အလိုက်ကမ်းဆိုးမသိတဲ့ ဧည့်သည်တွေဧည့်ဆိုးတွေ မြန်မြန်ပြန်သွားရန် ဆောင်ရွက်ကြည့်ပါ

Astrology
အလိုက်ကမ်းဆိုးမသိတဲ့ ဧည့်သည်တွေဧည့်ဆိုးတွေ မြန်မြန်ပြန်သွားရန်
ဆောင်ရွက်ကြည့်ပါ

တနင်္ဂနွေဖြစ်ခဲ့လျှင်
ရွှေဖယုံသီးဟင်းကို ဆန်ဆေးရေ
နည်းနည်းထည့်ပြီး ဟင်းချက်ကျွေး
ပြီးရင်သီဟိုဠ်ကိုင်းလေးမှာနာမည်ရေး
ထန်းရွက်နဲ့ပတ်ပြီး
အရှေ့တောင်အရပ်ကို
(မြန်မြန်ထွက်သွား)ဟု
ပြောပြီးလွှင့်ပြစ်။

တနင်္လာဖြစ်ခဲ့လျှင်
ပေါင်မုန့်နှင့်ရေတခွက်ကျွေးလိုက်၊
ထန်းသားပေါ်အမည်ရေး
အုန်းရွက်နဲ့ပတ်ပြီး
တောင်အရပ်ကို
(မြန်မြန်ထွက်သွား)ဆိုပြီး
လွှင့်ပြစ်လိုက်ပါ။

အင်္ဂါဖြစ်ခဲ့ရင်
မှိုဟင်းနဲ့သီဟိုဠ်ရွက်တို့စရာကျွေး
အုန်းသားပေါ်နာမည်ရေးကွမ်းရွက်နဲ့ပတ်
အနောက်တောင်အရပ်ကို
(မြန်မြန်ထွက်သွား)လို့
ပြောပြီလွှင့်ပြစ်လိုက်။

ဗုဒ္ဓဟူးဖြစ်ခဲ့လျှင်
သီဟိုသီး/သီးသီးကိုနမ်းနဲ့သုတ်ကျွေး
ကံကော်သားမှာ အမည်ရေး
ဇီးရွက်တွေနဲ့ပတ်
မြောက်အရပ်ကို
(မြန်မြန်ထွက်သွား)လို့
ပြောပြီးလွှင့်ပြစ်လိုက်။

ကြာသပတေးဖြစ်ခဲ့ရင်
ဇီးသား/ညောင်သားဖြစ်ဖြစ်အမည်ရေး
ရွက်လှရွက်နဲ့ပတ်
အနောက်တောင်အရပ်ကို
(မြန်မြန်ထွက်သွား)လို့ပြောပြီး
အုန်းသီးကို ထင်းမီးနဲ့ယိုထိုးပြီးကျွေးပါ။

သောကြာဖြစ်ခဲ့လျှင်
ကြက်ဥနှင့်နွားနို့ရောကျွေး
ဝါးချမ်းပြားပေါ်အမည်ရေး
ပိန်းရွက်နဲ့ပတ်
အရှေ့မြောက်အရပ်ကို
(မြန်မြန်ထွက်သွား)ဟု
ပြောပြီးလွှင့်ပြစ်ပါ

စနေဖြစ်ခဲ့လျှင်
ဆိတ်သားဟင်းကိုကွမ်းရွက်ထည့်ချက်ကျွေး
ပျဉ်မသားပေါ်အမည်ရေး
သီဟိုဠ်ရွက်နဲ့ပတ်
အရှေ့အရပ်ကို
(မြန်မြန်ထွက်သွား)လို့
ပြောပြီးပြစ်ပါ
အလိုက်ကမ်းဆိုးမသိသော
ဧည့်သည်ဆိုး၊လူပိုများ
ဘေးရန်မှကင်းရန်ရည်ရွယ်ပါသည်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...