ဘာသာရေးများနှင့်မသက်ဆိုင်သော အမှောင်စွမ်းအင် တားမြစ်ခြင်းဆိုင်ရာ ဗဟုသုတများ

Astrology
ဘာသာရေးများနှင့်မသက်ဆိုင်သော အမှောင်စွမ်းအင်
တားမြစ်ခြင်းဆိုင်ရာ ဗဟုသုတများ

၁.ခရုစားရင် ပြုစားထားသမျှပျက်တယ်
၂.ကြောင်ချီးနံ့ နံတဲ့အိမ်မှာ
ဘယ်သူရဲ တစ္ဆေမှ မနေတော့ဘူး
၃.ခေါင်ရမ်း ရွက်ဟာ မသိုးမသန့်ကိစ္စတွေကိုဖယ်ရှားပေးတယ်
၄.မှင်စာ အုပ်စုဆိုရင် ရှာလကာရည်အနံ့မခံနိုင်ဘူး
၅.သလင်းကျောက်ရဲ့ ပေ၅၀အတွင်းမှာ
ဝိညာဥ်သတ္တဝါမနေနိုင်ဘူး
၆.သီချင်းဆိုပေးရင် ဂန္ဓဗ္ဗနတ်တွေချစ်တယ်
၇.အိုးမဲ စတိသုပ်ရင် ပရလောကသားတွေမမြင်ရတော့ဘူး
၈.သရက်ရွက် အိမ်မှာချိတ်ထားရင်
ပရလောက အန္တရာယ်ကိုကာကွယ်တယ်
၉.မိုးမခရွက်/ကိုင်းဟာ ပရလောသားတွေကိုဆုံးမလို့ရတယ်
၁၀.ကျားပါးစပ်ပန်းလေးတွေဟာ ကပ်ဘေးကိုကာကွယ်နိုင်တယ်

၁၁.နနွင်းမျိုးဂျင်းမျိုး အပင်တွေဟာ အိမ်ကိုကျက်သရေရှိစေတယ်
၁၂.ဒန္ဒကူးပင် ပြည်လုံးချမ်းသာပင်တွေဟာ
အိမ်တွေရဲ့မကောင်းတဲ့အငွေ့အသက်ကိုစုပ်ယူနိုင်တယ်
၁၃.အမေ့ ခြေမှုန်ဟာ ကိုယ့်ခလေးကို ပရလောကသားတွေစီက ကာကွယ်နိုင်တယ်
၁၄.ဘူးသီးခြောက်ဟာ ပရလောက သတ္တဝါအများစုကိုစုပ်ယူ ဖမ်းချုပ်နိုင်တယ်
၁၅.မီးဖိုလယ်ပြာ (စဖိုလယ်ပြာ)ဟာ
ပရလောက သတ္တဝါရဲ့ အဆိပ်ကိုပြေစေတယ်
၁၆.မဆစ်ဆီဟာ စုန်းအတတ်ရဲ့အစွမ်းကိုတားမြစ်တယ်
၁၇.သပွတ်ခါးသီးခြောက်ဟာ ပြသနာတွေကို
စုပ်ယူဖယ်ရှားပေးတယ်
၁၈.ရေခရာပင်အညွန့်ဟာ ကိုယ်ဝန်ဆောင်ကို ဒုက္ခပေးတဲ့ ဝိညာဥ်သတ္တဝါတွေကို တားမြစ်ပေးတယ်
၁၉.ကြေး လက်ကောက် ငွေလက်ကောက်
ခြေကျင်း စတာတွေဟာ ကလေးငယ်ရဲ့ကိုယ်မှ မကောင်းတဲ့ အငွေ့အသက်နဲ့ေရာဂါကို ဖယ်ရှားပေးတယ်
၂၀.အိပ်နိုးချမ်းသာဆိုတဲ့ ဂုန္နမံပင်တွေဟာ
အိမ်တွင်းမှာစိုက်ရင် အိမ်မက်ဆိုးတွေကို
တားမြစ်ပေးတယ်

၂၁.လဲပင်(မှို့ပင်)အရွက်တွေဟာ
ခေါင်းလျှော်ရည်အဖြစ်သုံးရင်
ကံဆိုးမှုကိုဖယ်ရှားပေးတယ်
၂၂.မက်မွန်သားတွေဟာ
ပရလောက /ဒေဝလောကသားတွေကို နှိမ်နင်းနိုင်တယ်
၂၃.သူတောင်းစားဆီက ပိုက်ဆံဟာ
အသည်းအသန် လူနာကို အသက်ဆွဲဆန့်ပေးနိုင်တယ်
၂၄.ကြက်မွှေးကို ဇာမဏီမွှေးလို့ခေါ်ပြီး
သတိလစ်နေသူကို ရိုက်ပေးရင်
ထွက်သားတဲ့ စိတ်ဝိညာဥ်ကို ပြန်ခေါ်ပေးလို့ သတိပြန်ရစေတယ် ….
၂၅.တရော် ကင်ပွန်းဟာ ကံကောင်းစေခြင်း
မသန့်တာကိုသန့်စေခြင်း
စွမ်းအင်ကို ဖြစ်စေခြင်း ဂုဏ်ရှိတယ်
၂၆.ပျားသလက်အဟောင်း ရဲ့စွမ်းအင်က
စုပေါင်းအားနဲ့ကာကွယ်ခြင်းလို့ အဓိပ္ပါယ်ရတယ် စုန်းမပြုစားဖို့ ဆောင်ကြတယ်
၂၇.ငါးဥသီး ရဲ့ အပင်မှာစူးလေးတွေပါတယ် အဲ့တာက ပရလောကသားတွေကို
တားမြစ်စေတယ် သူ့အနံ့ကိုက အငွေ့ ဝိညာဥ်တွေ ကြောက်ကြလို့ ရှေးကဆို မီးရှို့ပြီးအငွေ့ပေးကြတယ်
၂၈.တောထန်းကို တော့ တန်းထောဆိုပြီးယူဆကြလို့ လာဘ်ရွှင်အပင် လို့ခေါ်တယ်
မှော်ပညာမှာကျတော့ တောထန်းရဲ့ အပင်က အမျှင်တွေကို ပယောဂ ပိုက်ကွန်အဖြစ်သုံးရတယ်
၂၉.ဆူးနဲ့ သစ်မင်းပင် တွေဟာ သစ်ကြမ်းကို နိုင်တယ် ဆိုပေမဲ့ တကယ်မနိုင်ဘူး
သူက ပယောဂပညာမှာ ရေသရဲ နဲ့ ရေမီးစုန်းကိုနိုင်လို့ သင်္ဘောတွေမှာရှေးက စိုက်ကြတာ
အပင်ကြီးမျိုး သစ်မင်းကမှ သစ်ကြမ်းသစ်စုန်းကို နိုင်တာ
၃၀.သြ ဇာရွက်သည် ဘုတ်တစ္ဆေ ဆိုတဲ့ ဘူတ ပိသာစ ပူးဝင်နှောက်ယှက်တတ်သော သတ္တဝါရဲ့ စွမ်းအင်ကို တားမြစ်ပေးတယ်

၃၁. ငရုပ်ကောင်းအဖြူစေ့ကို မီးရှို့ အငွေ့ပေးလျှင် မကောင်းဆိုးဝါးနှင့် မှော်စွမ်းအင် ထိခိုက်မှုပျက်ပျယ်သည်
၃၂.ငရုပ်ကောင်းအနက်စေ့ မီးရှို့အငွေ့ပေးခြင်းသည် လာဘ်တိတ်ခြင်းကို
ပျောက်စေသည် ရောဂါရခြင်းကို ကာကွယ်၏
စသည်စသည် …..ရေးပြချင်တာတော့ အားချည်းပဲ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...