နှလုံးလမ်းကြောင်းအစပျိုးပုံများ

Astrology
နှလုံးလမ်းကြောင်းအစပျိုးပုံများ

( 1 )
နှလုံးလမ်းကြောင်း ကြာသပတေး စနေကြားက အစပျိုးထားခြင်း
ပုံထဲကလို နှလုံးလမ်းက စထွက်နေရင်
လက္ခဏာရှင်ဟာ လေးနက်ခြင်း တည်ကြည်ခြင်း
ခိုင်မာခြင်း သစ္စာရှိခြင်း ကောင်းတဲ့အချက်တွေများစွာနဲ့
ချစ်တတ်ကြလိမ့်မယ်
အနစ်နာခံ ပေးဆပ်ချင်စိတ် ရှိတတ်ကြတယ်
သူတို့ဘက်က စပြီး လမ်းခွဲဖို့ဆိုတာ အတော်လေးရှားပါးပါတယ်

( 2 )


ကြာသပတေးဂြိုလ်ခုံဘေးကအစပြု နှလုံးလမ်းကြောင်း
နှလုံးလမ်းကြောင်းဟာ ကြာသပတေးဂြိုလ်ခုံဘေးက စခဲ့ရင်
လက္ခဏာရှင်ဟာ မမြင်ဖူး မူးမြစ်ထင်ဆိုသလို
အပြစ်မမြင်နိုင်အောင် သိပ်ချစ်တတ်တဲ့ သူမျိုးပါ
ဆင်ကကန်းလို့ တောတိုးတာ
သူတို့ကတော့ မကန်းပဲ တောတိုးရဲတဲ့ထိ ချစ်မိတတ်ကြပါတယ်
အချစ်အတွက်ကို အနစ်နာခံပေးဆပ်ချင်စိတ် အပြည့်ရှိကြပါတယ်

( 3)


စနေဂြိုလ်ခုံပေါ်က စတဲ့နှလုံးလမ်းကြောင်း
နှလုံးလမ်းကြောင်းက စနေဂြိုလ်ခုံရဲ့ ခြေရင်းက စထားရင်
လက္ခဏာရှင်ဟာ ဆန်ကျင်ဘက်လိင်တွေအပေါ်
အရမ်းကို ဆွဲဆောင်မှုရှိနေတတ်ကြပါတယ်
သူတို့က ကောက်ရိုးမီးလို ချစိတတ်ကြတဲ့သူတွေလဲ ဖြစ်ပါတယ်
ချစ်ခါစ ကြင်ခါစဆို ချစ်တာမှ တုန်…နေတာပဲ ဆိုတဲ့သူတွေပင်
ပြီးရင် ဘာမှမဟုတ်ကြတော့ပါဘူး
ကိုယ်ချစ်သလောက် ပြန်မချစ်ကြတော့ပါဘူး
တစ်ခါချစ်ပြီးရင်လည်း နောက်တစ်ခါ ပြန်မချစ်တတ်ကြပါဘူး
ဟန်ဆောင်လည်း ကောင်းကြပါသေးတယ်

( 4)


နှလုံးလမ်းအဖျားကိုင်းက ပုံထဲကလို ကွေးဆင်းခဲ့ရင်
လက္ခဏာရှင်ဟာ အနီးဆုံးသူရဲ့ သစ္စာဖောက်ခြင်းကို ခံရတတ်ပါတယ်
မိမိသံယောဇဥ်ရှိသူတွေနဲ့ပတ်သတ်ပြီးလည်း
ပြသနာတတ်ခြင်း အသက်နဲ့ဆိုင်တဲ့ထိ ဘေးတွေ့ခြင်း
မိမိချစ်ရသူတွေကြောင့် စိတ်ရှုပ်စရာ ကြီးကြီးမားမား ကြုံတတ်ပါတယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...