မဟာဘုတ်အကြွင်းအလိုက်စရိုက်ဆိုးဥာဉ်ကလေးများ

Astrology
မဟာဘုတ်အကြွင်းအလိုက်စရိုက်ဆိုးဥာဉ်ကလေးများ

တွက်လိုပါက မိမိ မွေးဖွားတဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နဲ့ { ÷ }ပါ ။ မတွက်တတ် မတွက်လိုပါက အောက်ပါ ကျွန်တော် အသင့်တွက်ထားတဲ့ ( ၁၂၆ )နှစ်စာ မဟာဘုတ်ဇယားကြီးမှာ အကြွင်း ရှာဖွေကြည့်ရှုနိုင်ပါတယ် ။

( ၁ )ကြွင်းသမားဖြစ်ပါက

လူ့အောက်ကျို့ ဆက်ဆံတတ်ပေးပါ ။ ကြီးပွားတိုးတက် အောင်မြင်လာပါလိမ့်မယ် ။ သို့မဟုတ် လူအများကို အကျိုးသင့် အကြောင်းသင့် ချိုသာစွာ ပြောဆိုဆက်ဆံပေးပါ ။

( ၂ )ကြွင်းသမား ဖြစ်ပါက

ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယား ဆိုတဲ့ အကျင့်မျိုးကြောင့် ဘဝမှာ နှဲသမား ပါးစပ်လို ငွေကြေး စီးပွားဥစ္စာများ ပိန်လိုက် ဖောင်းလိုက်ဖြစ်နေပါလိမ့်မယ် ။

( ၃ )ကြွင်းသမား ဖြစ်ပါက

ကိုယ်မှန်တယ်ထင် ၊ အလျှော့မပေးတတ်တာကြောင့် အသံကြောင့် ဖားသေဆိုသလို ဒုက္ခရောက်ချိန် ကယ်သူကင်းမဲ့ ဖြစ်ရတတ်ပါတယ် ။ သတိပြု ဆင်ခြင်ပါ ။

( ၄ )ကြွင်းသမား ဖြစ်ပါက

စီးပွားကို လောဘဇော ဖြစ်ချင်ဇောနဲ့ လုပ်လေ မြုတ်လေ အမှားစွာနဲ့သာ ရင်ဆိုင်ရတတ်ပါတယ် ။အလှမ်းကျယ်ပြီး အလယ်လပ် ဖြစ်နေသူများ ဖြစ်ရတတ်ပါတယ် ။ သတိပြုပါ ။

( ၅ )ကြွင်းသမား ဖြစ်ပါက

ဘာကိုပဲလုပ်လုပ် စိတ်ခံစားချက်ကို ရှေ့တန်းတင်လွန်းတာမို့ ရှေ့မရောက်နိုင်ပဲ ဘဝဟာ ကလယ် ကလယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ် ။

( ၆ )ကြွင်းသမား ဖြစ်ပါက

အပြောတစ်မျိုး အလုပ်တစ်မျိုး နဲ့ ဖြစ်နေတာကြောင့် ဘဝအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေ လွဲချော်မှု မကြာခဏဆိုသလို ဖြစ်ရတတ်ပါတယ် ။

( ၀ )ကြွင်းသမား ဖြစ်ပါက

အကြောင်းအရာတစ်ခုကို စိတ်ရှည်သီးခံ ဇွဲသန်သန်နဲ့ မဆောင်ရွက်နိုင်တာကြောင့် အောင်မြင်မှုလမ်းကြောင်း နဲ့ တရွေ့ရွေ့ဝေးကွာ သွားရတတ်ပါတယ် ။

အခုလို မဟာဘုတ်အကြွင်းအလိုက် ဖွားဇာတာအရ ကိုယ့်မှာ မကောင်းတဲ့ အကျင့်ဆိုးကလေးတွေရှိနေခဲ့ရင် အမြန်ဆုံး ပြုပြင်လိုက်ပါ ။ ပြုပြင်နိုင်အောင် ကြိုးစားပါ ။ စီးပွားရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး ၊ ကျန်းမာရေးတွေ အစစအရာရာ ကောင်းမွန်သွားပါလိမ့်မယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...