လူတိုင်းအလွယ်တကူလိုက်လုပ်နိုင်မဲ့ ယတြာကောင်းများ

Astrology
လူတိုင်းအလွယ်တကူလိုက်လုပ်နိုင်မဲ့ ယတြာကောင်းများ

1.ကုန်စုံဆိုင်၊ကုန်ခြောက်ဆိုင်များ ရောင်းကောင်းစေသောယတြာ

မနက်တိုင်းပျဉ်းတော်သိမ်(၁၁)ညွှန့်ဖြင့်
ဆိုင်မှာရှိတဲ့ပစ္စည်းတွေကို
အမြန်ရောင်းထွက်ဟုပြောပြီး
(၁၀)ချက်ရိုက်ပါ။

2.ကျန်းမာရေးကောင်းစေရန်ဆောင်ရမည့်ယတြာ
ရတနာတွေမှာဆိုလျှင်ကျောက်စိမ်းဟာ
အသားနှင့်ထိနေရင်ကျန်းမာရေးကောင်းပါတယ်
ဒါ့ကြောင့် ကျောက်စိမ်းဆောင်ပါ။
3.သင်္ဘောသားများ
သင်္ဘောအမြန်တက်နိုင်စေရန်အတွက်
သင်္ဘောသီးအမှည့်တစ်လုံးကိုအလျားလိုက်
ခြောက်စိပ်စိပ်ပြီး လင်ဗန်းထဲထည့်ပါ၊
ထိုအစိတ်များပေါ်တွင်တံခွန်တစ်လက်စီစိုက်ပြီး
ဘုရားမှာကပ်လှူပါ။
4.(သွပ်၊သံ၊သစ်)ဆိုင်များ
အရောင်းအဝယ်ကောင်းစေရန်အတွက်
ဆလပ်ရွက်နဲ့(၇)ချက်တိတိရိုက်ပြီး
ရောင်းထွက်ပါစေလို့ဆုတောင်းပါ။
5.တစ်ခြားလူတစ်ယောက်ကိုလာဘ်ရွှ့င်စေရန်
ပေးရမည့်လက်ဆောင် တလည်းသီး၊လိမ္မော်သီး၊
လိုင်ချီးသီး၊သစ်တော်သီးအဲ့အသီးလေးမျိုးကို
လက်ဆောင်ပေးပါ။
6. အကြွေးပြန်ရစေရေးအတွက်အိမ်ဘုရားမှာ
မုန့်လုံးရေပေါ် (၁၀)လုံးကိုမနက် (၁၀)နာရီမှာ
အိမ်ဘုရားမှာကပ်လှူဆုတောင်းပါ။
7.လုပ်ငန်းပိုင်ရှင်များလာဘ်ရွှင်စေရန်အတွက်
မိမိရုံးကိုခရမ်းရောင်သုတ်(သို့)
ခရမ်းရောင်နဲ့ချုပ်ထားသော
ခေါင်းအုံးသေးသေးလေး(၃)လုံးချုပ်ပြီး
ဧည့်ခန်းမှာထားပါ။
8.ယျော်ကျားဖြစ်စေ၊မိန်းမဖြစ်စေ
ခြေငြိမ်စေရေးအတွက်
ခြေမငြိမ်သူရဲ့ခြေစာမှုန့်ကိုယူ၍
မြေကြီးနဲ့ရောပြီးနေကြာပန်းပင်စိုက်ပါ။
9.ဝန်ထမ်းများလစာတိုး၊ရာထူးတိုးစေရန်
သတင်းစာစက္ကူကိုကတော့ပုံလုပ်ပြီး
ထန်းလျက် (၁၁)ခဲထည့်ကာ
နဂါးရုံဘုရားမှာလှူဒါန်းပေးပါ။
10. ထမင်းဆိုင်များ
ရောင်းကောင်းစေရန်အတွက်
ထမင်းစားပွဲဝိုင်းတိုင်းတွင်
ထန်းလျက်(၁)ဘူးစီ ထားပါ၊
ဘုရားကျောင်းဆောင်တွင်လည်း
ထန်းလျက်ခဲဆွမ်းတော်ကပ်၊
သံဃာတော်များလည်းထန်းလျက်ကပ်လှူပါ။
11. နှစ်ရှည်လများတွဲလာသော
ကိုယ့်ချစ်သူကိုယ့်ကိုပစ်သွားခဲ့ရင်
ရိုးအီသွားခဲ့ရင် ကိုယ့်ဆီပြန်လာစေရန်အတွက်
နှင်းဆီပန်းအနီတစ်ပွင့်မှာ
ကိုယ့်ချစ်သူရဲ့ အဝတ်(သို့)ဓာတ်ပုံကို
ညာဘက်လက်နဲ့ကိုင်ပြီးဘယ်ဘက်လက်ဖြင့်
အမြန်ဆက်သွယ်ဟု (၉)ချက်ရိုက်ပါ။
12. ဘိုးဘွားပိုင်အိမ်၊မြေရောင်းချလျှင်
အဆင်ပြေချောမွေ့စေရန်အတွက်
ညနေ (၆) နာရီမိမိခြံ၏မြေကြီးပေါ်တွင်
ဖယောင်းတိုင်(၃)တိုင်၊အမွှေးတိုင်(၃)တိုင်ထွန်း၍
ပရလောကသားများအားအမျှပေးဝေ၊
မေတ္တာပို့ပြီးမှအိမ်၊ခြံရောင်းဖို့ခွင့်တောင်းပါ။
13.နိုင်ငံခြားမှငွေပို့
အဆက်အသွယ်ရစေရန်အတွက်
ရွှေဖရုံသီးတစ်လုံးကိုဝယ်ပြီး
တစ်ခြမ်းကိုချက်စားပြီး
နောက်တစ်ခြမ်းမှာထုံးနဲ့
နိုင်ငံခြားရောက်သူရဲ့အမည်ရေးပြီး
အင်္ဂါနေ့ နံနက်စောစောမှာ
ဘုရားတစ်ဆူရဲ့အင်္ဂါထောင့်မှာ
ထိုသူရဲ့အသက်စေ့ရေသပ္ပါယ်ပြီး
ရွှေဖရုံသီးကိုဘုရားမှာလှူပြီးဆုတောင်းပါ။
14.မလာစေချင်သော
ဧည့်သည်မလာစေ ရန်အတွက်
အိမ်ရှေ့တံခါးမကြီးရဲ့ဘေးမှာ
တံမြက်စည်းကိုပြောင်းပြန်လှန်ထောင်ထားပါ၊
ညနေပိုင်းမှသာလုပ်ပါ။
15.အိမ်အေးချမ်းစေရန်အတွက်
မြတ်စွာဘုရားကိုရေသပ္ပါယ်ပေးပါ၊
သောက်တော်ရေလဲပေးပါ၊
ခနခနလုပ်နိုင်သလောက်လုပ်ပါ။
16.မိမိအိမ်၊ရုံး၊ဆိုင်ခန်းလာဘ်ရွှင်စေရန်အတွက်
ကျပ်စေ့တစ်စေ့ရှာပြီး
ခြင်္သေ့ဘက်ခြမ်းကိုသံချွန်နဲ့“က” လို့ရေးပြီး
ကြေးဖလားတစ်လုံးတည်းထည့်၊
ရေနည်းနည်းထည့်ပြီး
ဒိဝါတပတိဂါထာကို (၉)ခေါက်ရွတ်ဆိုပေးပါ။
17.အင်တာဗျူးဖြေဆိုမည့်သူများအတွက်
မိမိရဲ့ညာဘက်လက်နဲ့
ကျောက်စလစ်ခဲ့တစ်ခဲကိုကိုင်ပြီး
“လောကဝိဒူ” ဂုဏ်တော်ကို
(၁၀၈)ခေါက်ရွတ်ဆိုပြီးအင်တာဗျူးဖြေတဲ့အခါ
အဆောင်အဖြစ်ယူသွားပါ။
18.ယောက်ျားအနားကပ်စေရေးအတွက် နားကပ်ရေစိမ်တိုက်ပါ။
လင်ဗန်းထဲနားကပ်ထည့်၊
19.အိမ်ပူ၊အလုပ်ပူလျှင်လုပ်နိုင်ရန်အတွက်
အစိမ်းရောင်ဖရောင်းတိုင် (၅) တိုင်ကို
ဆက်တိုက် ဧည့်ခန်းမှာထွန်းပါ။
20.နှစ်ရှည်လများအိပ်ယာထဲလဲနေသောလူ
အမြန်ပြန်ကောင်းစေရန်အတွက်
ကြက်ဥ (၁၀) လုံးနှင့်ကြာဇံ (၁) စည်းကို
လူနာ၏အိပ်ယာဘေးမှာခုံလေးနဲ့ထားပေးပါ။
21.အငယ်နှောင်းထားကွဲကြစေသား
ခင်ပွန်းနှင့်အငယ်နှောင်း၏အမည်ကို
စာရွက်တွင်ရေးချပြီးဖယောင်းတိုင်မှာပတ်ပါ၊
နံသာဖြူ၊နံသာနီကိုအဆစ်ဆီဖြင့်ရောသွေးပြီး
စာရွက်ပတ်ထားသောဖယောင်းတိုင်တွင် သုတ်လိမ်းပေးပါ
ပြီးလျှင်အိုးခြမ်းပဲ့ပေါ်တင်၍မီးထွန်းပါ။
22.မိမိရွေးထားသောအိမ်ထောင်ဖက်အား
မိသားစုမှသဘောတူစေရန်
ဌက်ပျောသီးအစိမ်းတစ်လုံးပေါ်တွင်
သံချွန်ဖြင့်အဖျားမှအရင်းတိုင်အောင်
သဘောတူစေရန်ဆုတောင်းစာရေးပြီး
ဌက်ပျောသီးကိုလမ်းမှာစွန့်ပစ်ပေးပါ။
23.အရောင်းအဝယ်ကောင်း
(ဖောက်သည်တိုးစေရန်)
ဆင်ရုပ်တစ်ရုပ်ကိုချိတ်ဆွဲထားခြင်း၊
မိမိအလုပ် စားပွဲပေါ်တွင်
တင်ထားခြင်းတို့ပြုလုပ်ပေးရင်
ဖောက်သည်ပေါ၊ရောင်းကောင်းစေပါတယ်။
24.ဝင်ငွေများအဖတ်တင်စေရန်အတွက်
ငါးသေတ္တာတစ်ဗူးဝယ်ပြီး
အဲ့ဒီဗူးပေါ်မှာဖယောင်းတိုင်ထွန်းပြီး
ဝင်ငွေမြဲစေဖို့ဆုတောင်းပေးပါ။
25.တင်္နလာနံပစ္စည်းများ
ရောင်းထွက်စေရန်အတွက်
နံနက် (၁၀) နာရီအချိန်တွင်
စျေးကောင်းကောင်းနှင့်
အမြန်ရောင်းထွက်ဟုဆိုပြီး
သံတုတ်နှင့် (၁၃) ချက်ရိုက်ပါ။
သံတုတ်မရှိလျှင်သနပ်ရွက်နှင့်ရိုက်ပါ။
26. အင်္ဂါနံပစ္စည်းများ
ရောင်းထွက်စေရန်အတွက်
နံနက် (၈) နာရီအချိန်အတွင်
စျေးကောင်းကောင်းနှင့်
အမြန်ရောင်းထွက်ဟုဆိုပြီး
ထအောင်းနှင့် (၈)ချက်ရိုက်ပါ။
ထအောင်းမရှိလျှင် ဒန်အိုးနှင့်ရိုက်ပါ။
27. ဗုဒ္ဓဟူးနံပစ္စည်းများ
ရောင်းထွက်စေရန်အတွက်
နေ့လည် (၃) နာရီအချိန်တွင်
စျေးကောင်းကောင်းနှင့်
အမြန်ရောင်းထွက်ဟုဆိုပြီး
အင်ကြင်းနှင့်(၁၂)ချက်ရိုက်ပါ။
အင်ကြင်းမရှိလျှင် အင်္ကျီနှင့်ရိုက်ပါ။
28.ကြာသပတေးနံပစ္စည်းများ
ရောင်းထွက်စေရန်အတွက်
နံနက် (၅) နာရီအချိန်တွင်
စျေးကောင်းကောင်းနှင့်
အမြန်ရောင်းထွက်ဟုဆိုပြီး
ကန်စွန်းညွှန့် (၅)ညွှန့်နှင့်
(၅) ချက်ရိုက်ပေးပါ။
29.သောကြာနံပစ္စည်းများ
ရောင်းထွက်စေရန်အတွက်
နံနက် (၇)နာရီအချိန်တွင်
စျေးကောင်းကောင်းနှင့်
အမြန်ရောင်းထွက်ဟုဆိုပြီး
ဆလပ်နှင့် (၇) ချက်ရိုက်ပါ။
30.အသက်ကယ်ယတြာ
သင်္ဘောသီးအစိမ်းတစ်လုံးပေါ်တွင်
ကြက်လျှာရောင်စုံ (၉) လက်စိုက်ပြီး၊
ထိုကြက်လျှာပေါ်တွင်ဆုတောင်းစာရေးပြီး
အလယ်တွင်ဖယောင်းတိုင်ထွန်းဆုတောင်းပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...