ယောက်ျားတို့အတွက်မှဲ့ဟောကိန်းများ

Astrology
ယောက်ျားတို့အတွက်မှဲ့ဟောကိန်းများ

(၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏ ။ အပူသောကများလိမ့်မည် ။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေ့ရတတ်ပါသည် ။

(၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည် ။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည် ။ လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည် ။

(၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား ၊ ကြက်သမား ၊ လောင်းကစားသမား ဖြစ်တတ်သည် ။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်း နှစ်သက်ပါသည် ။

(၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ ၊ ဇာတ်သဘင် ၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြားတတ်ပါသည် ။

(၅) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည် ။ အလုပ်လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံရတတ်သည် ။ ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည် ။ အချစ်ရေးတွင် စွန့်စားတတ်သည် ။ တဇွတ်ထိုးလုပ်တတ်သည် ။ ဇနီးမယားကို ချစ်ခင်သူဖြစ်မည် ။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည် ။

(၆) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည် ။ မျက်နှာပွင့်လန်းတတ်ပါသည် ။ လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည် ။ အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည် ။ အများအကျိုးဆောင်သည့် သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည် ။

(၇) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟုတ် ) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည် ။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည် ။

(၈) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည် ။ ဆင်းရပြင်ပမ်းတတ်သည် ။

(၉) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည် ။ ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြားတတ်ပါသည်။

(၁၀) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာတတ်ပါသည် ။ သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည် ။

(၁၁) မေးစေ့နားတစ်ဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည် ။ ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည် ။

(၁၂) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးပါးတတ်သည် ။(သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည် ။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည် ။

(၁၃) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည် ။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည် ။ ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတစ်ခုခုဖြင့် ချမ်းသာတတ်ပါသည် ။

(၁၄) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည် ။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည် ။

(၁၅) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တစ်လုံးစီရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲ့တစ်လုံး၊ ခါးနားတွင် မှဲ့တစ်လုံး၊ ပါရဇိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည် ။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောက်ျားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏ ။ မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့်ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည် ။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံရတတ်သည် ။ ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည် ။

(၁၆) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည် ။ လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည် ။

(၁၇) တင်ပါး၏ ဘယ်ဘက် ( သို့မဟုတ် ) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည် ။ စိတ်သဘောထား နုတတ်သည် ။ ယောက်ျားဖြစ်ပါလျှက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည် ။

(၁၈) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနေမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည် ။

(၁၉) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည် ။ (သို့မဟုတ်) လူဆိုး ၊ ဓားပြ ဖြစ်တတ်ပါသည် ။ တုတ် ၊ ဓား ၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည် ။တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည် ။

(၂၀) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည် ။ တရားဓမ္မ နှလုံးသွင်းတတ်သည် ။ လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည် ။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည် ။

(၂၁) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည် ။ ကပ်စေးနှဲသူ ၊ မိမိကိုယ်ကျိုး တစ်ခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည် ။

(၂၂) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတစ်လုံးပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင် ၊ ကံရှင် ၊ ပါရမီရှင် ဖြစ်တတ်ပါသည် ။ဝိဇ္ဇာဓိုရ် ၊ သိဒ္ဓိရှင် ၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည် ။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော် ( မကွေး )

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...