အသက်လမ်းနှင့် မှတ်ချက်တိုများ

Astrology
အသက်လမ်းနှင့် မှတ်ချက်တိုများ

အသက်လမ်းကြောင်းဆိုတာ အသက်ရှင်သန်ခြင်းတစ်ခုကိုသာဖော်ပြသည်မဟုတ်ပေ။ အသက်လမ်းကြောင်းသည် လက္ခဏာရှင်၏ အသက်ရှည်ခြင်း၊လုံးလစိုက်ထုတ်နိုင်ခြင်း၊ဝိရိယရှိခြင်း၊ဇွဲကောင်းခြင်း၊ကျန်းမာရေးအခြေအနေ တို့ကိုဖော်ပြတတ်သလို မိသားစုဘဝနှင့် မိမိဘဝရပ်တည်နေထိုင်ရာ အခြေအနေများကိုလည်း ထော်ပြနေတတ်ရာ အသက်လမ်းကြောင်းသည် အလွန်အရေးကြီးလှပေသည်။

အသက်လမ်းကြောင်းတွင် ကျွန်းပါရှိပါက (ပုံ-၁)- လက္ခဏာရှင်သည် ကျွန်းပါရှိသောအသက်ရွယ်တွင် (ကျွန်းပါရှိသောအသက်အရွယ်ကို သေချာတိုင်းတာရမည်) ကျန်းမာရေးဆိုင်ရာ အားနည်းမည်၊ မတော်တဆဖြစ်တတ်သည်၊ ထိုကျွန်းကြောင့် ဝိရိယအားနည်းခြင်း၊ ပျင်းနေခြင်း၊အစွမ်းအစပျက်ခြင်း၊ ဇွဲပျက်ခြင်းများဖြစ်ရပြီး ဘဝတွင် မေ့မရနိုင်သော အဖြစ်အပျက်တစ်ခု ရင်ဆိုင်ရတန်ခြင်းကိုလည်း သတိထားရပေမည်။

အသက်လမ်းကြောင်းအား ဥပါဒ်လမ်းက ဖြတ်ထားခြင်း(ပုံ-၂) အနေအထားတွင် ထိုအသက်ကို သေချာတိုင်းတာစစ်ဆေးရမည်။ ရုပ်တရက် မတော်တဆခြင်းကြောင့် အန္တရာယ်ကျရောင်ခြင်း၊ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု ပျက်စီးပြီး လုပ်ကိုင်နိုင်စွမ်းကျဆင်းခြင်း စတဲ့အဖြစ်တွေ ဖြတ်လာတတ်ပါတယ်၊ အရေးကြီးတာက ရုပ်တရက်ဖြစ်တတ်ပြီး ဖြစ်တဲ့အကျိုးကြောင့် ရလဒ်ဟာ တစ်ဘဝလုံးပါသွားတတ်တယ်ဆိုတာပါဘဲ၊ အလွန်အရေးကြီးတယ်၊ လက်တစ်ဘက်ဆုံးရှုံးရချိန်ဟာ တစ်ခဏအတွင်းဖြစ်ပေမယ့် ပြန်မရတော့တဲ့အတွက် တစ်ဘဝလုံး လက်ပြတ်ဘဝနဲ့နေရတာမျိုးပါ။

အသက်လမ်းကြောင်းအစမှာ ဆံမြိတ်ပုံစံပါရှိခဲ့မယ်ဆိုရင် (ပုံ-၃ )၊ ငယ်ရွယ်စဥ်မှာ ရောဂါထူမယ်၊အပြင်းဖျားခဲ့ပြီး ဘဝမှာ အားအင်စိုက်ထုတ်ရတဲ့အလုပ်တွေ မလုပ်နိုင်လောင်အောင် အသက်ကြီးတဲ့အထိ သက်ရောက်နေတတ်တယ်၊ ပိန်လီနေတာမျိုးဖြစ်တတ်ပါတာ်။

အသက်လမ်းကြောင်းတွင် ၃ခွပုံစုံဖြင့် အဆုံးသပ်နေပါက (ပုံ-၄)၊ ကံကောင်းသောအမှတ်အသားအဖြစ်မှတ်ယူရမည်။ လက္ခဏာရှင်သည် ခရီးဝေးသွားခြင်းကိုနှစ်သက်သလို မိသားစု ခရီးထွက်ခြင်းများလည်း စိတ်ဝင်စားသူဖြစ်သည်၊ ခရီးသွားခြင်းမှ ဘဝအတွက် အကျိုးအမြတ်များရရှိတတ်သူဖြစ်ပြီး အသက်ကြီးသည့်အခါ ခရီးသွားခြင်းနှင့် အေးဆေးကခင်းကို နှစ်သက်သူ၊မွေးရပ်မြေထက် အခြားသောဒေသများတွင် အခြေချနေထိုင်သူအဖြစ်တွေ့ရတတ်ပါတယ်။

အသက်လမ်းကြောင်းမှ လမ်းကြောင်းငယ်သည် အသက်လမ်းကြောင်းအစမှ ကြာသာပတေးဂြိုဟ်ခုံသို့တက်နေသည့်ပုံစံဖြစ်သည်၊(ပုံ-၅)၊ ထိုလမ်းကြောင်းကို အချို့က ရည်မှန်းချက်လမ်းကြောင်းဟုလည်းခေါ်ကြသည်။ ထိုလမ်းကြောင်းပါရှိပါက ကြီးပွားတိုးတက်မယ်၊ငယ်စဥ်ကပင် ရည်မှန်ချက်ကြီးမယ်၊ ရည်မှန်ချက်ရောက်အောင်လည်း ကြိုးစားနိုင်တယ်၊ မိတ်ဆွေဆရာသမားတွေရဲ့ အကူအညီအထောက်အပံ့ကောင်းတွေရမယ် လို့ပြောရမှာဖြစ်တယ်။

အသက်လမ်းကြောင်းရဲ့ အဆုံးသတ်ဟာ နှစ်ခွဖြစ်နေခဲ့မယ်ဆိုရင် (ပုံ-၆) လက္ခဏာရှင်ဟာ မွေးရပ်နဲ့ ဝေးတဲ့ဒေသတွေမှာ မတည်မငြိမ်တဲ့ လုပ်ငန်းတွေနဲ့ ခရီးသွားခြင်းများဖြင့် ကုန်ဆုံးမှာဖြစ်တယ်၊ အသက်အရွယ်ကြီးလာတဲ့အခါ ရေခြား၊မြေခြားမှာ ကွယ်လွန်ရတဲ့သူတွေရဲ့ လက်ဖဝါးပြင်မှာ အတွေ့များတဲ့အမှတ်အသားဖြစ်ပါတယ်။

လက္ခဏာကြည့်တဲ့အခါ ဒီအမှတ်အသားမြင်တာနဲ့ ဒီအတိုင်းဟောရမယ်တော့မဟုတ်ပါဘူး၊ လက်ပုံစံကနေ လက်ရေစာကစပြီး အခြားလမ်းကြောင်းတွေ၊ထူးခြားအမှတ်အသားတွေနဲ့ ချိန်ဆပြီး ပေါင်းစပ်အဟောထုတ်ရတာဖြစ်ပါကြောင်း တင်ပြရပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...