သင့်လက်မကပြောသော သင့်အကြောင်း

Astrology
သင့်လက်မကပြောသော သင့်အကြောင်း

ထိပ်ချွန်တဲ့လက်မ

ထိပ်ချွန်တဲ့လက်မဟာ အင်အားနည်းပါးသူတွေရဲ့လက်မှာ တွေ့ရတယ် အားနည်းတဲ့ရောဂါရတက်တယ် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလဲ အားနည်းကြတယ် လုပ်ငန်းတစ်ခုခုလုပ်ရင်လဲ အဆုံးမသတ်ကြဘူး အလုပ်အကြွေးတွေထားတယ် တစ်ပိုင်းတစ်စနဲ့လဲ ရပ်ပစ်တက်ကြတယ်

ထိပ်ကားတဲ့လက်မ

ထိပ်ကားတဲ့လက်မပါရှိသူဟာ (လေးထောင့်စပ်စပ်ကိုမှ လက်မထိပ်လေးဟာ ကားနေမယ်) ဘာအလုပ်ပဲလုပ်လုပ် စနစ်တကျ ၊ စည်းကမ်းတကျ လုပ် တက်ကိုင်တက်တယ် အလုပ်ကိုလဲ အကြွေးမထားဘူး ဘယ်အရာကိုမှလဲ လွန်လွန်ကဲကဲမလုပ်ကြဘူး မျှတတဲ့သဘောရှိတယ် ခိုင်မာတဲ့စိတ်ထားတွေရှိကြတယ်

တင်းပုတ်လက်မ

တင်းပုတ်လက်မဟာ လွန်လွန်ကဲကဲ ဖြစ်တက်တယ် အများက တင်းပုတ်လက်မကို လူ that လက်မ လို့လဲ ခေါ်ကြပါတယ် တကယ်က မဟုတ်ပါဘူး တင်းပုတ်လက်မရှိသူတွေဟာ ဒေါသကြီးတယ် ဒေါသဖြစ်ပီဆိုရင်လဲ လက်ပါတက်တယ် ပစ္စည်းတွေနဲ့ ထု တက် ရိုက်နှက်တက်တယ် လုပ်ပီးသွားရင်လဲ နောင်တအရမ်းရနေတက်တယ် အစားအသောက်ကြီးတယ် ၊ ကာမဆန္ဒမက်မောကြတယ် အလုပ်ကြမ်းလုပ်ရတက်တယ်

ထိပ်ပါးတဲ့လက်မ

ထိပ်ပါးတဲ့လက်မရှိသူတွေဟာ အရမ်းစိတ်မြန်တယ် ဆုံးဖြတ်ချက်ချတာမြန်တယ် သေချာမစဉ်းစားပဲ အလျင်အမြန်ချမိတော့ ဆုံးဖြတ်ချက် အမှားတွေ ချမိတက်တယ် လုပ်ငန်းတစ်ခုကို ဘယ်တော့မှ အဆုံးမသတ်တက်ဘူး ကောက်ရိုးမီးပုံစံလုပ်တက်တယ် ရေရှည်ဘာမှ မလုပ်ဘူး ဒါကြောင့်ရေရှည်ဇောက်ချလုပ်ရတဲ့အလုပ်တွေမလုပ်သင့် ဘူး တစ်ပွဲထိုးအလုပ်တွေနဲ့အောင်မြင်တက်တယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...