ဖုန်းရွှေပညာရပ်နှင့်ကြည့်မှန်များ

Astrology
ဖုန်းရွှေပညာရပ်နှင့်ကြည့်မှန်များ

ဖုန်းရွှေပညာရပ်ကြီးတွင် ကြည့်မှန်များနှင့်ပက်သက်ပြီး များစွာသော ပြုပြင်စီရင်ပြောင်းလဲမှုများရှိပေသည်။
ဖုန်းရွှေအတတ်ပညာအရ မိမိနေအိမ်သည် အခြားသူအဆောက်အဦးတစ်ခု၏ ထောင့်စွန်းနှင့် တည့်တည့်မတ်မတ်ကျရောက်နေခြင်းသည် မကောင်းသော အခြင်းအရာတစ်ခုဖြစ်ပြီး မျှားဦးနှင့်ချိန်ရွယ်ထားသကဲ့သို့ သဘောသက်ရောက်စေမည်။ ၄င်းအနေထားအမျိုးတွင် ၄င်းအရပ်မျက်နှာဘက်ကို မျက်နှာမူပြီး မှန်အသေးတစ်ချက်ကို ကပ်ထားပေးခြင်းဖြင့် အညံ့ဆိုးပပျောက်သွားပေမည်။

လမ်းဦးတိုက် အိမ်များတွင် မကောင်းသောဓာတ်များ လွှမ်းမိုးသက်ရောက်ခြင်းမှကင်းဝေးစေရန် ၄င်းနေအိမ်ရှေ့တည့်တည့်တွင် ကြည့်မှန် တစ်ချပ်ကို ကပ်ထားခြင်းဖြင့် လမ်းဦးတိုက်ကြောင့်ဖြစ်ပေါ်စေသော အညံ့ဆိုးမှ ကာကွယ်စေမည်ဖြစ်သည်။
ကြည့်မှန်လုံး၀မထားအပ်သောနေရာတစ်ခုမှာ အိပ်ခန်းအတွင်း ဖြစ်သည်။ အိပ်ခန်းအတွင်း ကြည့်မှန်ထားခြင်းကို ဖုန်းရွှေပညာကတားမြစ်ထားပါသည်။ အိပ်နေစဉ် မိမိပုံရိပ်ကို ပြန်မြင်နေရသော အနေထားကို အထူးရှောင်ကြဉ်သင့်ပေသည်။

ကြည့်မှန်သည် ပုံရိပ်ကိုပွားများစေသောဘောရှိရာ ထမင်းစားခန်းတွင် ကြည့်မှန်ကိုထားရှိခြင်းသည် စားရေးရိက္ခာပေါကြွယ်ဝစေခြင်း၊ နှစ်ဆပွားများစေ သောသဘောသဘာ၀ရှိသည်။

လုပ်ငန်းရုံးခန်းတွင် အတွင်းဘက်မှကြည့်သော် ဘယ်ဘက်ခြမ်းတွင်ကြည့်မှန်ထားခြင်းဖြင့် လုပ်ငန်းတိုးတက်မှုအတွက် ကံအထောက်ပံ့ကောင်းဖြစ်ထွန်းစေမည်။
စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များတွင် ငွေသိမ်းကောင်တာတွင် ကြည့်မှန်ချိတ်ဆွဲထားခြင့်းဖြင့် လုပ်ငန်းလည်ပတ်မှုကံအားကောင်းပေမည်။

ကြည့်မှန်အကွဲများ အက်နေသောမှန်များကို ချက်ချင်းစွန့်ပစ်သင့်သည်။ ၄င်းကဲ့သို့ ကွဲအက်နေသော ကြည့်မှန်များကိုထားရှိပါက ကံဇာတာအားနည်းတတ်ပြီး ရုတ်တရက်အညံ့ဆိုးကျရောက်တတ်သည်ဟု အယူအဆရှိခဲ့၏။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...