ကံကောင်းစေမည့်ရှေ့ပြေးနိမိတ်များအကြောင်း

Astrology
ကံကောင်းစေမည့်ရှေ့ပြေးနိမိတ်များအကြောင်း

လူတစ်ယောက်ကံကောင်းလာတော့မယ်ဆိုတာကိုရှေ့ပြေးနိမိတ်တွေကြည့်ပြီး သိရှိနိုင်ပါတယ် ။
နိုင်ငံတိုင်းမှာတော့ ကံကောင်းခြင်းရဲ့ နိမိတ်ကင်္ကေတတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုး ရှိနေတက်ပါတယ် ။

အယူအဆအမျိုးမျိုးထဲကမှ လူအများစုနားလည်လက်ခံ ယုံကြည်ထားတဲ့ ကံကောင်းခြင်းရဲ့ နိမိတ်သင်္ကေတတွေလည်း ရှိပါတယ် ။ သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင် ရောက်ရှိလာတော့မယ်ဆိုရင် ဒီလိုရှေ့ပြေး နိမိတ်သင်္ကေတတွေကို မြင်တွေ့ ၊ ဖြစ်ပေါ် ရတတ်ပါတယ်နော် ။

ငှက်တွေအသိုက်vလာဖွဲ့တာငှက်တွေက သင့်ရဲ့ နေအိမ် ၊ တိုက်ခန်း(သို့)ရုံးခန်း ၊ ဆိုင်ခန်း အဆောက်အအုံတွေမှာ အသိုက်လာဖွဲမယ်ဆိုရင် ဒါဟာကံကောင်းခြင်းရဲ့ ရှေ့ပြေး နမိတ်တစ်ခုပါ ။
ငှက်တွေက ကိုယ့်ဆီမှာလာပြီး အသိုက်ဖွဲ့တယ်ဆိုတာ သင့်ဆီမှာ ကောင်းတဲ့ (positive energy)တွေ ရှိနေတယ်လို့ မှတ်ယူကြပြီး ဒါဟာ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတွေ တိုးတက်ကောင်းမွန် လာမယ့် ရှေ့ပြေးနိမိတ် တစ်ခုပဲဖြစ်ပါတယ် ။

နားယားတာ ရောဂါကြောင့်မဟုတ်ပဲ နားယားပြီဆိုရင်လူတော်တော်များများကတော့ တစ်စုံတစ်ယောက်ကကိုယ့်မကောင်းကြောင်း ပြောနေ ၊ ကိုယ့်အတင်းတုပ်နေပြီလို့ ယူဆကြတက်ပါတယ် ။ တကယ်တော့ မဟုတ်ပါဘူး ။ နားယားခြင်းကလည်း ကံကောင်းခြင်းရဲ့ နိမိတ်တစ်ခုဖြစ်ပါတယ် ။

ဒီနေရာမှာတော့ နားယားတာဟာ တစ်ယောက်ယောက်က သင့်အကြောင်းကို ချီးကျူးပြောဆိုနေလို့ အခုလိုဖြစ်တာလို့ မှတ်ယူထားလိုက်ပါနော် ။

သင့်ဆီကို ပျော်စရာကောင်းတဲ့ relationships (သို့)မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ကံကောင်းခြင်းတွေ ရောက်လာတော့မယ့် နိမိတ်တစ်ခုပဲ ဖြစ်ပါတယ် ။

အိမ်မွေးတိရစ္ဆာန်ရောက်လာတာ ကိုယ့်အိမ် (သို့)ရုံးခန်းကိုcတိရစ္ဆာန်တစ်ကောင်ကောင်က မျက်စိလည်လမ်းမှားပြီး ရောက်လာရင်လည်း ဒါဟာကံကောင်းခြင်း နိမိတ်ပါ ။ ကြောင်အနက် ရောက်လာရင်တောင်မှ ဒါကိုကံကောင်းခြင်းလို့ပဲ မှတ်ယူလို့ ရပါတယ် ။

ခွေး ၊ ကြောင်တို့များ ကိုယ့်အိမ်ကို မျက်စိလည်လမ်းမှားပြီး ရောက်လာမယ်ဆိုရင်တော့ ဒါဟာ သင့်ဆီကိုကံကောင်းခြင်းတွေ မကြာခင် ရောက်လာတော့မှာပဲ ဖြစ်ပါတယ် ။

၈ ဂဏန်းကို မြင်တာ (၈)ဂဏန်းကို မကောင်းတဲ့ ဂဏန်းလို့ မြင်နေတာကို ရပ်လိုက်ပါ ။ တကယ်က (၈)ဂဏန်းကို မြင်ရင် ကံကောင်းတတ်ပါတယ် ။
အရာဝတ္ထုတစ်ခုခု ဥပမာ- တိမ်တွေက ( ဂဏန်းပုံ ဖြစ်နေတာမျိုးကို တွေ့ရင်လည်း ဒါဟာ ကံကောင်းခြင်းနိမိတ်ပါပဲ ။ (8)ကိုတရုတ်မှာဆိုရင် ကံကောင်းခြင်းလို့ မှတ်ယူပါတယ် ။

တရုတ်မှာဆိုရင်(8)အသံထွက်ဟာချမ်းသာ ကြွယ်ဝခြင်းဆိုတဲ့ စကားနဲ့ အဓိပ္ပါယ် တူပါတယ် ။
ဒါကြောင့်ဂဏန်း(8)မှ မဟုတ်ပဲ ( ပုံစံပေါ်နေတဲ့ အရာတစ်ခုခုကိုမြင်ရင်လည်း ကံကောင်းခြင်း အရာတစ်ခုခုကို မကြာခင် သင့်ဆီရောက်လာတော့မှာပဲ ဖြစ်ပါတယ် ။
အဝတ်အစားပြောင်းပြန် ဝတ်မိတာ တခါတလေမှာ မရည်ရွယ်ပဲ အဝတ်အစားကို ပြောင်းပြန်ဝတ်မိတာမျိုး ဖြစ်တတ်ပါတယ် ။

ဆွယ်တာအင်္ကျီဖြစ်ဖြစ် ၊ ဘောင်းဘီကိုပဲဖြစ်ဖြစ် ပြောင်းပြန်ဝတ်မိရင်လည်း ဒါဟာ ကံကောင်းခြင်း နိမိတ်ပါ ။ မကောင်းတဲ့ကံတွေ ပြောင်းပြန်လှန်တော့မယ်ဆိုတဲ့သဘောပါနော် ။ တစ်ခါတလေမှာ သွားရင်းလာရင်းနဲ့များ သင့်ခေါင်းပေါ် (သို့) သင့်အဝတ်အစားပေါ်ကို ငှက်ချေးပါချရင် အရမ်းကြီး စိတ်အနှောင့်အယှက် မဖြစ်လိုက်ပါနဲ့ ။
အခုလို ကိုယ့်အပေါ်ကို ငှက်ချေးပါချရင်တော့ မကြာခင်မှာ ကံကောင်းခြင်းတွေ ရောက်လာတော့မယ် ၊ငွေကြေးလာဘ်ဝင်တော့မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ပဲ ဖြစ်ပါတယ် ။

နွယ်ပင်တွေ အိမ်ကိုတက်တာ အိမ်မှာသန့်ရှင်းရေးလုပ်ရဲ့သားနဲ့ နွယ်ပင်တွေတွယ်တတ်ပြီဆိုရင်လည်း ဒါဟာ ကံကောင်းခြင်းရဲ့လက္ခဏာပါ ။
တကယ်လို့များ သင့်အိမ်မှာ နွယ်ပင်တွေ တွယ်တက်နေပြီဆိုရင်တော့ ဒါဟာ မကြာခင်မှာ သင့်ဆီကို ကံကောင်းခြင်းတွေ ရောက်လာတော့မယ်ဆိုတဲ့ ရှေ့ပြေးပါ ။

နွယ်ပင်တွေ အိမ်မှာတက်ပြီဆိုရင် ကံဆိုးခြင်းတွေပျောက်ပြီး ကံကောင်းခြင်းတွေ ရောက်လာတော့မှာပဲ ဖြစ်ပါတယ် ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...