Online Shopping နှင့်ဟိုဆန္ဒ ဒီဆန္ဒလေးတွေကို အောင်မြင်စေသော ဂမ္ဘီရ အစီအရင်

Astrology
Online Shopping နှင့်ဟိုဆန္ဒ ဒီဆန္ဒလေးတွေကို
အောင်မြင်စေသော ဂမ္ဘီရ အစီအရင်

အင်တာနက်ခေတ် တွင်တနေ့တခြားလူနေမှုဘဝတွေမြင့်လာပြီ။
သူ့ထက်ငါစီးပွားရေးတွေတိုးချဲ့လာကြပြီ။ပြိုင်ဆိုင်လာကြပြီ။
စီးပွာရေးလုပ်ငန်းများကိုလည်း အင်တာနက်စာမျက်နှာပေါ်မှတဆင့် ကြော်ငြှာ၍ တနေ့တခြားရောင်းဝယ်လုပ်ကိုင်လာကြပြီ။ စက်ပစ္စည်းများ
ဆေးဝါများ စာသောက်ကုန်များ စသည့် လူသုးံကုန်များ ခရီသွားလုပ်ငန်း ဘဏ်လုပ်ငန်းငွေကြေးလဲလှယ်ရောင်းဝယ်ခြင်းများ
တနေ့ထက်တနေ့ သူ့ထက်ငါ အပြိုင်အဆိုင် မိမိတို့၏လုပ်ငန်း
များကို တိုးချဲ့လုပ်ကိုင်ရာတွင် အင်တာနက်စာမျက်နှာများမှတဆင့်
ပြုလုပ်လာကြပြီ ဖြစ်၏။

တခါက အမျိုးသမီးတစ်ဦးသည် Online Shopping ပြုလုပ်ရန်
အဆင်ပြေဖို့ ယတြာတောင်း၏။ ကျွန်ုပ်သည် ထိုအမျိုးသမီး၏
ရောင်းလိုသောပစ္စည်း စျေးနှုံးများကို စာရွက်အလွတ်တခုတွင် ရေး
၍ အပြာရောင်မိုးပျံပူဖေါင်း တွင်ချိတ်ဆွဲကာလွတ်တင်စေခဲ့၏။ ထိုအမျိုးသမီး၏
Online Shopping လုပ်ငန်းသည် အောင်မြင်၍ ယနေ့ဆိုလျှင် အိမ်
ပိုင်ကားပိုင်လုပ်ငန်းများဖြင့် တနေ့တခြားချမ်းသွားပြီဖြစ်၏။

တခါက ငွေကြေးလဲလှယ်ရောင်းဝယ်သော လုပ်ငန်းပြုလုပ်သော လင်မယားနှစ်ယောက်သည် ၎င်းတို့၏ လုပ်
ငန်းအဆင်ပြေရန် အင်တာနတ် ဖေ့ဘွတ်စာမျက်နှာမှတဆင့်
လုပ်ငန်းတိုးချဲ့ မှု အဆင်ပြေရန် ယတြာ တောင်း၏။ ကျွန်ုသည်
ထိုလင်မယား၏ ငွေကြေးလဲလှယ်ရောင်းဝယ်သော လုပ်ငန်း၏အမည် လိပ်စာကဒ်နှင့်ထိုဆိုင်၏ဓါတ်ပုံတို့ကို မိုးပျံ
ပူဖေါင်း အစိမ်းရောင်၌ ချိတ်ဆွဲကာလွတ်တင်စေခဲ့၏။ထိုလင်မယား
၏ ငွေကြေးလဲလှယ်ရောင်းဝယ်သော လုပ်ငန်းသည် အတော်ပင်
အောင်မြင်၏။ယခုဆိုလျှင် တော်တော်ကြီးပွားသွားပြီဖြစ်၏။

တခါက လူငယ်တစ်ဦးသည် သူ့ချစ်သူက ဖုန်းဆက်နေရင်း
မြွေကိုက်သည်ဟုအကြောင်းပြကာ သေသည်ရှင်သည်မသိအဆက်
အသွယ်ဖြတ်သွား၏။ထိုမိန်းကလေး ကိုအဆက်အသွယ်ပြန်ရခြင်သော လူငယ်သည် ကျွန်ုပ်အား ယတြာတောင်း၏။ ကျွန်ုပ်လည်း ထိုလူငယ်၏ ချစ်သူအမည် မွေးနေ့
သက္ကရာဇ်နှင့်ရက်လတို့ကို မီးပုံးပျံတွင်ချိတ်ဆွဲက လွတ်တင်စေ၏။

ထိုလူငယ်၏ ချစ်သူသည်ပြန်လည်ဆက်သွယ်လာ၏။နောက်မှကြား
သိရသည်မှာ ထိုလူငယ်၏ ချစ်သူသည် ထိုလူငယ်အားအဆက်အသွယ် ဖြတ်လို၍ ဖုန်းဆက်နေရင်း ခြေထောက်မြွေကိုက်ခံရသည် လိမ်ပြောခြင်းဖြစ်၏။ယခုတော့
ထိုလူငယ်သည် ကလေးနှစ်ယောက်အဖေအဖြစ်ရပ်တည်နေပြီး လူငယ်၏ မိန်းကလေးမှာလည်း ထိုလူငယ်အားလေးစားချစ်ခင်လျက် ပျော်ရွှင်ဖွယ်ကောင်းသော
မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ရရှိနေပြီဖြစ်၏။

တစ်ခါက သွင်းကုန်ထုတ်ကုန်လုပ်ငန်တည်ထောင်ထားသော
သူဌေးတစ်ဦးသည် ထိုလုပ်ငန်းကိုအောင်မြင်စေသောယတြာတစ်ခုတောင်း၏။
ကျွန်ုပ်သည် ထိုသူ၏ ကိုဖွင့်ပွဲအခန်းအနားတခုလုပ်စေ၏။
ထိုဖွင့်ပွဲအခန်းအနား၌ မိုးပျံပူဖေါင်းအမြောက်အများ ကိုလွတ်တင်စေ၏။ ထိုမိုးပျံပူဖောင်း၌ ထိုသူ၏ သွင်းကုန်ထုတ်
ကုန်လုပ်ငန်းပစ္စည်းများနှင့်လိပ်စာကဒ်တို့ကို ချိတ်ဆွဲစေခဲ့၏။

ထိုသူ၏ သွင်းကုန်ထုတ်ကုန်လုပ်ငန်းသည် မြန်မာပြည်၏ဒေသ
တော်တော်များတွင်သာမက ပြည်ပနိုင်ငံတော်တော်များများ၌
အတော်ပင်အောင်မြင်သောလုပ်ငန်းကြီးတစ်ခုဖြစ်နေပြီဖြစ်၏။
တခါက အမျိုးသားတစ်ဦးသည် သူ၏ဒေသထွက်ပစ္စည်းများကို
ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် အင်တာနက်ဝက်ဆိုက်နှင့်ဖေ့ဘွတ်အင်တာနက်စာမျက်နှာ
တို့၌တင်၍ကြော်ငြာသော်လည်း မအောင်မြင်ဖြစ်နေ၏။ထိုသူသည်
ကျွန်ုပ်ထံသို့သူ၏ လုပ်ငန်းအောင်မြင်စေရန်ယတြာတောင်းလေ၏။

ကျွန်ုပ်လည်းထိုသူ၏ ဒေသထွက်ကုန်ပစ္စည်း၏အမည်များနှင့်အင်တာနက် ဝက်ဆိုက်လိပ်စာတို့ကို မိုးပျံပူဖေါင်းများတွင်ချိတ်ဆွဲကာလွတ်
တင်စေခဲ့၏။ထိုသူ၏ ဒေသသထွက်ကုန်လုပ်ငန်းသည် လအနည်းငယ်အတွင်းမှာပင် အောင်မြင်သွား၏။ယခုဆိုလျှင်
အတော်ကျယ်ပြန့်သောလုပ်ငန်းများဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိ၏။

တခါ အလုပ်များကြိုးစားလုပ်ကိုင်လျက်ရှိသောလူငယ်တစ်
ယောက်သည် စီးပွားရေးအဆင်မပြေဖြစ်၏။စားဖို့ပင်အနိုင်နိုင်
ရုံးကန်နေရ၏။ကျွန်ုပ်ထံတွင်ဗေဒင်မေးသော အခါ၌ ဗေဒင်ဟောခမျှပင် မပေးနိုင်အတော်ပင် အကြပ်အတည်း
တွေ့၍ပင်နေ၏။ ထိုလူငယ်အား ကျွန်ုပ်သည် မိမိတလတွင်လိုချင်
သောငွေကြေးနှင့် ပိုင်ပိုင်နိုင်နိုင် ရေရှည်လုပ်ကိုင်လိုသော
လုပ်ငန်းတို့ကို စာရွတ်တွင်ရေး၍ မိုးပျံပူဖေါင်းတွင်ချိတ်ဆွဲကာ
လွတ်တင်စေ၏။ထိုလူငယ်သည် ယခုအခါတွင် တလ ဘတ်၃သောင်းကျော်ခန့်ရသော လုပ်ငန်းတခုဖြင့်စီးပွားရေး
အတော်ပင်ချောင်လည်နေပြီဖြစ်၏။

တခါက ကျွန်ုပ်၏ ဗေဒင်ဆရာမိတ်ဆွေတစ်ဦးသည်
ဗေဒင်ဟောပြောရန်ဆိုင်ခန်းနေရာမရရှိသဖြင့် နေရာကောင်းတစ်
ခုရရန်ကျွန်ုပ်အားအကူအညီတောင်းလေ၏။ကျွန်ုပ်လည်း ထိုဗေဒင်ဆရာရာအား ရလိုသောဆိုင်ခန်းနှင့်ပေးနိုင်သောဆိုင်ခန်းခတို့ကို မီးပုံပျံ အဖြူရောင်၌ ချိတ်ဆွဲကာ လွတ်တင်စေခဲ့၏။ ထိုဗေဒင်ဆရာမိတ်ဆွေသည် ယခုအခါ အတော်ပင်အဆင်ပြေသော
ဗေဒင်ဟောခန်းဖြင့် စီးပွာရေးပြေလည်လျက်ရှိ၏။

တခါက ကွန်ပြူတာသင်တန်းဖွင့်ထားသောလူငယ်တစ်ဦးသည်
ကျွန်ုပ်ထံသို့ ထိုကွန်ပြူတာသင်တန်းအောင်မြင်ရန်ယတြာတောင်း
လေ၏။ကျွန်ုပ်က ထိုသူငယ်၏ ဆိုင်ဖွင့်သောနေရာရှေ့၌ ဆိုင်ဖွင့်ပွဲ
အခန်းအနားတခုကို တနိုင်လုပ်စေ၍ ထိုကွန်ပြူတာလုပ်ငန်း၏
ပွင့်ပွဲ၌ မီးပုံပျံအဖြူရောင် ၅ လုံးခန့်ကိုလွှတ်တင်စေခဲ့၏။

ထိုမီးပုံးပျံ၌ ထိုလူငယ်၏ ကွန်ပြူတာလုပ်ငန်း အမည်လိပ်စာနှင့်
သင်တန်းကြေး စသည်တို့ကိုပြည့်စုံစွာရေးကာချိတ်ဆွဲ၍ လွတ်တင်
စေခဲ့၏။ယခုအခါ ထိုကွန်ပြူတာလုပ်ငန်းသည် ပြည်နယ်တခု
၏ အချက်အချာ သင်တန်းကြီးအဖြစ်အောင်မြင်လျက်ရှိ၏။

တခါကဘဏ်လုပ်ငန်းတခုကိုလုပ်ကိုင်သော သူဌေးတစ်ဦး
သည် ဘဏ်လုပ်ငန်းတိုးတတ်အောင်မြင်စေရန်ယတြာတောင်း၏။
ကျွန်ုပ်လည်း ထိုဘဏ်လုပ်ငန်း ၏အမည်လိပ်စာ တို့ကို မီးပုံးပျံ၌ချိတ်ဆွဲကာလွှတ်တင်စေခဲ့၏။ ယခုအခါ ထိုဘဏ်လုပ်ငန်း
အကြီးအကျယ်ပင်အောင်မြင်လျက်ရှိ၏။

တခါက ကျန်းမာရေးအတော်ပင်မကောင်းသောအမျိုးသမီး
တစ်ဦးသည် ကျွန်ုပ်ထံတွင်ယတြာတောင်း၏။ထိုအမျိုးသမီးသည် ဘယ်ဆေး ဘယ်ဆရာဖြင့်ဘယ်လိုကုကုမသက်သာဘဲရောဂါ
အခြေအနေမှာတနေ့တခြား ဆိုးဝါလာခဲ့ခြင်းကြောင့် ကျွန်ုပ်ထံတွင်
ယတြာတောင်ခြင်းဖြစ်၏။ ကျွန်ုပ်လည်း ထိုအမျိုး သမီးအား ခံစာနေရသော ရောဂါတို့အားစာရွက်လွတ်တခုတွင် ချရေးစေ
၍ မီးပုံးပျံအနီရောင်၌ ချိတ်ဆွဲကာလွတ်တင်စေခဲ့၏။ယခုအခါ ထိုအမျိုးသမီးသည် အထူးပင်ကျန်းမာလျက် မိသားစုများမှာပြုံးပျော်
လျက်ရှိ၏။

တခါက အိမ်သစ်တတ်လိုသောလင်မယားနှစ်ယောက်သည် အိမ်သစ်တတ်ရမင်္ဂလာအခါနှင့် ယတြာတောင်း၏။ ကျွန်ုပ်သည် ထိုလင်မယားအားအိမ်သစ်တတ်ရန်မင်္ဂလာအခါကိုရွေးပေးပြီးထိုလင်မယား၏ အိမ်အမှတ်လမ်းအမည် အိမ်ထောင်ဦးစီးမီသားစုတို့၏ အမည်များကို
စာရွတ်လွတ်တွင်ရေးစေ၍ မိုးပျံပူဖောင်းများ၌ ချိတ်ဆွဲလွတ်စေ၏။ထိုလင်မယား အိမ်သစ်တတ်ပြီးသည်မှစ၍ စီးပွားရေးတဟုန်ထို့တတ်လေတော့၏။

သူ၏မိတ်ဆွေများကိုလည်း အိမ်သစ်တတ်ရန်မင်္ဂလာအခါနှင့်မိုးပျံပူဖောင်း
လွှတ်ပုံလွှတ်နည်းများကို ကျွန်ုပ်အား ရွေးချယ်ပြုလုပ်ခိုင်းလေတော့၏။
ယခုအခါ ကျွန်ုပ်ထံမှ အိမ်သစ်တတ်မင်္ဂပြုလုပ်သူများသည်
မိုးပျံပူဖောင်းများတွင် မိမိတို့အိမ်နံပတ်များချိတ်ဆွဲကာ လွှတ်တင်လာကြတော့၏။
တခါ မင်္ဂလာဆောင်ရက်လာရွေးသောသူနှစ်အား
မင်္ဂလာဆောင်၌ မိုးပျံပူဖောင်း၌ အိမ်ထောင်မြဲစေဖို ကျန်းမာစေဖို စီးပွားရေးပြေလည်စေဖို့ဆန္ဒများချိတ်ဆွဲလွတ်တင်စေ၏။ထိုစုံတွဲလင်မယားသညိ တစ်ဦးကိုတစိဦးချစ်ကြကြင်နာကြသည်မှာမပြောနှင့် အမြဲတမ်းညားခါစလင်မယားကဲ့သို့ ပြုံးပြုံပျော်နေထိုင်ကြသည်မှာ အနှစ်နှစ်ဆယ်ကျော်ပြီဖြစ်၏။ဘယ်လိုမှ အိမ်ထောင်ရေးလူမှုရေးပြဿနာတတ်သည်ဟူ၍ ယနေ့အထိမကြားသည့်ရပေ။အေးချမ်းလှပေ၏။

ကျွန်ုပ်သည် မီးပုံးပျံ နှင့်မိုးပျံဗူပေါင်း ဂမ္ဘီရ အစီအရင်ကို မကြာ
ခဏပြုလုပ်လေ့ရှိ၏။ ဆုတောင်းများဆန္ဒများကိုချိတ်ဆွဲပြီးမီးပုံးပျံ၌သော်လည်းကောင်း
ပူဖေါင်း၌သော်လည်းကောင်းချိတ်ဆွဲပြီလွတ်တင်လေ့ရှိ၏။ထိုသို့ပြုလုပ်ပြီး
မကြာခင်မှာပင် ကျွန်ုပ်၏ ဆန္ဒများပြည့်ဝလာခဲ့၏။ ကျွန်ုပ်၏ ဗေဒင်ဟောခန်းဖွင့်ပွဲကို နေ့အခါ မိုးပျံပူဖေါင်း
ရောင်စုံများ၌ ဗေဒင်ဟောခန်းလိပ်စာကဒ၊် ဆိုင်းဘုတ်နှင့် ဟောခန်းတို့
၏ ဓါတ်ပုံများဆန္ဒများရေးပြီး ချိတ်ဆွဲကာလွတ်တင်၏။ ညအခါ ၌ မီးပုံးပျံ၌
ကျွန်ုပ်၏ ဗေဒင်ဟောခန်းလိပ်စာကဒ်၊ ဆိုင်းဘုတ်နှင့်ဟောခန်း၏
ဓါတ်ပုံများဆန္ဒများကိုရေးပြီး ချိတ်ဆွဲကာလွတ်တင်ခဲ့၏။

ကျွန်ုပ်၏ ဆုတောင်းများ ဆန္ဒများမကြာခင် ပြည့်စုံလာတော့၏။
ကောင်းကင်ပြင်ထဲကို အခုလိုမီးပုံးပျံများ မိုးပျံဗူပေါင်းများလွတ်ခြင်းဖြင့် ဆန္ဒများတနေ့တခြားပြည့်စုံလာ
သည်မှာမယုံကြည်နိုင်အောင်ပင်ဖြစ်၏။
ကောင်းကင်ပေါ်၌ နတ်ပြည်ခြောက်ထပ် ဗြဟ္မာပြည် နှစ်ဆယ်
သို့တိုင်အောင် ဆန္ဒများရောက်ရှိသွား၍လော…..
သို့မဟုတ် ကောင်းကင်ဘုံမှ နတ်ဘုရားများက ထိုဆန္ဒတွေကို
ဖြည့်ပေးခြင်းပေလော……
အကာသလောကဓါတ် ကြီးနှင့် ဆန္ဒဓါတ်များပေါင်းစည်း
၍ ဆုတောင်းများ ပြည့်စုံလေခဲ့သလော ……..

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...