မနက် ၃ နာရီ ဝန်းကျင်မှာ နိုးဖူးသလား ?

Astrology
မနက် ၃ နာရီ ဝန်းကျင်မှာ နိုးဖူးသလား ?

မနက်အစောကြီး သုံးနာရီ ဝန်းကျင် ၊ အတိအကျဆိုရရင် သုံးနာရီကနေ ငါးနာရီ ကြားမှာ ရုတ်တရက်နိုးလာဖူးပါသလား ?
Alarm ပေးပြီး နိုးတာကို မဆိုလိုပါ ။
ဆီးသွားချင်လို့ နိုးတာကို မဆိုလိုပါ ။

ဆီသွားချင်လို့ နိုးတဲ့အခါ အိပ်ချင်နေပါတယ် ။ ဆီးသွားပြီးရင် ချက်ချင်းပြန်အိပ်ပျော်ပါတယ် ။ ကျန်းမာရေးညံ့နေလို့ အိပ်မရတဲ့သူဆိုရင် နေ့စဉ်ရက်ဆက်မနက်အစောကြီး နိုးပြီး ပြန်အိပ်မရတော့တာမျိုးပါ ။

* အခုပြောမယ့် အကြောင်းအရာက တစ်ရက် တစ်ကြိမ် သို့မဟုတ် တခါတရံမှသာ မနက်သုံးနာရီဝန်းကျင်မှာ နိုးလာတာပါ ။
– နိုးတဲ့အခါမှာလည်း wide awake အပြည့်အဝနိုးလာတာပါ ၊ အိပ်တဝက်နိုးတဝက်မဟုတ်ပါ ။

– ဘာကြောင့်နိုးလာတာလဲဆိုရင် အကြောင်းရှိလို့ပါ ။ သင့်ရဲ့ higher self , guardian angele , any divine sources တွေက သတင်းလာပေးတာပါ ။
သင့်ဘဝက ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်တော့မယ် ၊ ကောင်းတဲ့အခွင့်အရေးတွေ လာနေပြီဆိုတာကိုပါ ။

* မြန်မာအယူကတော့
– မနက် ၁ နာရီမှာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များနဲ့ ဝိဇ္ဇာများ လာရောက်ပါတယ် ။
– မနက် ၂ နာရီကတော့ ပဋ္ဌာန်းဆက်ရှိသူများ
– မနက် ၃ နာရီကတော့ ကျွတ်လွတ်ချင်သူများ
– မနက် ၄ နာရီကတော့ နတ်ကောင်းနတ်မြတ်များ
– ၅ , ၆ , ၇ နာရီများမှာတော့ ကိုယ်စောင့်နတ်နဲ့ သိကြားမင်းလာရောက်တယ်လို့ ဆိုပါတယ် ။

* ဒီစာကိုဖတ်နေသူက မြန်မာလူမျိုးဖြစ်မယ်ထင်ပါတယ် ။ ဒါကြောင့်မြန်မာအယူနဲ့ဘဲ လုပ်ဆောင်ကြတာပေါ့ ။ သင်ဟာ အဲ့ဒီလို မနက် ၃ နာရီနဲ့ ၅ နာရီကြားမှာနိုးလာပြီး ပြန်အိပ်မရအောင်ဖြစ်နေတယ်ဆိုရင် သင့်ဘဝမှာ အ‌ရေးကြီးတဲ့အချိန်တစ်ခုကို‌ ရောက်နေလို့ပါ ။
ဥပမာ – ဆုံးဖြတ်ရခက်ခဲတဲ့ အကြောင်းအရာများရှိနေတယ် ။ ခက်ခဲကြပ်တည်းလွန်းတဲ့ အခြေအနေတစ်ခုထဲ ရောက်နေတာမျိုးမို့သာ ခုလိုနိုးလာတာပါ ။
တရားထိုင်ချင်တဲ့စိတ်ရှိရင် ထိုင်ပါ ။ ဘုရားရှိခိုးချင်ရင် ရှိခိုးပါ ။

* အဓိက လုပ်သင့်တာကတော့ အသက်ပုံမှန်ရှူပြီး စိတ်တည်ငြိမ်အောင်လုပ်ပါ ။ သင့်စိတ်က ငြိမ်သက်ပြီး တနေရာထဲကို အာရုံစူးစိုက်နိုင်မှသာ မမြင်နိုင်တဲ့ပုဂ္ဂိုလ်များနဲ့ ဆက်သွယ်နိုင်ပါတယ် ။
စိတ်တည်ငြိမ်လာရင် ဆက်သွယ်ချင်သော ပုဂ္ဂိုလ်များအား အမျှပေးဝေပါ ၊ ပေးချင်တဲ့ မက်ဆေ့များကိုပေးပါ သို့မဟုတ် လုပ်သင့်တာများရှိရင် ညွှန်ကြားပေးပါ စသည်ဖြင့် စိတ်က ပြောလိုက်ပါ ။

အကျိုးဆက်ကတော့ သင်သိချင်နေသော အကြောင်းအရာများကို ရုတ်တရက်သိလာမယ် ။ မထင်မှတ်တဲ့နေရာကနေ အကူအညီများ အဆက်အသွယ်များ အလိုလို ရလာမှာပါ ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...