ဗုဒ္ဓေါ…သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် ဘုရားရှင်ကို ဦးထိပ်တင်

Astrology Religion
ဗုဒ္ဓေါ…သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားသိမြင် ဘုရားရှင်ကို ဦးထိပ်တင်

ပရမတ္တတရား မပျက်မစီး တည်တံ့နေတဲ့
ဓာတ်သဘော ၊ ပထဝီ တေဇော အာပေါ
ဝါယော ဓာတ်ကြီးလေးပါး အစုအဖွဲ့ …
( ွှအန္တော ဂဗ္ဘေ စရေ ဝံသေ ) ကို
သိဒ္ဓိ ယှဉ်ဖွဲ့ ….

ပြည်ဝင်ပြည်ထွက်အစီအရင်တစ်ခုကို
အောင်တေဇလို့ခေါ်တဲ့ဗိုလ်ကြီးဟောင်း
တစ်ယောက်နဲ့ပြည်မြို့ဖက်မှာ
အဓိဋ္ဌာန်ဝင်စဉ်ကရွှေဘုံသာမုနိမှာ
ပုတီးစိပ်ပြီးချိန်မှာ နံဘေးမှာလာရောက်ထိုင်နေတဲ့
အဖိုးကြီးတစ်ဦးပေးသွားတဲ့ပုတီးစိပ်နည်းပါ
ပုတီးဝါသနာပါရင်မှတ်ထားပေါ့

တနင်္ဂနွေ စနေ သားသမီးများ
အန္တောဓါတ်
မွေးနေ့နံနက်၉:၀၀တွင်နေမင်းမှထွက်ပေါ်နေသော
မီးတောက်မီးလျှံအလျှံအခိုးသတ္တိတို့ကို
စိတ်မှာအောက်မေ့လျှက်
ဗုဒ္ဓေါ-အန္တောသိဒ္ဓိ ပုတီး ၁၆ပတ်စိပ်ပါ
စိတ်ပါပါမပါပါစိပ်ပါ
မုချထူးပါမည်

တနင်္လာ ကြာသပတေးသားသမီးများ
ဂဗ္ဘေဓါတ်
မွေးနေ့နံနက် ၉:၀၀တွင်မဟာပထဝီမြေကြီး၏
ခိုင်မာ မာကျောလှပုံကိုအာရုံပြု
စိတ်မှအောက်မေ့လျှက်
ဗုဒ္ဓေါ -ဂဗ္ဘေသိဒ္ဓိ ပုတီး ၃၄ပတ်စိပ်ပါ
စိတ်ပါပါ မပါပါ စိပ်ပါ
မုချထူးပါမည်

အင်္ဂါ ရာဟု(ဗုဒ္ဓဟူးမွန်းလွဲမွေး)သားသမီးများ
စရေဓါတ်
မွေးနေ့နံနက်၉:၀၀တွင်သတ္တလောကမှလူတို့ကို
ပရဏအသက်ဓါတ်ဖြစ်တည်မှုအဓိကဖြစ်သော
လေထု၏လျှင်မြန်ပုံကိုအာရုံပြုကာ
စိတ်မှအောက်မေ့လျှက်
ဗုဒ္ဓေါ-စရေသိဒ္ဓိ ပုတီး ၂၀ပတ်စိပ်ပါ
စိပ်ပါပါမပါပါစိပ်ပါ မုချထူးပါမည်

ဗုဒ္ဓဟူး သောကြာနေ့သားသမီးများ
ဝံသေဓါတ်
မွေးနေ့နံနက်၉:၀၀တွင်ကမ္ဘာပေါ်တွင်ဧရိယာအများ
ဆုံးဖြစ်သောရေအထု၏အေးချမ်းမှုကိုအာရုံပြုကာ
စိတ်မှအောက်မေ့လျှက်
ဗုဒ္ဓေါ ဝံသေသိဒ္ဓိ ပုတီး ၃၈ပတ်စိပ်ပါ

စိတ်ပါပါမပါပါစိပ်ပါမုချထူးမည်
အပတ်စဉ်စိပ်ကသာ၍ကောင်းပါသည်
အပတ်စဉ်မစိပ်နိုင်ပါက မွေးနေ့နံနက် ၉:၀၀တွင်
ကြုံကြိုက်အားလပ်ပါကစိပ်ပါ
စိပ်ရင်စိပ်သလိုထူးပါသည်
မှတ်ချက် ။ ။ အမျိုးသမီးများရာသီသွေးပေါ်ချိန်
မစိပ်ရပါ ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...