တစ်ကြိမ်
အထက်ပါနည်းအတိုင်း သတိတရလေး နှင့်
တိကျစွာပြန်လည်၍ ပြုလုပ်ပေး နေခြင်းဖြင့်
တော်သလင်းလအတွင်း ကံကောင်းခြင်းများ
ရယူပိုင်ဆိုင်လိုက်ပါ မိတ်ဆွေ။

ဤယတြာကို တော်သလင်းလ တစ်လတာလုံး၌
မည်သည့်နေ့ရက်မှမဆို စတင်၍ လုပ်ဆောင်
နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်
ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက
တော်သလင်းလ တစ်လတာလုံး အတွင်း၌ မိမိသည်
အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေး၍
စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...