ထိပ်ဆုံးမှအောက်ခြေသို့ရောက်သွားသောသူ

Astrology
ထိပ်ဆုံးမှအောက်ခြေသို့ရောက်သွားသောသူ

ကျွန်ုပ်နှင့်လောင်းကစားဒိုင်တွေမှာ ရေစက်ပါပုံရသည်။ အမြဲလိုကြုံနေရလေသည်။ယခုတွင်လည်း
လောင်းကစားဒိုင်တစ်ဦး လက္ခဏာမေးလာခဲ့သည်။
ကျွန်ုပ်လည်း စစ်ဆေးကြည့်ရာ
အမှတ် ( ၁)
တနဂ်နွေဂြိုလ်ခုံပေါ်တွင် ထင်ရှားသော မှဲ့တစ်လုံး
ရှိနေသည်။ ထိုမှဲ့သည် သိက္ခာကျ ၊ နာမည်ကျစေခြင်း၊ ထိပ်ဆုံးရောက်နေတဲ့စီးပွားရေး၊ ရရှိနေတဲ့အောင်မြင်မှုတွေကို ဆုံးရှူံးရအောင် မကောင်းကျိုးပေးလေသည်။
အမှတ် ( ၂)
ကံလမ်းကြောင်းသည် နှလုံးလမ်းကြောင်းတွင်
ရပ်တန့်နေလေသည်။
ထိုလမ်းကြောင်းသည် ချစ်ခင်ရသူ၊ မိန်းမတစ်ယောက် စသည့်သူတွေကြောင့် စီးပွားပျက် ၊ ဘဝပျက်ကြုံရတတ်လေသည်။
ထိုနှစ်ခုပေါင်းရင် စီးပွားပျက်နာမည်ပျက်မည်။
မိန်းမတစ်ယောက်ပါဝင်ပတ်သတ်မည် ဖြစ်သည်။
ထိုသူမှာလည်း သူ၏အမေအလိုကျ လိုက်လုပ်ရင်း
စီးပွားပျက်သွားရကြောင်း ဆရာပြောတာတွေဖြစ်ပြီးနေပါပြီဟု ဝန်ခံလာသည်။

” ကျန်းမာရေး သွေးတိုးကိုသာ ဂရုစိုက်ရမည်”
ဟု ကျွန်ုပ်ပြောရာ
“သွေးတိုးလည်း ရှိနေပါတယ်ဆရာ “ဟု ပြောလာပြန်သည်။
သူ၏ဦးခေါင်းလမ်းမှာ ဘယ်သူပြောမှ အလွယ်မယုံ
လက်တွေ့ပြမှ ယုံသောသူဖြစ်သော်လည်း
စီးပွားရေး၊ကျန်းမာရေး ကျွန်ုပ်အဟောမှန်နေသောအခါ ကျွန်ုပ်အပေါ်နှင့်အဟောအပေါ်မှာ
ယုံကြည်သွားမည်မှာ သေချာနေတော့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...