လူသိနည်းသော နိမိတ်များ

Astrology
လူသိနည်းသော နိမိတ်များ

၁။ ခွေး အိမ်နံရံ လာကုတ်ရင် သတိထားကြ။
သူခိုးလာလိမ့်မယ်တဲ့။

၂။ ခွေး နေကို ကြည့်ဟောင်နေရင်
မီးလန့်တတ်ပါတယ်။
နင် မပူနဲ့တော့တဲ့ ဒီမှာ လောင်တော့မယ်တဲ့။

၃။ အိမ့် ခေါင်ပေါ် ခွေးတက်ညဉ်းရင် အဲ့ဒီ
ပတ်၀န်းကျင်မှာ ကပ်ရောဂါ ကျတတ်ပါတယ်။
စိတ်မကောင်းလိုက်တာဟယ်တဲ့။

၄။ အိမ်ကအထွက် ခွေး ဖိနပ်ချီလာတာမြင်ရင်
အဲ့နေ့အလုပ်မှာစိတ်မောလူမောဖြစ်ရတတ်ပါတယ်။

၅။ ခွေး အ၀တ်ချီလာတာမြင်ရင်
အဲ့နေ့ အလုပ်အကိုင် ကံမကောင်းပါဘူး။

၆။ ခွေး အရိုးခြောက် ချီလာတာ‌မြင်ရင်
အဲ့နေ့ အလုပ်က တွက်ခြေမကိုက်ပါဘူး။
ငါ့လို မရ ရတာ ချီလာနော်တဲ့။

၇။ ခွေး သူ့နားရွက် သူ ပြန်ကုတ်နေတာမြင်ရင်
လုပ်နေတဲ့ အလုပ် လက်စမပြတ်ပါဘူး။

၈။ကျီးကန်းက ပစ္စည်းတစ်ခုခုချီလာတာမြင်ရင်
အဆိုးတစ်ခုခု ကြုံတတ်ပါတယ်။
ဆုံးရှုံးတာ ဖြစ်ဖို့များပါတယ်။

၉။ အိမ်အ၀င်မှာ နှာချေရင် မကောင်းပါဘူး။
ပြန်ထွက်ပြီးမှ ပြန်၀င်ခိုင်းပါ။

၁၀။ လှောင်အိမ်ထဲက ကြက်တူရွေး
အသံမထွက်တော့ဘဲ နောက်ဘက်လှည့်နေရင်
သူခိုးလာတော့မယ်။ သူ ကြောက်လို့တဲ့။

၁၁။ အိမ်ပေါ်က အဆင်း ခြေချော်ကျရင်
ဒီနေ့ ဘာလုပ်လုပ် အခက်အခဲဖြစ်မယ်
သတိနဲ့ လုပ်ပါတဲ့။

၁၂။ ဆိုင်သစ်တစ်ခု စစဖွင့်ချင်း
သူတောင်းစား ၀င်တောင်းရင်
အဲ့ဆိုင် အရှုံးပေါ်တတ်ပါတယ်။

၁၃။ ပြတင်းပေါက်မှန်
အလိုလိုကွဲရင် မကောင်းပါဘူး။
အတိုက်အခိုက်ရှိတယ် သတိထားပါ။
Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...