ပြဿဒါးနေ့ဟူသည်

Astrology
ပြဿဒါးနေ့ဟူသည်

ကျွန်တော်တို့ မြန်မာလူမျိုး ဗေဒင် ယုံကြည်ကြသူတွေအနေနဲ့ “ပြဿဒါးရက်”ကို အထူး ရှောင်ကြဥ်ကြပါတယ် ။ ကြောက်လည်း ကြောက်ကြပါတယ် ။ (တချို့ဆိုရင် “တနင်္လာနေ့”ကိုတောင် အမြဲ ရှောင်ကြတာ တွေ့ရပါတယ် ။ တစ်ကြိမ်တစ်ခါတည်းနဲ့ လုပ်ငန်းကိစ္စအဝဝ မပြီးမပြတ် ဖြစ်စေတတ်လို့…တဲ့ ။ အနောက်နိုင်ငံသားတွေအင်္ဂလိပ်ရက် Friday 13 တစ်ထပ်ထည်းကျ ရောက်တာကို ရှောင်ကြသလို ၊ ကြောက်ကြသလိုမျိုးရယ်ပေါ့ ။)

ဟုတ်ပြီ ။
ကျွန်တော် အခုတစ်ခါ ဝေမျှပေးချင်တာက တနင်္လာနေ့အကြောင်းမဟုတ်သလို Friday 13အကြောင်းလည်း မဟုတ်ပါဘူး ။ ပြဿဒါးနေ့အကြောင်း ဖြစ်ပါတယ် ။

ဟုတ်ကဲ့ ။
ပြဿဒါးနေ့ဆိုတာက အများသူငါ သိထားကြသလို တစ်မျိုး တစ်စားထည်း မဟုတ်ပါဘူး ။ ပြဿဒါးအမျိုးအစား (၃)မျိုး ရှိပါတယ် ။

အဲဒီ အမျိုးအစားတွေကတော့…

(က)နတ်ပြည်ပြဿဒါး

(ခ)နဂါးပြည်ပြဿဒါး

(ဂ)လူ့ပြည်ပြဿဒါး

နတ်ပြည်ပြဿဒါး

နတ်ပြည် ပြဿဒါးရက်ဆိုတာကတော့ မြန်မာလတစ်လရဲ့”တနင်္ဂနေနေ့ ၊ အင်္ဂါနေ့ ၊ ကြာသပတေးနေ့”တွေမှာ ပြဿဒါး ကျရောက်တဲ့ နေ့တွေပါ ။

အဲဒီလို နတ်ပြည်ပြဿဒါးနေ့တွေမှာ “ရှင်ပြု ၊ရဟန်းခံ ၊ ဘာသာရေး ၊အလှူအတန်း ၊ကျောင်း ၊ သိမ် ၊ထီးတင်” စတဲ့ကိစ္စတွေအတွက် မလုပ်ကိုင်သင့်ပါဘူး ။တခြားလောကီ မင်္ဂလာကိစ္စတွေအတွက်တော့ ရှောင်ကြဥ်စရာ မလိုအပ်ပါဘူး ။

နဂါးပြည်ပြဿဒါး

နဂါးပြည် ပြဿဒါးရက် ဆိုတာကတော့ မြန်မာလတစ်လရဲ့”သောကြာနေ့ ၊ စနေနေ့”တွေမှာ ပြဿဒါးကျရောက်တဲ့ နေ့တွေပါ ။

အဲဒီလို နဂါးပြည် ပြဿဒါးနေ့တွေမှာ “အိမ် ၊ ခြံ ၊ မြေ ၊ အဆောက်အဦး ၊ ဆိုင်ခန်း ၊ တိုက်တာ ၊ လူနေအခန်းတွေ”ကို ရောင်းဝယ်ခြင်း ရှောင်ကြဥ် ကြရပါမယ် ။တခြား လောကီရေးရာ ကိစ္စတွေအတွက်တော့ ရှောင်ကြဥ်စရာ မလိုအပ်ပါဘူး ။

လူ့ပြည်ပြဿဒါး

လူ့ပြည် ပြဿဒါးရက် ဆိုတာကတော့ မြန်မာလတစ်လရဲ့ “တနင်္လာနေ့ ၊ ဗုဒ္ဓဟူးနေ့” နေ့တွေမှာ ပြဿဒါးကျရောက်တဲ့ နေ့တွေပါ ။

အဲဒီလို လူ့ပြည် ပြဿဒါးနေ့တွေမှာ လုပ်ငန်းကိုင်ငန်းကိစ္စအဝဝ ၊ ခရီးသွားလာမှုကိစ္စ ၊ စီးပွါးရေးကိစ္စအပါအဝင် လောကီရေးရာ အစုစုမှာ မပြုလုပ်သင့်ပါဘူး ။ အခက်အခဲ အထစ်အငေါ့မျိုးစုံတွေနဲ့သာ ကြုံတွေ့ရတတ်ပါတယ် ။

တစ်လက်စတည်း မြန်မာ့ရိုးရာ ဗေဒင်ကျမ်းထဲက (မူသေ)ပြဿဒါးနေ့ ရွေးချယ်နည်းကိုပါ ပူးတွဲဖော်ပြပေးလိုက်ပါတယ် ။

တန်ခူးဝါခေါင်နတ်တော်လတွေမှာ~စနေနေ့ ၊ကြာသပတေးနေ့တွေဟာ ပြဿဒါးနေ့ ဖြစ်ပါတယ် ။

ကဆုန်တော်သလင်းပြာသိုလတွေမှာ~သောကြာနေ့ ၊ဗုဒ္ဓဟူးနေ့တွေဟာ ပြဿဒါးနေ့ ဖြစ်ပါတယ် ။

နယုန်သီတင်းကျွတ်တပိုတွဲလတွေမှာ~တနင်္ဂနွေနေ့ ၊တနင်္လာနေ့တွေဟာ ပြဿဒါးနေ့ ဖြစ်ပါတယ် ။

ဝါဆိုတန်ဆောင်မုန်းတပေါင်းလတွေမှာ~အင်္ဂါနေ့ ၊ရာဟုနေ့တွေဟာ ပြဿဒါးနေ့ ဖြစ်ပါတယ် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...