ရှေးလူကြီးများတံမြက်စည်းလှည်းနည်း

Astrology
ရှေးလူကြီးများတံမြက်စည်းလှည်းနည်း

ကျွန်တော်ကိုယ်တိုင်လက်တွေ့လုပ်နေပြီးတကယ်ကောင်းတဲ့နည်းလေးပါ!
တံမြက်စည်းနေ့တိုင်းလှည်းနေကြတာပါ လူတိုင်း လူတိုင်း။ဒါပေမယ့် ဒီအတိုင်းလှည်းမှာထက် အခုကျွန်တော်ပြောတဲ့နည်းလေးနဲ့ လှည်းမယ်ဆိုရင် ကုသိုလ်လည်းရကြမယ်၊ယတြာလေးတစ်ခုလည်းခြေပြီးသားဖြစ်စေပါတယ်!

လှည်းနေချိန်မှာ စိတ်ထဲမှ”ယခုလို အမှိုက်များကိုလှည်းရသော အကျိ ု းကြောင့် မိမိ၏စိတ်တွင်ရှိသော အမှိုက်နှင့်တူသော သူတပါးအပေါ်မကောင်းစိတ်များ၊အကုသိုလ်ကိုလိုလားသောစိတ်များ၊မနာလိုစိတ်များ အားလုံး လုံးဝရှင်းလင်း၍ မိမိဘဝတွင် အမှိုက်နှင့်တူသော သံသရာဝဠ်ကြွေများ၊သိစိတ်-မသိစိတ်များဖြင့်ကျ ူ းလွန်မိခဲ့သော အကုသိုလ်များအားလုံး အမှုန်ကလေးတစ်စတောင်မကျန်ဘဲ ရှင်းလင်းသွားပါစေ”ဟု လှည်းနေရင်းနဲ့ ပါးစပ်မှရွတ်ဆိုပေးပါ။

ကျွန်တော်ကတော့ အကြွေးများပေးစရာရှိတဲ့အတွက် “အမှိုက်နှင့်တူသောကြေွးမှီများအားလုံးပါ ကင်းရှင်းပါရစေ”ဟုပါ ဆုတောင်းပါတယ်။ တကယ်ထိရောက်ပါတယ်၊အကြွေးကတဖြည်းဖြည်းနဲ့ကျေ လာပါပြီ။ထပ်ပြီးလုံးဝအကြွေးမတင်တော့ပါဘူး။
ကျွန်တော့်အဖွားကပြောခဲ့တဲ့နည်းလေးပါ။Psycho ဘက်ကကြည့်ရင်လည်း အရမ်းကောင်းတဲ့နည်းပါ!မသိစိတ်ကို အကုသိုလ်ဘက်မရောက်အောင်ထိန်းရာရောက်ပါတယ်။အကုသိုလ် တစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း အလိုလိုနေရင်းမလုပ်ဖြစ်တော့ပါဘူး။တစ်ယောက်ယောက်ကဘေးကနေလာပြောနေသလိုပါဘဲ! အကုသိုလ်မလုပ်နဲ့!ဟု”

အမျိုးသမီးများလည်းလုပ်လို့ရပါတယ်။မိမိအမျိုးသားမှာအကြွေးများရှိရင် အမျိုးသားရဲ့နာမည်ကိုရွတ်ပြီးလုပ်ပေးပါ!ကျွန်တော့်အဖွားကလည်း အဖိုးအတွက် နေ့တိုင်း တံပျက်စီးလှည်းတိုင်းလုပ်ပေးပါတယ်။
အခုတော့အဖွားမရှိတော့ပါဘူး။ဒါပေမယ့်အဖွားပြောခဲ့တဲ့နည်းလေးနဲ့ အခုဆိုကျွန်တော် တော်တော်လေးအဆင်ပြေနေပါပြီ!
ကျွန်တော့်ကိုမေးတဲ့သူအတော်များများကိုလည်း ဒီနည်းလေးပြောဖူးပါတယ်။အားလုံးလိုလိုလည်း အကြွေးကင်းကုန်ကြပါပြီ။လက်တွေ့ပါဘဲ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...