ကြွေးသွားတောင်းယတြာ

Astrology
ကြွေးသွားတောင်းယတြာ

အကြွေးသွားတောင်းတဲ့အခါ
ကြွေးရှင်ကိုကြွေးယူသူက
ပေးချင်တဲ့စိတ်လေးရှိနေရင်တော့
့ပိုကောင်းတာပေါ့နော်

ဒါပေမဲ့ကျွန်တော်တို့စဉ်းစားရမှာက
ယူတဲ့သူကငွေရှိမှပေးနိုင်မှာလေ
ဒါကြောင့်ကျွန်တော်က ၇ ရက်သားသမီးတွေ
ငွေဝင်အောင်အမျိုးမျိုးတွေလျှောက်စဉ်းစားနေတာ
အလုပ်တွေသူတို့အဆင်ပြေအောင်
အဓိဌန်တွေဝင်ပေး
အပင်ပန်းတွေခံလိုက်လုပ်နေရတာ
ဒါမှသူတို့ပြန်ဆပ်နိုင်မှာလေ

ကဲစလိုက်ရအောင်

ကြွေးသွားတောင်းယတြာလေး

ကြွေးယူတဲ့သူကိုယ့်မျက်နှာမြင်တာနဲ့
မရှိရှိတာလေးထုတ်ပေးချင်အောင်
ကိုယ့်ကိုယ်လည်းပြန်အော်ပြီး
မပြောအောင် အာစေးလေးနဲ့
ဘယ်လိုလည်း အဆင်ပြေတယ်မဟုတ်လား

တနင်္ဂနွေသားသမီးထံမှအကြွေးတောင်းလိုသော်
ဗုဒ္ဓဟူးနေ့မနက် ၆ နာရီမှ ၇ နာရီခွဲတွင်း
စိန်ပန်း ၅ ညွန့် ကန်ကော် ၁၅ ညွန့် ကို
နေအိမ်ဘုရားမှာလှူ
ရွက်လှလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

တနင်္လာသားသမီးထံမှအကြွေးသွားတောင်းလိုသော်
ကြာသပတေးနေ့မနက် ၆ နာရီမှ ၇ နာရီခွဲတွင်း
လောက်သေ ၁၀ ညွန့် ဇီး၈ ညွန့် ကို
နေအိမ်ရှိဘုရားမှာလှူ ပါ ပြီးလျှင်
ပျဉ်းမ လက်တဆစ်ကိုဆောင်ပြီးသွားတောင်း

အင်္ဂါသားသမီးထံမှအကြွေးသွားတောင်းလိုသော်
ကြာသပတေးနေ့မနက် ၆ နာရီမှ ၇ နာရီတွင်း
ပိတောက် ၁၂ ညွန့် ရွက်လှ ၄ ညွန့်ကို
နေအိမ်ရှိဘုရားမှာလှူ ပါ ပြီးလျှင်
သီဟိုလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

ဗုဒ္ဓဟူးသားသမီးထံမှ အကြွေးသွားတောင်းလိုသော်
သောကြာနေ့မနက်၆နာရီမှ၇နာရီခွဲတွင်းပြုလုပ်ရန်
သဲအိုးတစ်အိုးမှာအုန်း၆ ညွန့်ကိုထည့်ပါ
ပြီးလျှင်ပျဉ်းမ၅ ညွန့်ကိုပန်းအိုးတအိုးနဲ့သတ်သတ်လှူ
ပြီးမှ ထန်းလက်တဆစ်ကိုဆောင်သွား

ကြာသပတေးသားသမီးထံမှအကြွေးတောင်းသော်
တနင်္ဂနွေနေ့နံနက်၆နာရီခွဲမှ၇နာရီခွဲတွင်းပြုလုပ်ရန်
ဒါန်းကြီး ၉ ညွန့် သီဟို ၆ ညွန့်ကို
နေအိမ်ရှိဘုရားမှာလှူ ပြီးရင်
အုန်းသားလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

သောကြာသားသမီးထံမှအကြွေးတောင်းလိုသော်
တနင်္ဂနွေမနက် ၆နာရီမှ ၇နာရီခွဲတွင်းပြုလုပ်ရန်
သြဇာ ၄ ညွန့် ထန်း ၁၀ ညွန့် ကို
နေအိမ်ရှိဘုရားမှာလှူ ပါ ပြီးရင်
ကန့်ကော်သားလက်တဆစ်ဆောင်ပြီးသွားတောင်း

စနေသားသမီးများထံမှ အကြွေးသွားတောင်းလိုသော်
တနင်္လာနေ့ မနက် ၆ နာရီမှ ၇ နာရီခွဲတွင်းပြုလုပ်ရန်
ခရေ ၆ ညွန့် အုန်း ၆ ညွန့်ကို
နေအိမ်ရှိဘုရားစဉ်တွင်လှူ ပါ ပြီးလျှင်
ဇီးသားလက်တဆစ်ကိုဆောင်ပြီးသွားတောင်း

အဓိဌန်ဝင်ရက်မှာ
ကျမ်းရင်းလင်္ကာအပိုဒ် ၄၀ တွင်းမှဓါတ်
ကစားကွက်များကို ထိုးထွင်းသိမြင်ခဲ့ပြီး
နောင်လာနောင်သားပညာလိုသူ
အမျိုးကောင်းသားတို့အတွက်
ရည်စူး၍တီထွင်ကြံဆခဲ့ပါသည်

လင်္ကာ
ငါတည်း တယောက် ကောင်းစား ဘို့ရာ
ခုလောက်ကျိုးကုတ် အားမထုတ်ဘူး
မဟာဂန္ဓာရုံဆရာတော်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...