ထိရောက် ထူးခြားတဲ့ ယတြာ

Astrology
ထိရောက် ထူးခြားတဲ့ ယတြာ

လူတွေဟာ သက်ရောက်နှစ်တွေ ဖြတ်သန်း ကြတဲ့အခါ ကောင်းတဲ့ဂြိုလ်ကိုပိုအားကောင်းအောင်၊ ယတြာချေကြရသလို၊ မကောင်းတဲ့ဂြိုလ်ကိုလဲ ဆိုးအားတွေ လျော့သွားအောင် ယတြာချေပေးမှသာ အဲဒီ သက်ရောက်နှစ်ကို စိတ်အေးချမ်းသာစွာ ကျော်ဖြတ်နိုင်ကြမှာ—–

ဒါပေမဲ့ ဘယ်ဂြိုလ်ကကောင်းတယ် ဘယ်ဂြိုလ်က မကောင်းဘူးဆိုတာ မသိရင် ယတြာလုပ်တဲ့အခါ အခက်တွေ့တတ်သလို၊ ကြုံသလိုယတြာလုပ်ခြင်းကလည်း ထူးခြားတဲ့ပြောင်းလဲမှု ဖြစ်မလာစေတတ်ဘူး—-

ဗေဒင်ပညာကို အတန်အသင့်နားလည်သူတွေတောင်မှ ထိရောက်တဲ့ယတြာကို စဉ်းစားကြတဲ့အခါ ဒွိဟ စိတ်တွေ ဖြစ်ပေါ်တတ်ကြပါသေးတယ် ။ ယတြာတွေများပီး အကျိုးမထူးရင်လည်း အလကားပါပဲ—

ဒါကြောင့် လူတိုင်းလုပ်လို့ရပီး ထူးခြားတဲ့ အပြောင်းအလဲတွေဖြစ်လာစေမဲ့ ယတြာကို ပြောပြပေးချင်ပါတယ်—
အဲဒါကတော့ မိမိရဲ့ ရောက်ရှိနေတဲ့ အသက်ကို တည်ပီး ( ၇) နဲ့စားလိုက်ပါ အကြွင်း (၀ )ဆိုရင်လည်း ( ၇ )ကြွင်းလို့မှတ်လိုက်ပါ၊ မွေးနေ့ပြည့်ပီဆိုတာနဲ့ နောက်တနှစ်က အစပြုတာမို့လို့ ဥပမာ ဒီနေ့အသက်( ၃၀) ပြည့်ပီဆိုရင် ( ၃၁ )နှစ်ကိုယူရပါမယ် နေ့သားသမီးမလိုတဲ့အတွက် ဘာနေ့ ညာနေ့ မဟာဘုတ် ဘာဖွား ညာဖွားတွေကြည့်စရာ မလိုပဲ အသက်ကို သိတာနဲ့ ချေလို့ရတဲ့ ယတြာဖြစ်ပါတယ် ကဲစကြရအောင်—-

အသက်ကိုတည်ပီး (၇ )နဲ့စားလို့( ၁) ကြွင်းတယ်ဆိုရင် အင်္ဂါနေ့မှာစိတ်ရောဂါသည်၊ စိတ်ဝေဒနာရှင် အတွက်အဟာရထောက်ပံ့ပါ ၊စိတ်ရောဂါသည်ရှာရခက်နေရင် စေတီရဲ့ အင်္ဂါထောင့်ကစပီး လင်္ကျာရစ်ဂြိုလ်ခွင်ပတ်လည်တမျက်စီးလှည်း အမှိုက်ရှင်းပါ ၊ပီးရင် ကြာသပတေးနေ့ရောက်တိုင်း အိမ်ကဘုရားကိုကြာသပတေးနံ အစား
အသောက်ဖြစ်တဲ့ ပေါင်မုန့် ၊ပဲမုန့် စသဖြင့်တင်လှူပါ။ အင်္ဂါနေ့မှာစိတ်ရောဂါသည် ကြာသပတေးနေ့မှာ ဘုရားကို ပေါင်မုန့် ၊ပဲမုန့်ကိုတင်လှူယုံပါပဲ၊ အပါတ်တိုင်း မပျက်မကွက် လုပ်ပေးရင် ဘာထူးခြားလာမလဲဆိုတာ ကိုယ်ကိုယ်တိုင်လက်တွေ့သိလာပါလိမ့်မယ်–

အသက်ကိုတည်ပီး( ၇ )နဲ့စားလို့ (၂) ကြွင်းတယ်ဆိုရင်တော့ လေဖြတ်ဝေဒနာသည် ၊ ဆွံ့အနားမကြား၊ မသန်မစွမ်း သူတွေကို ဗုဒ္ဓဟူးနေ့တိုင်းအဟာရဒါနပြုပါ ၊ပီးရင် သောကြာနေ့ရောက်တိုင်း သစ်သီး ၆ မျိုးကပ်လှူပါ—

အသက်ကိုတည်ပီး (၇ )နဲ့စားလို့ (၃) ကြွင်းတယ်ဆိုရင် မျက်မမြင်တွေအတွက်အဟာရဒါနပြုခြင်းကို ကြာသပတေးနေ့မှာလုပ်ပါ ၊ပီးရင်စနေနေ့ရောက်တိုင်း စနေနံအစားအသောက်တွေတင်လှူပါ—

အသက်ကိုတည်ပီး (၇ )နဲ့စားလို့ (၄ )ကြွင်းတယ်ဆိုရင် သောကြာနေ့တိုင်း ဘုန်းကြီးကုဋီသန့်ရှင်းရေးလုပ်ပါ ပီးရင်တနင်္ဂနွေနေ့မှာအုန်းသီး ၊အုန်းနို့နဲ့ လုပ်ထားတဲ့ အစားအသောက်တင်လှူပါ—

အသက်ကိုတည်ပီး (၇ )နဲ့စားလို့( ၅ )ကြွင်းတယ်ဆိုရင် စနေနေ့မှာခန္ဓာကိုယ်အောက်ပိုင်း ချို့ယွင်းနေသူကို အဟာရဒါနပြုပါ ရှာရခက်နေရင် နာရေးကူညီမှုအသင်းမှာ လှူပေးပါ၊ ပီးရင် တနင်္လာနေ့ရောက်တိုင်းတနင်္လာနံ အစားအသောက်ကို တင်လှူပါ—

အသက်ကိုတည်( ၇) နဲ့စားလို့ (၆) ကြွင်းတယ်ဆိုရင် တနင်္ဂနွေနေ့မှာအသက်ကြီးတဲ့အဖိုးအို တောင်းရမ်းစားသောက်နေသူဖြစ်ဖြစ် နာမကျန်းဖြစ်နေသူကိုဖြစ်ဖြစ် အဟာရထောက်ပံ့ပါ ၊ ပီးရင် အင်္ဂါနေ့မှာအင်္ဂါနံအစားအသောက်ကို တင်လှူပေးပါ–

အသက်ကိုတည် (၇ )နဲ့စားလို့( ၀ )ကြွင်းတယ်ဆိုရင် မိဘမဲ့ခလေးတွေကို တနင်္လာနေ့မှာ အဟာရဒါနပြုပေးပါ ပီးရင် ဗုဒ္ဓဟူးနေ့မှာရွှေရင်အေးဖြစ်ဖြစ်
လမုန့်ဖြစ်ဖြစ် ဗုဒ္ဓဟူးနံအစားအသောက်တွေတင်လှူပေးပါ–

အဲဒီယတြာတွေကို တနှစ်ပတ်လုံး ဂရုတစိုက်လုပ်သွားမယ်ဆိုရင်
အဲဒီနှစ်မှာ ဖြစ်လာမဲ့ အနိဌ အဖြစ်အပျက်တွေကို လွဲချော်သွားစေသလို၊ ဣဌ ကောင်းကျိုးတွေကိုလည်း ကြုံတွေ့လာပါလိမ့်မယ်။

ဗေဒင်ရဲ့ အနှစ်သာရ အရှိဆုံး ယတြာဖြစ်တာမို့လို့ လွယ်လွန်းလို့အထင်မသေးလိုက်ပါနဲ့ ။အဲဒီယတြာတွေလုပ်ရင်း တစထက်တစတိုးတက်ချမ်းသာလာသူတွေအများကြီးရှိသလို ၊ဖြစ်ချင်တာတွေကိုဖြစ်ခွင့်ရသွားသူတွေလည်းအများကြီးပါ တစိုက်မတ်မတ်လုပ်ဖို့ပဲလိုပါတယ်လို့ တင်ပြရင်း******
ဆရာဦးသန်းလှိုင်

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...