မြန်မာပြည်ကြီး နလန်ထရအောင် …..

Astrology
မြန်မာပြည်ကြီး နလန်ထရအောင် …..

အဘကြီး မင်းသိင်္ခရဲ့ နည်းပါ
အခု ကာလမှာ ဖျားကြနာကြ…ဖျားပြီးပြန်တော့လည်း…နလန်ထဖို့ အတော်ကြိုးစားကြရပြန်တယ်…
နလန်ထအောင် ကြိုးစားစရာရှိတာတွေကတော့ ကြိုးစားနေ ကြရမှာပါပဲ….ကျွန်မကတော့ ဗေဒင် ဂမ္ဘီရ ရှု့ထောင့်ကနေ…ကံအပံ့အပိုးဖြစ်စေမယ့် ယတြာကုသိုလ်နည်းလေးတစ်ခုကို မျှဝေချင်ပါတယ်…
.
ကျန်းမာရေး အမြန် နလန်ပြန်ထချင်ရင် ကျွန်မတို့အဘ ပြောခဲ့ဖူးတဲ့နည်းက ဖလံတောင်ဝှေးကို ကြော်ချက်စီမံပြီး ဘုရားကို ဆွမ်းတော်ကပ်၊ ကိုယ်တိုင်လည်း အမြန်နလန်ပြန်ထဖို့ အာရုံပြုဆုတောင်းပြီး စားရပါသတဲ့….

သူ့နာမည်ကိုးက “ဖလံတောင်ဝှေး”….လူ့ဖလံလေးတွေ အမြန်ထူနိုင် ၊ ထနိုင်ဖို့ ထူမယ့်ကူမယ့် တောင်ဝှေးပေါ့…ဖလံတောင်ဝှေး…အမြန်ပြန်ပြီး နလန်ထစေမယ့်ဖလံတောင်ဝှေးလို့ မှတ်သားခဲ့ဖူးပါတယ်….
တို့တိုင်းပြည်မှာ ကပ်ရောဂါဆိုးကြောင့် ကျန်းမာရေး နလန်မထူနိုင်ကြတဲ့ ၇ရက်သားသမီး အားလုံးအတွက်ရော..

ဟို အကုသိုလ်ကြောင့်…အလုပ်တွေရပ် အလုပ်တွေပျက်ပြီး စီးပွါးရေး ပညာရေး ကျန်းမာရေး…အစစအရာရာ ချွတ်ခြုံကျနေရတဲ့ မြန်မာပြည်ကြီး အမြန်ဆုံး နလန်ပြန်ထဖို့ရော.. ဆုတောင်းရင်း ဤ ယတြာကုသိုလ်ကိုပြုပါတယ်…

ချစ်စွာသောစာရှု့သူ အပေါင်းတို့လည်း ဖလံတောင်ဝှေး ဆွမ်းအလှုုတော် လှုုဒါန်းကြခြင်းဖြင့် ပြိုလဲလုမတတ် ဘဝလေးတွေ အမြန်ဆုံး နလန်ပြန်ထဖို့ ဆုတောင်းကြရအောင်ပါ…

ဒီမိုးတွင်း မကုန်ခင်မှာပဲ ဖလံတောင်ဝှေးဆွမ်း အလှုုနဲ့အတူ ပြည်သူတစ်ယောက်ခြင်းစီတိုင်းနဲ့ မြန်မာပြည်ကြီး…အမြန်ဆုံး နလန်ထနိုင်ကြပါစေ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...