အတိတ်မေ့နေတဲ့ချစ်သူ …
ခင်ဗျားတို့ကြုံဖူးမယ်ထင်ပါတယ်။
ကိုယ်က တကယ်ချစ်ရတာပါ။
ဒါပေမယ့် သူကတော့
ချစ်တာကို မသိကျိုးကျွံပြုနေတယ်။
အတိတ်မေ့သလိုလို၊ မအားသလိုလို၊
ခေါ်ချင်သလိုလို၊ မခေါ်ချင်သလိုလို၊
အဆက်ဖြတ်မလိုလို ဘာလိုလိုနဲ့လေ။
ဒီတော့ ဒီကောင်လေးကိုသုံးကြည့်ပါ။
ထူးကိုထူးရမယ်လို့ အာမ မခံနိုင်ပေမယ့်
အကျိုးမယုတ်ဘူးဆိုတာတော့
အာမခံရဲပါတယ်ဗျာ …
လွယ်ပါတယ်။
ပုံလေးကို မွေးနေ့မနက် 9:45 မှာPrint ထုတ်၊
ကြွေပန်းကန်ပြားငယ်လေးထဲမှာထည့် …
အပေါ်ကနေ ပြဒါးမပါတဲ့ မှန်ဝိုင်းလေးအုပ်
မှန်ပေါ်မှာ ဖယောင်းတိုင်
ပန်းရောင်တစ်တိုင်ထွန်းလိုက်ပါ။
ပန်းရောင်ဖယောင်းတိုင်က ရှားတယ်ဗျ။
အထူးလုပ်ယူမှရတယ်။
ကိုယ့်ဟာကိုယ်အလွယ်လုပ်ချင်ရင်တော့
ရိုးရိုးဖယောင်းတိုင်ကိုပဲ
ပန်းရောင်စက္ကူလေးကပ်ပြီးသုံးပေါ့။
ဒါလည်းစွမ်းပါတယ်။
အဓိက ကတော့ ယုံယုံကြည်ကြည်လုပ်ဖို့ပါ။
ဖယောင်းတိုင်ထွန်းထားဆဲမှာတော့ …
ABRACADABRA ဆိုတဲ့
သံစဉ်ကြီးကို 27 ခေါက်ရွတ်ပေးရမယ်နော်။
7 ရက်လောက်ဆက်လုပ်ပေးလိုက်ပါ။
ကိုယ်ကဆက်သွယ်စရာမလိုဘူး။
စင်ပေါ်ကသာစောင့်နေပါ။
သူ့ဟာသူဆက်သွယ်လာပါလိမ့်မယ်။
အရင်ကထက်လည်း
ကိုယ့်ကိုပိုချစ်လာတာတွေ့ရပါမယ်။
မူရင်းစာရေးသူအပေါင်းအားဂါရဝပြုပါ၏
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။