နှစ်တစ်နှစ်မှာတစ်ကြိမ်သာပြုလုပ်နိုင်တဲ့ တာဝတိံသာပဋ္ဌာန်းအဓိဋ္ဌာန်

Astrology Religion
နှစ်တစ်နှစ်မှာတစ်ကြိမ်သာပြုလုပ်နိုင်တဲ့ တာဝတိံသာပဋ္ဌာန်းအဓိဋ္ဌာန်

ထိုအဓိဋ္ဌာန် တာဝတိံသာပဋ္ဌာန်းပူဇော်ခြင်းကား တစ်နှစ်မှာ တစ်ခါသာ အောက်ပါ ရက် အတွင်း သာပြုလုပ်နိုင်ပေသည်။
နှစ်စဉ် #တော်သလင်းလဆုတ် (၆ )ရက်မှ
#သီတင်းကျွတ်လပြည့်အထိ(၂၅)ရက်ကြာ ဖြစ်သည်။
( ထိုရက်ကား ဘုရားဖြစ်တော်မူပြီး (၇) ဝါမြောက် တွင်အဘိဓမ္မာတရားများကို တာဝတိံသာ နတ်ပြည်၌ ဝါတွင်း( ၃) လ အသံမစဲ ဟောရာတွင် နောက်ဆုံး(၂၅) ရက်တွင် ပဋ္ဌာန်းကျမ်းကို ဟောကြားခဲ့‌ သောရက်ဖြစ်ပေသည်။ )
ထိုကြောင့် တာဝတိံသာပဋ္ဌာန်း ဟု အမည်သမုတ်ပေ၏။

ဒီနှစ်အတွက်ဆိုရင်
(၂၃.၉.၂၀၂၄)မှ(၁၇.၁၀.၂၀၂၄) နေ့အထိ
ထို (၂၅ )ရက်ကို ပဋ္ဌာန်းပူဇော်ခြင်းဖြင့်
အဓိဌာန်ဝင်ရပါမယ်။

တာဝတိံသာပဋ္ဌာန်းအဓိဋ္ဌာန်ပုံစံ

(၂၃.၉.၂၀၂၄) ပထမနေ့
မြတ်စွာဘုရားရှင်အား
ဆီမီး၊ပန်း။ရေချမ်း၊အမွှေးနံ့သာများကို လှူဒါန်းပြီး
ဩကာသ ဘုရားရှိခိုး
ငါးပါးသီလ(ရှစ်ပါးသီလ)ခံယူဆောက်တည်ပါ ။

(က ) နတ်ပင့် ။ မေတ္တာသုတ်ရွတ် ( အရပ်၁၀မျက်နှာမေတ္တာပို့)ပြီး တာဝတိံသာ ပဋ္ဌာန်း အဓိဋ္ဌာန် ဝင်မည်အကြောင်းတိုင်တည်ပါ။
( ခ ) ပဋ္ဌာန်း ဥဒ္ဒေသ ( အကျဉ်း)
( ဂ ) ပဋ္ဌာန်း နိဒ္ဒေသ ( အကျယ်)
{ ပဉှာဝါရ။ ပုစ္ဆာဝါရ။ ပဋ္ဌာန်းကျမ်းကြီး။ မိမိပူဇော်လိုရာပဋ္ဌာန်းစာများ}
( ဃ) ဒိဝါတပတိ အခေါက် ၆၀
{သို့မဟုတ်} သုဂတော။ နမောတေ။ အဋ္ဌာနမေတံ။ ရတနာသုတ် စသည့် အခြားမိမိနှစ်သက်ရာ ဂါထာများ ပရိတ်များ။
( င ) မတ်ေတာပို့ မတ်ေတာခံယူ
( ဆ ) ဆုတောင်း ( မိမိလိုရာ)။
အကောင်းဆုံးကတော့ လောဘတွေမပါတဲ့
နိဗ္ဗာန် မဂ်ဖိုလ် သာဆုတောင်းပါ။
ကျန်လောကီကောင်းကျိုးတွေက မိမိနဲ့ထိုက်သည့်အားလျော်စွာပြည့်ပါတယ်။
( ဇ ) အမျှဝေ။ သာဓုခေါ်
( စျ) နတ်ပို့ပါ။
နေ့စဉ် (၂၅)ရက် မပျက် (အချိန်မှန် နေရာမှန် ဖြစ်နိုင်လျင်) ပူဇော်ပါ။ တစ်ရက်မှပျက်လို့မရပါ။

အလှူဒါနပါ လုပ်လိုလျင်

ပဋ္ဌာန်း အဓိဋ္ဌာန်စုဘူး (ဖလား သို့မဟုတ် ဖန်ခွက် သင့်လျော်ရာ) ဖြင့်နေ့စဉ် ပဋ္ဌာန်းရွတ်ပြီးတိုင်း တတ်နိုင်သ၍ နည်းများမဆို ကုသိုလ်ငွေစုထားပြီး နောက်ဆုံးနေ့၌ စုပေါင်း၍သင့်လျော်သလို လှူဒါန်းပါ။

အဓိက ကတော့ ထို (၂၅ )ရက်လုံး
အမြင့်မြတ်ဆုံးသော ပဋ္ဌာန်းတရားဖြင့်
အထူး ပူဇော်ရန်ဖြစ်ပါတယ်။

စွမ်းနိုင်လျင် ထို( ၂၅ )ရက်ဖြင့် ပဋ္ဌာန်းကျမ်း (၅ )အုပ် အပြီး ပူဇော်နိုင်လျင် အကောင်းဆုံးပါ။တစ်နေ့ (၁၀၅) မျက်နှာခန့် ရွတ်ရပါမည်။
ပဋ္ဌာန်းကျမ်း (၅ )အုပ် မပြီး နိုင်လျင်
ပထမတွဲ တစ်အုပ်ထဲလည်းပူဇော်နိုင်ပါတယ်။
တစ်နေ့ ( ၁၈ )မျက်နှာခန့်သာ ရွတ်ရပါမည်။
ပေါ့ပေါ့ပါးပါး( ပျင်းသူများလို့တော့ မဆိုချင်ပါ)လုပ်ချင်ရင်တော့ပဋ္ဌာန်းအကျဉ်း (၂၄)ပစ္စည်း ဥဒ္ဒေသ ကို (၂၄)ခေါက်ရွတ်ပါ။
သို့သော် အဓိပ္ပါယ် ကိုသိပြီးရွတ်ပါ။

ဥပမာ-
ဟေတု ပစ္စယော ဟု ရွတ်လျင်
“ဟိတ်သဘောဖြင့် ရေသောက်မြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား” ဟုသိပါ။ ကျန်ပစ္စည်းများလည်း အဓိပ္ပါယ်အကျဉ်းတော့ သိပါလေ။ မသိသေးလျင် ရှာဖွေလေ့လာပါ။

အားလုံးအဆင်ပြေကြပါစေ
ပဋ္ဌာန်း ဆီမီး ရေချမ်း ပန်းလမ်း
တို့ဖြင်လည်း ထည့်သွင်းပူဇော်နိုင်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...