ဝေးရမလိုဖြစ်နေတဲ့ ချစ်သူတွေ….

Astrology
ဝေးရမလိုဖြစ်နေတဲ့ ချစ်သူတွေ….

တစ်ယောက်နဲ့ တစ်ယောက်
အသက်ပေးမတတ် ချစ်နေကြပေမယ့်
အကြောင်းကြောင်းကြောင့်ဘဝခရီးကို ရာသက်ပန်လျှောက်လှမ်းနိုင်ဖို့ယတြာ
ဝေးရမလိုဖြစ်နေတဲ့ ချစ်သူတွေ….
ဘဝခရီးကို ရာသက်ပန်လျှောက်လှမ်းနိုင်ဖို့ယတြာ….၊
ပေးလိုက်ပါပြီ ဗျာ…. ။

လိုအပ်တာတွေက..

၁။ ရေတော်ကပ်လှူဖို့ ဖန်ခွက်အကြည် ၂လုံး
၂။ ပန်းကန်ပြား အလတ်( quater plate)၁ချပ်
၃။အပြစ်အနာအဆာကင်းတဲ့စွယ်တော်ရွက်၁ ရွက် ။

ဆောင်ရွက်ရမှာက….

၁။ အပြစ်အနာအဆာကင်းတဲ့
စွယ်တော်ရွက် ၁ ရွက်ကို ဖုံနဲ့ အညစ်အကြေးတွေ
သေသေချာချာသန့်စင်ပြီး ချစ်သူနှစ်ဦးရဲ့
မွေးနံနဲ့ နာမည်တွေကို စွယ်တော်ရွက်ရဲ့
ရွက်လွှာတစ်လွှာစီမှာ ရေးရမယ် ။

ဥပမာ။ ။
တနင်္ဂနွေသား အောင်အောင် ကို
ဝဲဖက်ရွက်လွှာမှာ ရေး
ကြာသပတေးသမီး မိုးမိုး ကို
ယာဖက် ရွက်လွှာမှာရေး ။
မွေးနံနဲ့ နာမည်တွေရေးရာမှာ
ball point နဲ့ ရေးလို့ရတယ် ၊
ရေးရင် စွယ်တော်ရွက်ကို
အနာအဆာ မဖြစ်ဖို့ သတိထားရေးရမယ်။

၂။ နှစ်ဦးသားရဲ့ မွေးနံနဲ့ အမည်တွေ
ရေးထားတဲ့ စွယ်တော်ရွက်ကို
ပန်းကန်ပြားပေါ် သပ်သပ်ရပ်ရပ်တင်။

၃။ စွယ်တော်ရွက်ပေါ်မှာ
ရေတော်ဖန်ခွက်အကြည် နှစ်လုံးကို ထိအောင်ထား၊
ရေတော်ဖြည့်၊ပြီးရင် ရေတော်ကို မြတ်ဗုဒ္ဓအား
ရည်မှန်းပြီးလှူပါ။

၄။ လှူဒါန်းရာမှာ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်များကို
ပွားထုံပြီးမှ ဆက်ကပ်လှူဒါန်းပါ။

၅။ ရေတော်ကို လှူဒါန်းပြီးရင်
သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကို
သက်သေထားပြီးသစ္စာပြုပါ။
မိမိတို့ အဆင်ပြေသလို သစ္စာစကားဆိုပြီး
သစ္စာပြုနိုင်ပါတယ်။
သစ္စာဆိုပြီးရင် တူနှစ်ကိုယ် ဘဝခရီးကို
ရာသက်ပန်အတူတကွ
လျှောက်လှမ်းရပါစေကြောင်း ဆုတောင်းပါ။

၆။ ဒီရေတော်အလှူ ယတြာကို
မိမိတို့အိမ်မှာပူဇော်ထားတဲ့ ဘုရားမှာဖြစ်စေ၊
စေတီတစ်ဆူဆူကဘုရားမှာဖြစ်စေ
လှူဒါန်းပြုလုပ်နိုင်ပါတယ်။
ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် လှူဒါန်းပြုလုပ်နိုင်ပါတယ်။
အကြိမ်များလေလေ ပိုမို အဆင်ပြေနိင်လေလေပါ ။
*** ရေတော်အလှူယတြာ ပိုမိုစွမ်းစေဖို့
ရေတော်မလှူမီ ရတနာသုံးပါး မိဘဆရာသမားများကို
သေသေချာချာကန်တော့ ၊
ငါးပါးသီလ ခံယူဆောက်တည်ပါ ။

မှတ်ချက်။ ။အခုပြောပြတဲ့ ရေတော်အလှူယတြာဟာ
တစ်ယောက်နဲ့ တစ်ယောက် အမှန်တကယ်
သစ္စာရှိရှိနဲ့ ချစ်မြတ်နိုးကြသူတွေအတွက်သာ
အစွမ်းထက်နိုင်ပါတယ်။
ကိုယ့်ဖက်ကပဲ တစ်ဖက်သတ် ချစ်နေရင်
ဆောင်ရွက်လို့ မအောင်မြင်နိုင်ပါ။ မဖြစ်နိုင်ပါ။
ပြီးတော့ အပျော်သဘောနဲ့ ကြံစည်ကြသူတွေအတွက်
လုံးဝ အောင်မြင်မည်မဟုတ်ပါ။

တူနှစ်ကိုယ်ချစ်ခရီးလမ်းကို
အဟန့်အတားအဆီးအတားဖြစ်စေအောင်
ဖန်တီးနေသူတွေအပေါ် မေတ္တာမပျက်ပါနဲ့ ။
စိတ်ရှည်ရှည်ထားပြီး သည်းခံပေးပါ ။
ချစ်သူတို့ရဲ့ ချစ်ခရီးလမ်း
သာယာဖြောင့်ဖြူး ချောမွေ့ကြပါစေ…….. ။
Credit sayar win maw aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...