ပေါ့ပေါ့ပါးပါးယတြာများ/ ငွေဝင်၊ငွေရစေသောနည်း(သို့)ယတြာ

Astrology
ပေါ့ပေါ့ပါးပါးယတြာများ/ ငွေဝင်၊ငွေရစေသောနည်း(သို့)ယတြာ

(၁)ကလပ်တစ်ခုနှင့် ခေါင်းလောင်းတစ်လုံးဝယ်ပါ။ ထိုကလပ်ပေါ်၌ ၁၀၀၀တန်(သို့) ၁၀၀၀၀တန် တစ်ရွက် တင်၍ ထိုခေါင်းလောင်းကို တင်ထားသောပိုက်ဆံဖြင့် မကြာခဏ ခေါက်ခေါက် ပေးပါ။ (မည်သည့် ဈေးဆိုင်၊ စားသောက်ဆိုင်မဆို ဆိုင်အားလုံးအတွက် လာဘ်ဦးလာဘ်ဖျား ငွေကိုတင်၍ ခေါက်လျှင် ပိုထိရောက်ပါတယ်)။
(၂)တန်ဖိုးအမြင့်ဆုံး ‌ပိုက်ဆံ(၁၀၀၀၀တန်)အစစ်ကို တြိဂံပုံခေါက်၍ ရေမွှေးဆွတ်ပြီး ပိုက်ဆံအိတ်ထဲ ထည့်၍ဆောင်ထားပါ။ (ထိုပိုက်ဆံကို မိမိ၏ အဆောင်အနေဖြင့် သဘောထား၍ ထုတ်မသုံးပါနဲ့။)
(၃)ပိုက်ဆံ အရွက်စုံထားပါ။ တစ်ကျပ်၊ငါးကျပ်၊တစ်ဆယ်၊နှစ်ဆယ်၊ငါးဆယ်၊တစ်ရာ၊နှစ်ရာ၊ငါးရာ၊တစ်ထောင်၊ငါးထောင်၊တစ်သောင်းကျပ်တန် ငွေအရွက်စုံ တစ်စုံကို မိမိ၏ အိမ် (သို့) ဆိုင်ခန်း ပိုက်ဆံသိမ်းသော နေရာ၌၎င်း၊ နေ့စဉ်ကိုင်သော ပိုက်ဆံအိတ် (သို့) ဈေးရောင်းပြီး ပိုက်ဆံထည့်သော အံ့ဆွဲ၊ သေတ္တာပုံးတို့ထဲတွင် တစ်စုံစီ ထည့်ဆောင်ထားပါ။ ငွေရှိရာ ငွေလာပါတယ်။ မိမိထံတွင် ငွေတန်ဖိုးအစုံ ရှိထားခြင်းသည် အပြင်မှ ငွေရောက်လာစေရန်၊‌ ငွေဝင်လာစေရန် ခေါ်ယူလိုက်ခြင်း ဖြစ်ပါတယ်။


(၄)လုပ်ငန်းစတင်သည်နှင့် ရလာသော လာဘ်ဦးလာဘ်ဖျား ငွေထဲမှ တစ်ရွက်ကို ထာဝရသိမ်းထားပါ။
(၅)ဘုရားရောက်တိုင်း ခေါင်းလောင်းတွေ့လျင် “ငွေဝင်ပါစေ”ဟုဆုတောင်း၍ ခေါင်းလောင်းထိုးပေးပါ။
(၆)ကိုယ်ထုတ်သုံးလိုက်သော ငွေကို တံတွေးတို့ပေးလိုက်ပြီးမှ အသုံးပြုပေးပါ။(သုံးသလောက်ပြန်ဝင်အောင်)။ “တံတွေး”သည် အစာများကိုကြေညက်စေသလို ဆွဲဆောင်သော သံလိုက်ဓာတ်တစ်မျိုး ရှိပါတယ်။ဥပမာ အိမ်မွေးတိရစ္ဆာန်များ ကျွေးသည့် အစားအစာများထဲသို့ သခင်၏ တံတွေး ထည့်ကျွေးပါက ထိုတိရစ္ဆာန်သည် သခင်အပေါ် ခင်တွယ်ခြင်း၊ အတင်းပူးကပ်ခြင်းများကို တွေ့ရလိမ့်မည်။ထိုစွမ်းအင်ရှိသော တံတွေးကို မိမိသုံးလိုက်သော ငွေများထဲမှ တစ်ရွက်ကို တို့ပြီး “ကိုယ်အသုံးပြုသလောက် ပြန်ဝင်ပါစေ”ဟု စိတ်ထဲမှ ဆုတောင်းပြီးမှ အသုံးပြုပါ။

ငွေနှင့်ပတ်သတ်၍ ‌မပြုလုပ်သင့်သော အချက်များ

(၁) ငွေကို အင်းစမ၊ ဂါထာမန္တာန်၊ဂဏန်း၊စာတို၊ဖုန်းနံပါတ် မရေးမတို့ပါနှင့်။
(၂)ငွေကို ပိတ်ထားသော ပလတ်စတစ် မလောင်းရပါ။
ဤငွေရစေသော နည်းလမ်း(သို့) ယတြာသည် အလုပ်မလုပ်သော လူတို့၌ ထိရောက်မှုမရှိပါ။
Credit….ဆရာမ ဒေါ်အေးချမ်းမြင့် မနောမယဂျာနယ်၌ ရေး‌ခဲ့သော “ငွေ‌..ငွေ…ငွေ…လောကမှာငွေ” ဆောင်းပါးမှ ကောက်နှုတ်ချက်။
ခရက်ဒစ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...