23.9.2024 တနင်္လာနေ့အတွက် ကြိုတင်လုပ်ဆောင်သင့်သည်များ

Astrology
23.9.2024 တနင်္လာနေ့အတွက် ကြိုတင်လုပ်ဆောင်သင့်သည်များ

အားလုံးကြိုတင်သိရှိပြီး
အချိန်မှီလုပ်ဆောင်နိုင်ခြင်းဖြင့် ကောင်းကျိုးဝေဆာရရှိစေရန်ကြိုကြိုတင်တင်ရေးသားမျှဝေပေးပါတယ် ။

23.9.2024 တနင်္လာနေ့ ဟာ
စန်းယှဉ်နက္ခတ် အလွန် ကောင်းသောနေ့ ဖြစ်ပါတယ် ။
ရောဟဏီ ဝင်နက္ခတ် ၊ သိဒ္ဓိစုတ် ၊ ဝဍ္ဎမာနယုဂ် (သဗ္ဗအတ္ထသိဒ္ဓိယုဂ် ) ဖြစ်ပြီး ဓနကာရကဂြိုဟ်မင်းကြီးဖြင့် ပူးယှဉ်သောနေ့ဖြစ်၍
23.9.2024 တနင်္လာနေ့
မနက် 5:45 – 7:30am အချိန်တွင်လည်းကောင်း ၊သို့မဟုတ်
( နံနက်ပိုင်းအချိန် မမှီလိုက်လျှင် )
နေ့လယ် 2:25 – 3:50pm အချိန်တွင်လည်းကောင်း


( အောင်တော်မူဘုရား ၊အောင်ခြင်းရှစ်ပါးဘုရား ၊ ဗျာဒိတ်ပေးဘုရား ၊ဝေဿဘူ ဘုရား ) ဖေါ်ပြပါ ဘုရားစေတီတစ်ဆူဆူ သို့ ကိုယ်တိုင်သွားရောက်၍
သို့မဟုတ် အာရုံပြု၍
အောင်သပြေ(27)ညွှန့်ဖြင့် အောင်အိုးထိုးလှူခြင်း ၊ မေမြို့ပန်း+ကံ့ကော် ( အရေအတွက်မလို ) တို့အား
ရွှေရောင်အိုး/ အဖြူရောင်အိုး ဖြင့်ထိုးလှူခြင်း တို့ကို ပြုလုပ်ဆုတောင်းပါ။

နံနက်ပိုင်းဖြစ်လျှင်
ပျားရည်ဆွမ်း ၊ နို့ဆွမ်း ၊ ဘယာကြော် ၊ ကျောက်ကျော ၊ ပဲကိတ် ၊ ကော်ဖီ ၊ မုန့်ဟင်းခါး တို့ကို ဖွယ်ဖွယ်ရာရာပြုလုပ်ပူဇော်ခြင်း ၊
ထို အစားအစာတို့ အား ကိုယ်တိုင်လည်း စားသုံးပေးခြင်းတို့ကို ပြုလုပ်ပါ။
မိမိတို့နေအိမ်တွင်လည်း အထက်ပါအတိုင်းအောင်အိုးထိုးလှူထားပါ။

ဘာသာခြားများလည်း အထက်ပါအတိုင်းလုပ်ဆောင်နိုင်ပါတယ် ။ မိမိတို့ ကိုးကွယ်ရာ ဘာသာမှ သူတော်စင် ကြီးများကို ပူဇော်လှူဒါန်းပါ ။ဧည့်ခန်း၊ အလုပ်နေရာတွင် အောင်အိုးထိုးထားပါ ။
အထက်ပါအတိုင်း စီရင်ပြုလုပ်လှူဒါန်းလျှင် အန္တရာယ်ကင်းရန်စွယ်ရှင်းလျက်
လာဘ်လာဘ ဓနဥစ္စာ အထူးပွင့်လန်းတိုးပွားစေပါတယ် ။

လာဘ်ထူးလာဘ်မြတ် လာဘ်ကြီးများ ကို ဝင်လာရရှိခြင်းကို လက်ခံရရှိပြီး လူချစ် နတ်ချစ် မျက်နှာပွင့်လန်းခြင်း ပီယဓါတ် ကို
အထူးရရှိစေပါမယ် ။
ထိုနေ့တွင်

၁။မိမိအတွက် ရေရှည်အသုံးပြုမည့် တန်ဘိုးကြီးပစ္စည်းများကို ဝယ်ယူသင့်ပါတယ်။ကောင်းကျိုးပေးပြီး သုံးရတာ အလွန်အဆင်ပြေစေပါမယ် ။ ရေရှည် တည်တံ့ခိုင်မြဲပါလိမ့်မယ် ။
ပျောက် ပျက် ၊ ပျက်စီး ခိုးယူခံရခြင်းမှ လည်း ကင်းဝေးစေပါလိမ့်မယ် ။

၂။ အရေးကြီးသော စာချုပ်စာတမ်းများချုပ်ဆိုခြင်း၊
လုပ်ငန်းသစ် စတင်ခြင်း ၊ စေ့စပ်ညှိုနှိုင်းပြောဆိုခြင်း များ အထူးကောင်းစေပါမယ် ။
အထူးကြီးပွားတိုးတက် စေပါတယ် ။

၃။ ကောင်းမြတ်သော
အဓိဋ္ဌာန်ကြီးများစတင် သင့်သောရက်မြတ်ရက်ကောင်းလည်း ဖြစ်ပါတယ် ။
ဤနေ့စတင်သော အဓိဋ္ဌာန်သည်
အနှောင့်အယှက်အဖျက်အဆီးနည်းစွာဖြင့် လွယ်ကူစွာ အားထုတ်အောင်မြင်နိုင်စေပါတယ် ။
September 22,23,24 နေ့များသည် အမည်နာမတွင်

အိ ၊အိမ့် ၊ ဥမ္မာ ၊ အေး ၊ အောင် ၊ ဝါ ၊ ဝင်း ၊ ဝေ ၊ ဝိုင်း ၊ ကြည် ၊ ကြွယ် ၊ ကြင် ၊
အထက်ပါအက္ခရာများပါဝင်သည့်သူများအတွက်
ကောင်းကျိုးလာဘ်လာဘ နှင့် ပီယပွင့်လန်းခြင်းကို အထူးဖြစ်စေသော နေ့ရက်များဖြစ်ကြောင်းကို ကြိုတင်သိနားလည်းထားခြင်းဖြင့်
မိမိတို့အတွက် ကောင်းကျိုးမင်္ဂလာအထူးတိုးပွားအောင်
ဝီရိယထား၍ ကြံစည် ဆောင်ရွက်အားထုတ်ခြင်းဖြင့်
အောင်မြင်မှုရယူနိုင်ကြပါစေ ။

မိမိကောင်းကျိုးရရှိသလို
ခုနှစ်ရက်သား/သမီးများလည်းကောင်းကျိုးအထွေထွေ ရယူနိုင်ကြပါစေဟူသော
စေတနာ မေတ္တာဖြင့်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...