ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်

Astrology
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်

နှင်းဆီပန်းပွင့်ကိုးပွင့်ပါသော ပုံတစ်ပုံကို ရအောင်ရှာ၏။ ထိုသို့မရလျှင်လည်း နှင်းဆီကိုးပွင့်ပုံဖြစ်စေရန် ကတ်ပြား တစ်ခုပေါ်တွင် နှင်းဆီကိုးပွင့်ကို ကပ်ရ၏။ ပြီးလျှင် လူချစ်လူခင်များစေလိုသော သူ၏ပုံကို နှင်းဆီပန်းတစ်ပွင့်တွင် ကပ်ရ၏။ ထို့နောက် ထိုသူ၏ မွေးနေ့နှင့် မိတ်ဖက်ကျသောနေ့တွင် ထိုသူ၏အိမ်၌ ထိုပုံကိုချိတ်ဆွဲရ၏။ ချိတ်ဆွဲသော နေရာမှာ လူမြင်သာသောနေရာဖြစ်ရပေမည်။ ထိုသူ၏ မိတ်ဖက်ကျသောနေ့ဆိုသည်မှာ အောက်ပါအတိုင်းဖြစ်၏။

တနင်္ဂနွေသားသမီး – ကြာသပတေးနေ့
တနင်္လာသားသမီး – ဗုဒ္ဓဟူးနေ့
အင်္ဂါသားသမီး – သောကြာနေ့
ဗုဒ္ဓဟူးသားသမီး – တနင်္လာနေ့
ကြာသပတေးသားသမီး – တနင်္ဂနွေနေ့
သောကြာသားသမီး – အင်္ဂါနေ့
စနေသားသမီး – ဗုဒ္ဓဟူးနေ့
တို့ဖြစ်ကြ၏။ ချိတ်ဆွဲရမည့်နေ့ကို သိပြီးသောအခါ၌ ချိတ်ဆွဲရမည့်နာရီကို သိရန်လိုပြန်၏။ ထိုနာရီမှာ အောက်ပါအတိုင်းဖြစ်၏။

တနင်္ဂနွေသားသမီး – နံနက် ၈ နာရီ
တနင်္လာသားသမီး – နေ့လယ် ၂ နာရီ
အင်္ဂါသားသမီး – နံနက် ၈ နာရီ
ဗုဒ္ဓဟူးသားသမီး – နံနက် ၇ နာရီ
ကြာသပတေးသားသမီး – နေ့လယ် ၂ နာရီ
သောကြာသားသမီး – နေ့လယ် ၂ နာရီ
စနေသားသမီး – နေ့လယ် ၁ နာရီ

နာရီသိသောအခါ၌ နှင်းဆီပန်း ၉ ပွင့်ပါသောပုံတွင် မိမိ၏ဓာတ်ပုံတစ်ပုံကို နှင်းဆီပန်းတစ်ပွင့်ပေါ်တွင်ကပ်၍ မိမိနှင့် သက်ဆိုင်သောနေ့၊ သက်ဆိုင်သောနာရီတွင် မိမိကိုယ်တိုင် ချိတ်ဆွဲရလေ၏။ ထို့နောက် မေတ္တာသုတ်ကို ကိုးခေါက် ရွတ်ရလေ၏။ သို့မဟုတ်ပါက သတ္တဝါအများအား မေတ္တာပို့ရ၏။ ထိုပုံကိုလည်း အမွှေးနံ့သာများ ပက်ဖျန်းရ၏။ အမွှေး တိုင်များလည်း ထွန်းပေးရလေ၏။ ထိုအခါ သူ့ထံတွင် ရစ်ပတ်နေသော အမုန်းဓာတ်များ ပျောက်လွင့်၍ လူချစ်လူခင် ပေါများလာပါလိမ့်မည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...