“သင်ရဲ့ နှုတ်ခမ်းပုံကတဆင့် ပြောပြပေးမယ့် သင့်အကြောင်း”
သင့်နှုတ်ခမ်းရဲ့ ပုံစံက သင့်ပါးစပ်ကပြောနေတဲ့ စကားလုံးတွေအများကြီးထက်ပိုပြီး ပြောနိုင်တယ် ဆိုတာကို သိပါသလား။ နှုတ်ခမ်းရဲ့ လှုပ်ရှားပုံကို ကြည့်ပြီး သင်ဘာဖြစ်နေတယ်ဆိုတာကိုလည်း သိနိုင်ပါ သေးတယ်။ ဥပမာ – နှုတ်ခမ်းကို ကိုက်တဲ့အခါ တစ်ဘက်သားကို ဆွဲဆောင်ဖို့ ကိုက်တဲ့ပုံစံလား၊ စိတ်တိုဒေါသ ထွက်တာကြောင့် ကိုက်နေတာလားဆိုတာကို မြင်ရုံနဲ့ ခွဲခြားသိနိုင်ပါတယ်။ ဒါ့အပြင် ပြုံးတာ၊ မဲ့တာ၊ ရယ်မောတာ စသဖြင့် စိတ်ခံစားချက်တွေကိုလည်း နှုတ်ခမ်းကတဆင့် ပုံဖော်နိုင်ပါသေးတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ နှုတ်ခမ်းပုံစံအမျိုးမျိုးရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
(၁) သဘာဝပုံစံ ပုံမှန်နှုတ်ခမ်း
သဘာဝပုံစံဆိုတာ မထူလွန်း၊ မပါးလွန်း၊ မဖောင်းတင်းလွန်း၊ မရှည်လွန်း၊ မတိုလွန်းတဲ့ ပုံမှန်နှုတ်ခမ်း ပုံစံပါ။ ဒီလိုတည်ငြိမ်ပြီး သေသပ်တဲ့ နှုတ်ခမ်းလိုမျိုးပဲ သင်ကလည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေတတ်သူတစ်ယောက်ပါ။ စိတ်ခံစားမှုမများဘဲ တော်ရုံလည်း ဒေါသဖြစ်ခဲသူပါ။ ဒါကြောင့်ပဲ သင်က တည်ငြိမ် နေတာဖြစ်ပါတယ်။ ဒါ့အပြင် သင်က နားထောင်တတ်သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ လူတွေက သူတို့ရဲ့ အခက်အခဲတွေကို တိုင်ပင်တဲ့အခါ သင်က ကိုယ်ချင်းစာစိတ်နဲ့ နားထောင်ပေးပြီး သင့်တော်တဲ့အကြံဉာဏ်ကို ပေးပါသေးတယ်။
(၂) အောက်နှုတ်ခမ်းထူသူ
အောက်နှုတ်ခမ်းထူတဲ့ သင့်ကိုမြင်လိုက်ကြတာနဲ့ ပျော်ပျော်နေတတ်တဲ့သူဆိုတာ သိနိုင်ပါတယ်။ ပုံမှန် သမားရိုးကျပျော်ရတာထက် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပျော်စရာမျိုးကို ပိုပြီးသဘောကျသူပါ။ ဘဝကို ခွန်အားအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လွတ်လွတ်လပ်လပ် နေတတ်သူတစ်ယောက်ဖြစ်တဲ့အတိုင်း မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရုံးမှာ ထိုင်ပြီး လုပ်ရတဲ့ အလုပ် မျိုးတွေကို ရွေးချယ်လေ့မရှိဘဲ Freelance လုပ်ရတဲ့အလုပ်တွေကိုသာ အားသာသူပါ။
ဒါ့အပြင် အသစ်အသစ် သော ပညာရပ်တွေကို လေ့လာဖို့အတွက် စိတ်အားထက်သန်သူဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာရပ် နဲ့ မသက်ဆိုင်ရင်တောင်မှ အရာရာကို စူးစမ်းချင်တဲ့ ပင်ကိုယ်စိတ်ကြောင့် သိချင်တာဆိုရင် လေ့လာသင်ယူဖို့ ဝန်မ လေးပါဘူး။ အပေါ်နှုတ်ခမ်းထူသူတွေထက်စာရင် အောက်နှုတ်ခမ်းထူတဲ့သင်က စကားနည်းပါတယ်။ဒါပေမဲ့ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာဆိုရင်တော့ အာဘောင်အာရင်းသန်သန်နဲ့ ပြောတတ်သူပါပဲ။ လူတိုင်းနဲ့ ရိုးရိုးသားသားပြောဆိုဆက်ဆံပေမယ့် ရင်ထဲကလာတဲ့စကားတွေကိုတော့ သင့်အတွက်စစ်မှန်တဲ့သူတွေကိုသာ ထုတ်ပြောလေ့ရှိပါတယ်။
(၃) အပေါ်နှုတ်ခမ်းထူသူ
သင်က အချစ်ရေးနဲ့ပတ်သက်လာရင် ဒရမ်မာခင်းတတ်သူတစ်ယောက်ဖြစ်တယ်လို့ လူသိများပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်ပြောဆိုတတ်ပြီး လူအများရဲ့ အာရုံစိုက်ခြင်းခံရတာကိုလည်း သဘောကျသူပါ။ ဉာဏ်ရည်ထက်မြက်ကာ ဆွဲဆောင်မှုရှိသူဖြစ်တာကြောင့် သင်က ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းနေသူ ဆိုလည်း မမှားပါဘူး။ သင်က သူစိမ်းတစ်ယောက်နဲ့ အလွယ်တကူ မရင်းနှီးနိုင်ပေမယ့် လူအများနဲ့ ပေါင်းသင်း ဆက်ဆံရာမှာတော့ ပြေပြစ်သူတစ်ယောက်ပါ။ တစ်ခုခုကို လုပ်ချင်ပြီဆိုရင် အချိန်ယူပြင်ဆင်ပြီး အခွင့််ကောင်း ကိုစောင့်တတ်တာက သင့်အကျင့်ပါ။ အခြေအနေအချိန်အခါပေါ်မူတည်ပြီး ဟာသလေးတွေ ပြောတတ်ပါသေး တယ်။ သင့်မှာ ထက်မြက်တဲ့ဉာဏ်ရည်ဉာဏ်သွေးရှိနေတဲ့အကြောင်းအရင်းက စာဖတ်နာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၄) ပါးလွှာတဲ့နှုတ်ခမ်းပုံစံ
အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းက ပုံမှန်ထက် အနည်းငယ်ပါးနေတဲ့ ပုံစံပါ။ သင်က ဒီလိုနှုတ်ခမ်းပါးသူ ဆိုရင်တော့ တစ်ယောက်တည်း နေရတာကို ကြိုက်နှစ်သက်ပြီး တစ်ယောက်တည်းဖြစ်နေလို့ ပျင်းလာရတယ်ဆို တဲ့ ခံစားချက်မျိုးလည်း လုံးဝမဖြစ်ပါဘူး။ တွေ့ဆုံပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေရဲ့ အဝေးမှာပဲ နေထိုင်သူတစ်ယောက်ပါ။ တစ်ယောက်တည်းနေရတာကို နှစ်သက်ပေမယ့်လည်း လူအများနဲ့ စုပေါင်းလုပ်ကိုင်ရတဲ့အချိန်တွေမှာ လိုက်လျော ညီထွေ နေတတ်သူပါ။
တကယ်တော့ သင့်ကို လူတိုင်းက ချစ်ခင်မြတ်နိုးကြပါတယ်။ သင်က အရာရာကို သတိ ထားပြီး ချင့်ချိန်လုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ကာ သွားချင်တဲ့ပန်းတိုင်ကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ရောက်အောင်သွားနိုင်ပါတယ်။ နှုတ်ခမ်းထူထူ ဖူးဖူးပြည့်ပြည့်ရှိသူတွေနဲ့တော့ ပေါင်းသင်းရတာ အဆင်မပြေ ဖြစ်တတ်ပါတယ်။
(၅) ကျူ့လစ်ပန်းပုံစံ ဖူးဖူးပြည့်ပြည့်နှုတ်ခမ်း
ကျူ့လစ်ပန်းပုံစံ တနည်းအားဖြင့် နှင်းဆီဖူးနှုတ်ခမ်းပုံစံမျိုးလေးကို ပြောတာပါ။ ဒီနှုတ်ခမ်းပိုင်ရှင်တွေက နှုတ်ဖျားလေးနဲ့ တစ်ဘက်သားကို ဆွဲဆောင်တတ်သူတွေပါ။ စကားပြောစွမ်းရည်ကောင်းသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လိုချင်တာရအောင် တစ်ဘက်သားနားဝင်ပြီး လက်ခံစေမယ့် စကားလုံးလှလှတွေကို ရွေးချယ်ပြော တတ်ပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းပြီး ဘယ်လိုနေရာမှာ ဘယ်လိုစကားမျိုးနဲ့ လျင်မြန်စွာ တုံ့ပြန်ပြောရမလဲ ဆိုတာကို သိသူပါ။
ဆန့်ကျင်ဘက်အနေနဲ့ တစ်ခါတရံမှာ အလျင်စလိုပြောလိုက်မိတဲ့ စကားကြောင့် နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါကြောင့် စကားမပြောခင်မှာ သေချာစဉ်းစားပါ။ မှတ်ဉာဏ်အားကောင်းပြီး လုံလောက်တဲ့အရည်အချင်းတွေရှိနေတာကြောင့် သင်လိုချင်တာမှန်သမျှ ရနေတာပါပဲ။ သင့်မှာ သူမတူအောင် ထူးခြားတဲ့အရည်အချင်းတွေ အများကြီးရှိပါသေးတယ်။ လူအများကလည်း သင့်ကို အလိုလိုနေရင်းနဲ့ကို ချစ်နေကြတာပါပဲ။ ဆန့်ကျင်ဘက်လိင်တွေကြားမှာလည်း သင်က ရေပန်းစားသူတစ်ယောက် ပါ။ ဘဝကို သာမန်ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းရမှာကို အလွန်ငြီးငွေ့သူတစ်ယောက်ဖြစ်ပါတယ်။
(၆) ပုံမှန်ထက်ကြီးတဲ့ နှုတ်ခမ်း
ပုံမှန်ထက်ကြီးတဲ့ နှုတ်ခမ်းပုံစံရှိတဲ့သင့်ကို လူအများက အားကိုးယုံကြည်ကြပါတယ်။ ဘယ်လိုပြဿနာ ကိုမဆို ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိသူပါ။ သင်က ရင့်ကျက်ပြီး ပြဿနာမျိုးစုံကို ကိုင်တွယ်နိုင်သူတစ်ယောက် လို့ ပြောရင်လည်း မမှားပါဘူး။ အလုပ်နဲ့ပတ်သက်ရင်လည်း သတ်မှတ်ရက်ကို အချိန်မီအောင် စီမံခန့်ခွဲနိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာ စိတ်နှစ်ပြီး လုပ်ဆောင်တတ်သူဖြစ်တာကြောင့် တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တာမျိုး ဖြစ်သွားပါတယ်။ ဒါဟာရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ကြောင့် သတိထားပေးပါ။ ကိုယ့်အတွက်လုပ်ရမယ့်အရာတွေကိုတောင် လျစ်လျူရှူပြီး တခြားသူတွေ အဆင်ပြေ အောင် ကူညီတတ်သူပါ။ သင့်မှာလိုအပ်နေတာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့လိုနေတာပါ။
ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။